What's New




Friday, 18 August 2023 18:57

သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်း ဝင်ခွင့်လမ်းညွန်

သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် 

ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်း

ဝင်ခွင့်လမ်းညွန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် 

ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်း

ဝင်ခွင့်လမ်းညွန်

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊

 ကျန်းမာရေးဝန်ကြီးဌာန 


၁။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု/သားဖွား/နှီးနွှယ်သင်တန်းကျောင်းများ တွင် ၂၀၂၄ ပညာသင်နှစ် (၂-၁-၂၀၂၄) ရက်နေ့တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်း နှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ရမှတ်များမှ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ) ၃ ဘာသာ ရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည် ဖြစ်ပါသည်။ 

 

၂။ အရည်အချင်းသတ်မှတ်ချက်

 

 လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။ 

 

(ခ) တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်၊

(၂၀၂၃ ခုနှစ်၊ မတိုင်မီ အောင်မြင်သူများသာ လျှောက်ထားရမည်။ ၂၀၂၃ ခုနှစ်၊ မတ်လ တွင် ဖြေဆိုအောင်မြင်သူများ လျှောက်ထားခြင်း မပြုရ။)

 

(ဂ) လျှောက်လွှာ ပိတ်သည့် ( ၁၃ - ၁၀ -၂၀၂၃)ရက်နေ့တွင် အသက်( ၂၅)နှစ်ထက်မကြီးရ။ 

(တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ပါမွေးနေ့သက္ကရာဇ်အတိုင်းသာအတည်ပြုမည်)

 

(ဃ) ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။ 

 

(င) အိမ်ထောင်မရှိသူ ( အပျို / လူပျို ) ဖြစ်ရမည်။

 

(စ) အနည်းဆုံး အရပ်( ၅ )ပေ ရှိရမည်။ 

(အရပ်(၅)ပေ မပြည့်မီသူများ လျှောက်ထားခြင်း လုံးဝ မပြုပါရန်)

 

(ဆ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

 

(ဇ) သင်တန်းအောင်မြင်ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်။

 

(ဈ) သင်တန်းတက်ရောက်စဉ် ပညာသင်ထောက်ပံ့ကြေး ( ၁ )လလျှင် ကျပ်( ၃၀၀၀၀/- ) (ကျပ်သုံးသောင်း)တိတိ ချီးမြှင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း ပျက်ကွက်လျှင် ဖြစ်စေ၊ သင်တန်းကိုပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အတွက် ကျပ် (၈၀၀၀၀၀/-) ( ကျပ်ရှစ်သိန်းတိတိ )၊ ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း အတွက် ကျပ်( ၃၀၀၀၀၀/-)(ကျပ်သုံးသိန်းတိတိ) ပေးလျော်နိုင်သူ ဖြစ်ရမည်။

 

(ည) သင်တန်းအောင်မြင်ပြီး (အမှတ်ဖြင့်/ အထူးကိစ္စရပ်ဖြင့်ရွေးချယ်) သူများကို နိုင်ငံ့ဝန်ထမ်း အဖြစ် ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို/ လိုအပ်ချက်ရှိသော တိုင်းဒေသကြီး/ပြည်နယ် တွင် အနည်းဆုံး(၃)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံကတိ ရေးထိုးရမည် ဖြစ်သည်။

 

လျှောက်လွှာပေးပို့ရန်

 

(က) လျှောက်လွှာကို (ကျန်းမာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့၏ အင်တာနက်စာမျက်နှာတွင်) ရယူပြီး ပြည့်စုံ၊ တိကျ၊ ပီသစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ပူးတွဲပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ သည့် စာစစ်ဌာန တည်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့သာ လိပ်မူ၍ လျှောက်လွှာပိတ်ရက် (၁၃-၁၀-၂၀၂၃)ရက်နေ့ထက် နောက်မကျစေဘဲ လျှောက်ထားရမည်။ 

(နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ လိပ်မူ၍ တိုက်ရိုက် လျှောက်ထားခြင်း မပြုရ)

 

(ခ) လျှောက်လွှာနှင့်အတူ အောက်ပါ အထောက်အထားများကို ပူးတွဲပေးပို့ရမည်-

 

 ၁။ မြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မိတ္တူ) ( ၁ )စောင်။

 

၂။ မြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေးသည့်တက္ကသိုလ်ဝင်တန်းအောင်ရမှတ်စာရင်း(မူရင်း) ( ၁ ) စောင်။

 

၃။ နိုင်ငံသားစိစစ်ရေးကတ်ပြား ( မိတ္တူ ) ( ၁ )စောင်။

 

၄။ ပြစ်မှုကင်းရှင်းကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း ထောက်ခံစာ (မူရင်း)(၁)စောင်။

 

၅။ အိမ်ထောင်မရှိသူ၊ အပျို/လူပျို ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်(သို့) ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှူးရုံး(အုပ်ချုပ်ရေးမှူး/အတွင်းရေးမှူး)၏ထောက်ခံစာ (မူရင်း) (၁)စောင်။ 

 

