What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 08 February 2018 11:33

တြဲဖက္စားလွ်င္ အႏၲရာယ္ရွိေသာ အစားအစာမ်ား

တြဲဖက္စားလွ်င္ အႏၲရာယ္ရွိေသာ အစားအစာမ်ား google.com

ပဲနဲ႔ဆိုဒါ တြဲဖက္စားသံုးျခင္းဟာ အစာအိမ္ကို ဒုကၡေပးတတ္တယ္ဆိုတာ ကေလးေတြေတာင္ သိေနတဲ့အခ်က္ပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ ပံုမွန္ တြဲဖက္စားသံုးေနက်ျဖစ္တဲ့ အစားအစာအတြဲတခ်ိဳ႕ဟာ အစာေခ်ဖ်က္မႈကို အဟန္႔အတားျဖစ္ေစၿပီး ေနထိုင္မေကာင္း ျဖစ္ေစတတ္တာကို လူသိနည္းေနေသးတာကို ေတြ႕ရပါတယ္။

အစားအေသာက္ဆိုင္ရာ ပညာရွင္ေတြက ဒီစားစရာ အတြဲအဖက္ (7) မ်ိဳးကို သတိျပဳ ေရွာင္ၾကဥ္သင့္တယ္လို႔ ဆိုပါတယ္။

1. ခ်ိစ္ေပါင္မုန္႔ႏွင့္ ေကာ္ဖီ

မနက္ခင္းေတြမွာ ေက်ာင္းေတြ၊ အလုပ္ေတြ အခ်ိန္မီွေအာင္ ေျပးလႊားရင္းနဲ႔ လမ္းမွာတင္ မနက္စာစားရတဲ့ အျဖစ္မ်ိဳးေတြ ရွိတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ အမ်ားဆံုး ေရြးခ်ယ္တတ္ၾကတာကေတာ့ ေပါ့ေပါ့ပါးပါး စားသံုးႏိုင္တဲ့ ခ်ိစ္ေပါင္မုန္႔နဲ႔ ေကာ္ဖီပဲ ျဖစ္ပါတယ္။ ခ်ိစ္မွာပါတဲ့ ကယ္လ္စီယမ္ (Calcium) ဓာတ္ဟာ ဦးေႏွာက္အာ႐ံုေၾကာနဲ႔ ႏွလံုးေသြးလည္ပတ္မႈေတြကို အေထာက္အကူျပဳႏိုင္စြမ္း ရွိပါတယ္။ ဒါေပမဲ့ ေပါင္မုန္႔မွာပါဝင္တဲ့ ကစီဓာတ္ (Carbohydrate) က ကယ္လ္စီယမ္ ေခ်ဖ်က္မႈကို အဟန္႔အတား ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ အသင့္ေသာက္ ေကာ္ဖီမစ္ထုတ္ေတြဟာ က်န္းမာေရးအတြက္ မေကာင္းပါဘူး။

• အႀကံေပးခ်က္ – ခ်ိစ္ေပါင္မုန္႔ကို ႀကိဳက္ႏွစ္သက္တတ္တ့ဲသူေတြအတြက္ကေတာ့ ေကာ္ဖီအစား ႐ိုး႐ိုးလက္ဖက္ရည္ ဒါမွမဟုတ္ လက္ဖက္စိမ္း လက္ဖက္ရည္နဲ႔ တြဲဖက္စားသံုးသင့္ပါတယ္။

2. ခရမ္းခ်ဥ္သီးနဲ႔ သခြားသီး

ခရမ္းခ်ဥ္သီးနဲ႔ သခြားသီးဟာ အသုပ္သုပ္ရာမွာ မပါမျဖစ္တဲ့ အတြဲအစပ္ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ ေနာက္ဆံုးေလ့လာ စမ္းသပ္မႈအရ ဒီအသီးႏွစ္မ်ိဳး ေပါင္းစပ္စားသံုးျခင္းက ကိုယ္ခႏၶာ ဇီဝကမၼ ဖြဲ႕စည္းေျပာင္းလဲမႈေတြကို အေႏွာင့္အယွက္ ျဖစ္ေစတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဓာတ္ေျပာင္းလဲမႈနဲ႔ ေရာင္ရမ္းမႈေတြကို ျဖစ္ေစႏိုင္ၿပီး အသီးေတြထဲမွာ ပါဝင္တဲ့ ဗီတာမင္ဓာတ္ေတြ ေခ်ဖ်က္စုပ္ယူမႈကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။

