What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 January 2018 13:01

Probiotic ပါဝင်သော water kefir ပြုလုပ်နည်း

Probiotic ပါဝင်သော water kefir ပြုလုပ်နည်း google.com

Water Kefir ဟာ ကိုယ်အိမ်၌ ကိုယ်တိုင်လုပ်သောက်၍ရသော probiotic ဆေးတမျိုးဖြစ်ပါ ကြောင်းတွေ့ရှိရပါတယ်

၊ နီုင်ငံတကာတွင်လည်း တွင်ကျယ်စွာကိုယ်တိုင်လုပ်၍သောက်သုံးနေကြ သည်ကိုတွေ့ရှိရပါတယ်၊ မြန်မာနိုင်ငံ၌လည်း ဈေးကြီးပေးဝယ်နေရသော probiotic ဆေးဝယ်ယူသောက်သုံးနေမည့်အစား အိမ်တွင်အလွယ်တကူပြုလုပ်နိုင်ပါတယ်။

Water Kefir ဟာ နိုင်ငံတကာမှာ Probiotic ဆေးအစား ထိုးသုံးစွဲနေကြတဲ့အပြင် တချို့ရောဂါဝေဒနာတွေကိုသက်သာပျောက်ကင်းနိုင်ကြောင်းတွေ့ရှိရသည့်အတွက် တန်ဖိုးနည်းနည်းနှင့် ငွေကုန်ကြေးကျသက်သာနိုင်အောင် Water Kefir ပြုလုပ်နည်းကို အောက်တွင်ဖော်ပြ ပေးလိုက်ပါတယ်။

Water Kefir ပြုလုပ်နည်း

ပထမဆုံး Water Kefir မပြုလုပ်ခင် နိုင်ငံတကာတွင် သုံးသောအတိုကောက်စာလုံးလေးများကို မှတ်ထားသင့်ပါတယ်……

WK     =Water Kefir

MK     =Milk Kefir

WKG   =Water Kefir Grains

MKG   =Milk Kefir Grains

1F      =First Fermentation without fruits (ပထမအဆင့်အချဉ်ဖောက်ခြင်း သစ်သီးမပါ)

2F      =Second Fermentation with fruit (ဒုတိယအဆင့် သစ်သီးများဖြင့်အချဉ်ဖောက်ခြင်း)

ယခုမှစတင်ပြုလုပ်မည့်သူများအတွက် မပြုလုပ်ခင်ကြိုတင်စုဆောင်းရမည့်ပစ္စည်းများအား ဖော်ပြပေးလိုပါတယ်။

၁။ အဖုံးပါသော ဖန်ပုလင်း ၂ လုံး

၂။ အဝကျယ် ၁ လီတာခန့်ဆန့်မည့် ဖန်ဘူးတစ်လုံး

၃။ ပလပ်စတစ်ဇွန်းရှည် (သို့) သစ်သားဇွန်းအရှည်

၎။ ပလပ်စတစ်ဇကာ

၅။ ပလပ်စတစ်ကတော့

စတီးဇွန်း၊ သံဇွန်း၊ ပလပ်စတစ်ပုလင်းများအသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်။ ၎င်းပစ္စည်းများသည် Kefir grains များရှင်သန်ပေါက်ဖွားခြင်းကို နှောင့်နှေး/ သေကြေနိုင်ပါတယ်။

Water Kefir ပြုလုပ်ရာတွင် အဆင့် ၂ ဆင့်ဖြင့် အများဆုံးပြုလုပ်ကြပြီး အချို့ကပထမအဆင့်တွင်ပင် သောက် သုံးကြပါတယ်။အချို့ကတော့ ဒုတိယအဆင့်ထိ ပြုလုပ်ပြီးသောက်ကြပါတယ်။ Water kefir အတွက်ပထမ အဆင့်တွင့် သကြား , ရေ , Kefir grains တို့ဖြင့် အခန်းအပူချိန်တွင် ၂၄ နာရီထားပြီးနောက် ရရှိလာသော အရည်ကို သိမ်းဆည်းထားမည့် ဖန်ပုလင်းထဲသို့ စစ်ထည့်၍ ရေခဲသေတ္တာတွင် ထည့်သိမ်းနိုင်ပါတယ်။ ကျန်ရှိ သော Kefir grains များကို နောက်တဖန်အသစ်ပြုလုပ်နိုင်ပါတယ်။

ဒုတိယတဆင့်အနေဖြင့် ပထမအဆင့်မှ စစ်၍ရရှိထားသော Kefir ရေပုလင်းထဲသို့ မိမိတို့ကြိုက်နှစ်သတ်သော အသီးများကို ထည့်၍ နောက်ထပ်အခန်းတွင်းအပူချိန်၌ ၂၄ နာရီ (သို့) ၄၈ နာရီ ထားပြီး နောက်ရရှိလာသော အရည်ကိုစစ်၍ သောက်သုံးနိုင်ပါတယ်။

ပထမအဆင့်အချဉ်ဖောက်ခြင်း 1F ( First fermatation)

