What's New




Wednesday, 22 November 2023 11:34

ရုရှားဆေးဝါးကုမ္ပဏီတစ်ခုက မြန်မာအပါအဝင် အရှေ့တောင်အာရှ ဈေးကွက်သို့ ဝင်ရောက်မည်

ရုရှားဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်သည့် Binnopharm Group သည် လာမည့် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် အရှေ့တောင် အာရှစျေးကွက်သို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Rustem Muratov က ပြောသည်။

အထူးသဖြင့် Binnopharm Group သည် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် ဈေးကွက်များသို့ ဝင်ရောက်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်သည့် အလားအလာကိုလည်း အကဲဖြတ်လျက် ရှိကြောင်း သိရသည်။ 

ကုမ္ပဏီအနေဖြင့် အဆင်သင့်ဖြစ်လျှင် အရှေ့တောင်အာရှိ နိုင်ငံအားလုံး၌ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ချက်ချင်း စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Muratov က ပြောကြားခဲ့သည်။

 

Advertisement

Click Here > Leo

 

၎င်း၏ အဆိုအရ ကုမ္ပဏီသည် Binnopharm Group သည် တရုတ်နိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့ပြီး တရုတ်ဈေးကွက်တွင် ရောင်းချမည့် ဆေးဝါးထုတ်ကုန်စာရင်းကို သတ်မှတ်ခဲ့ပြီး ဖြစ်ကာ လာမည့် လအနည်းငယ်အတွင်း အရှေ့တောင်အာရှတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

ရုရှားနိုင်ငံတွင် အကြီးဆုံး ဆေးဝါးထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည့် Binnopharm Group ကို ၂၀၂၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းတွင် ဆေးဝါးအမျိုးအစားများစွာ ထုတ်လုပ်သော စက်ရုံ (၅) ခု ရှိကာ ထုတ်ကုန် (၂၀) ရာခိုင်နှုန်းသည် Binnopharm ၏ ကိုယ်ပိုင်ဆေးဝါး ပါဝင်ပစ္စည်းများမှ ထုတ်လုပ်ခြင်း ဖြစ်သည်။

Binnopharm Group မှ ထုတ်လုပ်သော ဆေးဝါးများသည် ရုရှားနိုင်ငံမှ ဆေးဝါးစျေးကွက်၏ တင်ဒါနှင့် လက်လီရောင်းချမှု အပိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၁၄) နိုင်ငံသို့လည်း တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

Source : Russian News Agency

Read times Last modified on Thursday, 21 December 2023 19:21
Rate this item
(0 votes)