What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 January 2018 12:08

လံုးဝအစိမ္းစားလွ်င္ အႏၱရာယ္ျဖစ္နုိင္ေသာ အစားအစာမ်ား

လံုးဝအစိမ္းစားလွ်င္ အႏၱရာယ္ျဖစ္နုိင္ေသာ အစားအစာမ်ား google.com

ေန႔စဥ္အလုပ္တာဝန္ေတြနဲ႔ မအားတာေၾကာင့္ တစ္ေၾကာင္း၊ ျဖစ္သလိုစားတတ္တာေတြေၾကာင့္ မျဖစ္သင့္တဲ့ေရာဂါမ်ား ျဖစ္ေနၾကတယ္ထင္ပါတယ္။

တခ်ိဳ႕ အစားအစာေတြကို ေရေဆးၿပီးအစိမ္းစားလို႕ ရေပမဲ့ ၊တခိ်ဳ႕ေအာက္ပါ အစားအစာေတြကေတာ့ ဒီတိုင္းစားလွ်င္ က်န္းမာေရးကိုဆိုးရြားစြာထိခိုက္နိုင္ပါတယ္။

အာလူး(POTATO)

အာလူးရဲ႕ မခ်က္ျပဳတ္ရေသးတဲ့ ကစီဓာတ္ဟာ အစာအိမ္ျပႆနာမ်ားစြာကို ျဖစ္ေပၚႏုိင္ပါတယ္။ အဆိပ္အေတာက္ရွိတဲ့ solanine ဓာတ္ပါဝင္မႈလည္း ျမင့္မားပါတယ္။နည္းနည္းေလးစားမယ္ဆိုရင္ေတာင္ ေခါင္းကိုက္တာေတြ မအီမသာ ျဖစ္တာေတြ ရွိလာႏိုင္ပါတယ္။

ပဲပင္ေပါက္(bean sprouts)

ပဲပင္ေပါက္ကို လံုးဝအစိမ္းမစားသင့္ပါဘူး။ အသုပ္ထဲမွာ ထည့္စားမယ္ဆုိရင္ ေရေႏြးေဖ်ာ္သင့္ပါတယ္။ ပဲပင္ေပါက္အစိမ္းဟာ salmonella, E. coli လို လူ႕က်န္းမာေရးကို အႏၱရယ္ေပးမယ့္ ပိုးမႊားေတြ ရွိတဲ့ေနရာ ျဖစ္ပါတယ္။ အထူးသျဖင့္ ငယ္ရြယ္တဲ့ကေလးေတြ၊ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ၊ သက္ၾကီးရြယ္အုိေတြအေနနဲ႔ ေရွာင္ရွားသင့္ပါတယ္။ ပဲပင္ေပါက္ဝယ္လာတဲ့အခါမွာလည္း ေသခ်ာေဆးေၾကာျပီးမွ ခ်က္ျပဳတ္သင့္ပါတယ္။

ပ်ားရည္(Honey)

ပ်ားရည္အစိမ္းစားတာဟာ လူၾကီးေတြအတြက္ ကိစၥမရွိေပမဲ့ အလြန္ငယ္ရြယ္တဲ့ကေလးေတြကို တိုက္ေၾကြးတဲ့ေနရာမွာ သတိထားသင့္ပါတယ္။ အပူေပး ပိုးသတ္ထားတာမ်ိဳး မဟုတ္တာေၾကာင့္  grayanotoxin လို႔ေခၚတဲ့ ပစၥည္းတစ္မ်ိဳး ပါဝင္ႏုိင္ပါတယ္။ ေရာဂါၾကီး မျဖစ္ႏုိင္ေပမဲ့ မူးတာေမာတာေတြ ရွိလာႏုိင္ပါတယ္။

ႏြားႏို႕ (MILK)