၁။ WK Grain ထမင်းစားဇွန်းတဇွန်း

၂။ သကြား ထမင်းစားဇွန်းတဇွန်း၊

၃။ ရေ ၂၅၀ မီလီလီတာ

ပထမဦးဆုံးသကြားကို အရင်ပျော်အောင် ရေပူအနည်းငယ်ဖြင့်ဖျော်ပါ။ သကြားအရည်ပျော်ပြီဆိုပါက ရေကျက် အေး ၂၅၀ မီလီလီတာနှင့်ရော၍ ဖန်ပုလင်းထဲသို့ ထည့်မွေပေးပါ။ ပြီးနောက် Kefir Grains တဇွန်းစာကို ပုလင်း ထဲသို့ထည့်၍ သန့်ရှင်းသော အဝတ်စဖြင့်အုပ်ပြီး သရေကွင်းနှင့်စည်းထားပါ။ အားလုံးပြီးပါက Water Kefir ဖန်ဘူးအား အခန်းတွင်းအပူချိန်၌ ၂၄ နာရီ (သို့) ၄၈ နာရီထားရပါမည်။နေရောင်ခြည်တိုက်ရိုက်ထိသော နေရာ၌ မထားရပါ။ အခန်းတွင်းအပူချိန်၌ ၂၄ နာရီပြည့်သောအခါ ပြောင်းလဲထည့်မည့် အခြားဖန်ဘူး/ ပုလင်းဝ ၌ ပလပ်စတစ်ကတော့ကပ်၍ ကတော့အပေါ်မှာ ပလပ်စတစ်ရေစစ်ကိုတင်ပြီး ပြောင်းထည့်ပါ။

ပြောင်းထည့်ပြီးရရှိလာသော water kefir အရည်ကိုမိမိတို့ကြိုက်နှစ်သက်သည့်အချိန်တွင် သောက်သုံးနိုင်ရန် ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားနိုင်ပါတယ်။ရေစစ်၌ ကျန်ရှိနေသော Kefir Grains များကို အစမှစ၍ အသစ်တဖန်ပြန်လည်ပြုလုပ်နိုင်ပါတယ်။

(မှတ်ချက်)။     ။ ၂၄ နာရီပြည့်၍ ပုလင်း/ ဖန်ဘူးအသစ်သို့ပြောင်းလဲမထည့်မှီ Kefir ရေကို အရင်မြည်းကြည် ပါ။ အချိုဓာတ်များသည်ဟု ထင်ပါက နောက်ထပ် ၆ နာရီ (သို့) ၁၂ နာရီ မိမိတို့ကြိုက်နှစ်သက်သည့် အရသာ ရသည်အထိ ၄၈ နာရီအထိထားနိုင်ပါတယ်။သတိပြုရန်မှာ - အချိန်ကြာသည်နှင့်အမျှ alcohol အရက်ဓာတ်ပါဝင်လာနိုင်ပါတယ်။

ဒုတိယအဆင့်အချဉ်ဖောက်ခြင်း 2F (Second Fermentation)

ပထမအဆင့်ရရှိလာသော Kefir ရေကို မိမိတို့ကြိုက်နှစ်သက်ရာ အသီးတခုခု ၊ အသီးခြောက်တခုခု၊ အသီးဖျော်ရည်အဆီ တိုကို kefir ရေ၏ ၁၀ ရာခိုင်နှုန်းခန့်ထည့်ပြီး အဖုံးကိုတင်းကျပ်စွာ ပိတ်၍ အခန်း တွင်းအပူချိန်၌ နောက်ထပ် ၂၄ နာရီ သို့မဟုတ် ၄၈ နာရီ ထားပါ။ ၂၄ နာရီပြည့်ပါက ဖန်ပုလင်းအသစ်သို့ ပလပ်စတစ်ကတော့/ ရေစစ်တိုဖြင့် ပြောင်းလဲထည့်ပြီး ရေခဲသေတ္တာထဲသို့ ထည့်သိမ်းနိုင်ပါတယ်။

မှတ်ချက်။        ။ kefir grains များသည် သစ်သီးမှ အချိုဓာတ်နှင့် သကြားဓာတ်တို့ကိုစားပြီး lacticacid , alcohol (ethanol) နှင့် carbon dioxide တို့ကို ထုတ်လုပ်ပေးသောကြောင့် kefir ရေသည် ဂတ်စ်အနည်းငယ် ပါဝင်သောကြောင့် ( carbonated drink ) ဖြစ်ပါသည်။ ထို့ကြောင့် ဒုတိယ အဆင့်၌ တင်းကျပ်စွာပိတ်ထားသော ပုလင်းအဖုံးကို အကြာခဏဖွင့်ပေးပြီး ပြန်ပိတ်သင့်ပါတယ်။                   (အနည်းဆုံး ၈ နာရီ တကြိမ်ဖွင့်ပေးသင့်ပါတယ်)

သစ်သီးထည့်စိမ်သည့်အခါ Kefir ရေကိုပုလင်း အပြည့်မဖြစ်စေရပါ။ လေဟာနယ်ချန်ထားပေးရပါမည်။

Read: Probiotics ရရှိခြင်း၏ ကောင်းကျိုးများ

Read times Last modified on Friday, 12 January 2018 15:05
Rate this item
(4 votes)