What's New




Friday, 10 November 2023 13:23

ဆင်တုပ်ကွေးအတွက် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေး အမေရိကန် အတည်ပြု

ဆင်တုပ်ကွေးအတွက် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေး အမေရိကန် အတည်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 Chikungunya (ချင်ကန်ဂူညာ ဆင်တုပ်ကွေး ရောဂါ)သည် ခြင်မှ ကူးစက်‌သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ ၎င်းဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော ခြင်က ကိုက်သည်ကို ခံရသည့်အခါ အကိုက်ခံရသူထံ ပိုးများ ကူးစက်ပါသည်။ ယခုအခါ ကာကွယ်ဆေးထိုးဆေးကို ထုတ်လုပ်နိုင်ပြီ ဖြစ်ပါသည်။

 

ကမ္ဘာ့ပထမဆုံး chikungunya ချင်ကန်ဂူညာ ဆင်တုပ်ကွေး အတွက် ကာကွယ်ဆေး ထိုးဆေးကို ကြာသပတေးနေ့(နိုဝင်ဘာ ၉)တွင် အမေရိကန်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်။

 

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration FDA  က ဆင်တုပ်ကွေးကို  ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဟု သတ်မှတ်ထားပါသည်။

 

၎င်းကာကွယ်ဆေးကို ဥရောပရှိ Valneva မှ ထုတ်လုပ်ပြီး Lxchiq အမည်ဖြင့် စျေးကွက်တင်ရောင်းချမည် ဖြစ်ပါသည်။

အသက် ၁၈ နှစ်နှင်အထက်အတွက် FDA က အတည်ပြု ခွင့်ပြုထားပါသည်။

ဆင်တုပ်ကွေးသည် အဖျားတက်ခြင်း၊ အဆစ်အမြစ်များ အပြင်းအထန် ကိုက်ခဲခြင်း၊ တကိုယ်လုံး ကိုက်ရိုက်ခံထားရသည့်နှယ် ဝေဒနာ ခံစားရစေပါသည်။ 

အာဖရိက၊ အရှေ့တောင် အာရှတို့တွင် အဖြစ်များပါသည်။

 

ကာကွယ်ဆေးကို တကြိမ်သာ ထိုးနှံရပါသည်။ အားချည့်နဲ့သည့် ဆင်တုပ်ကွေး ဗိုင်းရပ်စ် ပါဝင်ပါသည်။ သို့ဖြစ်ရာ ဆေးထိုးပြီးသည့်အခါ ခေါင်းကိုက်ခြင်း၊ အလိုလို ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း၊ အဖျားတက်ခြင်းနှင့် ပျို့အန်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားမည် ဖြစ်ပါသည်။ 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 10 November 2023 13:25
Rate this item
(0 votes)