ႏြားႏို႔ကို ပိုးသတ္ဖို႔ အပူေပးတဲ့အခါ ၁၆၁ ဒီဂရီဖာရင္ဟုိက္ထိေပးရပါတယ္။ အခ်ိန္ကလည္း အနည္းဆံုး ၁၅ စကၠန္႔ေလာက္ ေပးရပါတယ္။ ႏြားႏို႔စိမ္းမွာ ပိုးမႊားေပါင္းမ်ားစြာ ခိုေအာင္းေနႏိုင္ပါတယ္။

Source: 7 daily news

Read: အသည္းေရာဂါအတြက္ ပန္းေဂၚဖီစိမ္း

 

 Unicode

နေ့စဉ်အလုပ်တာဝန်တွေနဲ့ မအားတာကြောင့် တစ်ကြောင်း၊ ဖြစ်သလိုစားတတ်တာတွေကြောင့် မဖြစ်သင့်တဲ့ရောဂါများ ဖြစ်နေကြတယ်ထင်ပါတယ်။ တချို့ အစားအစာတွေကို ရေဆေးပြီးအစိမ်းစားလို့ ရပေမဲ့ ၊တချို့အောက်ပါ အစားအစာတွေကတော့ ဒီတိုင်းစားလျှင် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်ပါတယ်။
အာလူး(POTATO)
အာလူးရဲ့ မချက်ပြုတ်ရသေးတဲ့ ကစီဓာတ်ဟာ အစာအိမ်ပြဿနာများစွာကို ဖြစ်ပေါ်နိုင်ပါတယ်။ အဆိပ်အတောက်ရှိတဲ့ solanine ဓာတ်ပါဝင်မှုလည်း မြင့်မားပါတယ်။နည်းနည်းလေးစားမယ်ဆိုရင်တောင် ခေါင်းကိုက်တာတွေ မအီမသာ ဖြစ်တာတွေ ရှိလာနိုင်ပါတယ်။

ပဲပင်ပေါက်(BEAN SPROUTS)
ပဲပင်ပေါက်ကို လုံးဝအစိမ်းမစားသင့်ပါဘူး။ အသုပ်ထဲမှာ ထည့်စားမယ်ဆိုရင် ရေနွေးဖျော်သင့်ပါတယ်။ ပဲပင်ပေါက်အစိမ်းဟာ salmonella, E. coli လို လူ့ကျန်းမာရေးကို အန္တရယ်ပေးမယ့် ပိုးမွှားတွေ ရှိတဲ့နေရာ ဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ရှောင်ရှားသင့်ပါတယ်။ ပဲပင်ပေါက်ဝယ်လာတဲ့အခါမှာလည်း သေချာဆေးကြောပြီးမှ ချက်ပြုတ်သင့်ပါတယ်။

ပျားရည်(HONEY)
ပျားရည်အစိမ်းစားတာဟာ လူကြီးတွေအတွက် ကိစ္စမရှိပေမဲ့ အလွန်ငယ်ရွယ်တဲ့ကလေးတွေကို တိုက်ကြွေးတဲ့နေရာမှာ သတိထားသင့်ပါတယ်။ အပူပေး ပိုးသတ်ထားတာမျိုး မဟုတ်တာကြောင့် grayanotoxin လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုး ပါဝင်နိုင်ပါတယ်။ ရောဂါကြီး မဖြစ်နိုင်ပေမဲ့ မူးတာမောတာတွေ ရှိလာနိုင်ပါတယ်။

နွားနို့ (MILK)
နွားနို့ကို ပိုးသတ်ဖို့ အပူပေးတဲ့အခါ ၁၆၁ ဒီဂရီဖာရင်ဟိုက်ထိပေးရပါတယ်။ အချိန်ကလည်း အနည်းဆုံး ၁၅ စက္ကန့်လောက် ပေးရပါတယ်။ နွားနို့စိမ်းမှာ ပိုးမွှားပေါင်းများစွာ ခိုအောင်းနေနိုင်ပါတယ်။
Source: 7 daily news

Read times
Rate this item
(0 votes)