၆။ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ ကုသရေးဦးစီးဌာန၏ ဆေးထောက်ခံစာ(မူရင်း) (၁)စောင်။

 

၇။ ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင်( သင်တန်းတက်ခွင့် ရရှိပါက) တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း သက်ဆိုင်ရာဌာနအကြီးအမှူး၏ ထောက်ခံစာ(မူရင်း) (၁)စောင်။

 

၈။ လျှောက်လွှာပုံစံနှင့် ကတ်ပြားတွင် လိုင်စင်ဓါတ်ပုံ(၁)ပုံစီ ကပ်ပြီး အပို(၁)ပုံတွဲ၍ ပေးပို့ရမည်။ 

( ၆-လ အတွင်း ရိုက်ကူးထားသော ပီပြင်ထင်ရှားသည့် ပတ်စ်ပို့အရွယ် ဓါတ်ပုံ ဖြစ်ရမည်။ ဓါတ်ပုံ နောက်ကျောတွင် လျှောက်ထားသူအမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ မိဘ အမည်၊ နေရပ်များ ရေးရမည်။)

 

မှတ်ချက်။ ထောက်ခံစာများအားလုံးတွင် ထောက်ခံပေးသူ၏အမည်၊ လက်မှတ်၊ ရာထူး တံဆိပ်တုံး၊ ရုံး တံဆိပ်ဝိုင်း ပါရှိရမည်။

 

၄။ သင်တန်းတက်ခွင့်ရရှိပါက တက္ကသိုလ်/ကောလိပ်/အဝေးသင် တက်နေသူဖြစ်လျှင် သင်တန်း ကာလအတွင်း(တက္ကသိုလ်/ကောလိပ်/အဝေးသင်)ပညာသင်ရပ်နားခွင့်ပြုကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်/အကြီးအကဲ၏ ထောက်ခံစာမူရင်းကို တက်ခွင့်ရမည့် သင်တန်းကျောင်းသို့ ပေးအပ်နိုင်ရမည်။

 (သင်တန်းတက်စဉ်ကာလအတွင်း အခြားမည်သည့်လက်မှတ်ရ သင်တန်း မဆို လုံးဝ တက်ခွင့်မပြုပါ)။

 

၅။ အောက်ပါအချက်များနှင့်ငြိစွန်းသည့် ာက်လွှာကိုရွေးချယ်ရေးလုပ်ငန်းစဉ်တွင်လုံးဝ(လုံးဝ) ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ- 

 

(က) ရှင်းလင်းပီသစွာနှင့် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း မရှိသည့် လျှောက်လွှာများ။

 

(ခ) သတ်မှတ်ချက် စာရွက်စာတမ်း မပြည့်စုံသည့် လျှောက်လွှာများ။ 

 

(ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လိပ်မူ၍ လျှောက်ထားခြင်း မရှိသည့် လျှောက်လွှာများ၊

(လျှောက်လွှာစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်၍)

 

(ဃ) လျှောက်လွှာ ပိတ်ရက်ထက် နောက်ကျ ပေးပို့သည့် လျှောက်လွှာများ။ သင်တန်း တက်ခွင့်ရအမည်စာရင်းများကြေညာခြင်း။

 

၆။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အောက်ပါဌာနများ၌ ကြေညာထားပါမည်-

 

(က) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်။

 

(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန။

 

(ဂ) တက်ခွင့်ရသည့်သက်ဆိုင်ရာ သင်တန်းကျောင်းများ။

 

မှတ်ချက်။ သင်တန်းစတင်ဖွင့်လှစ်ပြီး (၂)ပတ်အတွင်း သတင်းပို့ တက်ရောက်ခြင်း မရှိက သင်တန်းတက်ခွင့် စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။) 

 

၇။ သင်တန်းတက်ခွင့်ရရှိပါက တက်ခွင့်ရသည့် သင်တန်းကျောင်းသို့ရောက်လျှင် သင်တန်းကျောင်း၏ ကျန်းမာရေးစစ်ဆေးရေးကော်မတီမှ ထပ်မံ ကျန်းမာရေးစစ်ဆေးခြင်း၊ အရပ်(၅)ပေပြည့်မီခြင်း ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ချက် အောင်မြင်မှသာ သင်တန်း တက်ခွင့် အတည်ပြုမည် ဖြစ်သည်။

 

အသေးစိတ်သိလိုပါကအောက်ပါ ဌာနများတွင် ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်- 

 

(က) သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန။ 

 

(ခ) နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန။ (သူနာပြုဌာန)

(ဖုန်း- ၀၆၇-၄၁၁၁၄၈၊ ၄၁၁၁၄၉၊ လိုင်းခွဲ-၈၀၈၊ ၈၃ဝ)။

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန

 

1_photo_2023-08-18_18-49-52.jpg

 

2_photo_2023-08-18_18-50-08.jpg

 

3_photo_2023-08-18_18-50-17.jpg

4_photo_2023-08-18_18-50-26.jpg

 

5_photo_2023-08-18_18-50-35.jpg

 

 

 

 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 18 August 2023 19:00
Rate this item
(0 votes)