• အႀကံေပးခ်က္ – ဒီအသီးႏွစ္မ်ိဳးကို သပ္သပ္ခြဲစားသင့္ပါတယ္။ ဥပမာ – ဒီေန႔အတြက္ ခရမ္းခ်ဥ္သီးနဲ႔ အသီးအရြက္ သုပ္စားမယ္ဆိုရင္ ေနာက္ေန႔မွာ သခြားသီးသုပ္စားတာမ်ိဳး လုပ္သင့္ပါတယ္။

3. အာလူးနဲ႔ အသား

စတိခ္ (Steak) အသားကင္နဲ႔ အာလူးေခ်ာင္းေၾကာ္ဟာ စားလို႔အေကာင္းဆံုး အတြဲအစပ္ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ အာလူးမွာပါဝင္တဲ့ ကစီဓာတ္ဟာ အယ္ကာလီဓာတ္နဲ႔ ေခ်ဖ်က္ေပးဖို႔ လိုအပ္ၿပီး အသားမွာပါတဲ့ ပ႐ိုတင္း အသားဓာတ္ဟာ ေခ်ဖ်က္ဖို႔အတြက္ အက္ဆစ္ဓာတ္ကို လိုအပ္ပါတယ္။ ဒါေၾကာင့္ နွစ္ခုတြဲစပ္ စားသံုးတဲ့အခါ အစာမေၾကျဖစ္တတ္ၿပီး ရင္ပူတာ၊ ေလပြတာမ်ိဳး ျဖစ္ေစတတ္ပါတယ္။

• အႀကံေပးခ်က္ – အသားနဲ႔ တြဲဖက္စားသံုးဖို႔ ကစီဓာတ္မပါတဲ့ အသီးအရြက္ေတြျဖစ္တဲ့ ကၫြတ္၊ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္၊ ပဲတီစိမ္းနဲ႔ ခဝဲသီး စတာေတြကို ေ႐ြးခ်ယ္သင့္ေၾကာင္း အႀကံေပးခ်င္ပါတယ္။

4. ပါစတာေခါက္ဆြဲနဲ႔ အသားႀကိတ္သား

ပါစတာမွာပါဝင္တဲ့ ကစီဓာတ္ကို ေခ်ဖ်က္ၿပီး အခ်ိဳဓာတ္ရေစဖို႔အတြက္ တံေတြးဂလင္းေတြကေန Ptyalin နဲ႔ Amylase ဆိုတဲ့ အင္ဇိုင္းေတြ ထုတ္ေပးပါတယ္။ ဒီေခ်ဖ်က္ၿပီးသား အခ်ိဳဓာတ္ေတြနဲ႔ အသားဓာတ္ ေပါင္းစပ္သြားတဲ့အခါ အႏၲရာယ္ရွိ ဓာတ္ပစၥည္းေတြအျဖစ္ ေျပာင္းလဲသြားႏိုင္ပါတယ္။ ဒီလိုေျပာင္းလဲၿပီး ဆီးခ်ိဳေရာဂါနဲ႔ ႏွလံုးေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

• အႀကံေပးခ်က္ – ဂ်ံဳမာတစ္မ်ိဳးကေန ျပဳလုပ္ထားတဲ့ ပါစတာကို ဟင္းခတ္အေမႊးအႀကိဳင္ေဆာ့စ္နဲ႔ တြဲဖက္စားသင့္ပါတယ္။ တတ္ႏိုင္ရင္ အသားနဲ႔မစားဘဲ သတ္သတ္စားတာဟာ အေကာင္းဆံုး ျဖစ္ပါတယ္။

5. ဘီယာနဲ႔ ေျမပဲ

အရက္ေသာက္ရာမွာ မပါမျဖစ္ကေတာ့ ေျမပဲ, ပဲ ျဖစ္ပါတယ္။ လူတိုင္းဟာ ဘီယာေလးေသာက္ရင္း ေျမပဲဆားေလွာ္ေလး ဝါးရတာကို အႀကိဳက္ေတြ႕ၾကပါတယ္။ ဒါေပမဲ့ ဆားမ်ားတဲ့ အစားအစာေတြဟာ သူတို႔ကိုယ္တိုင္ကိုက ေသြးတိုး၊ ႏွလံုးစတဲ့ ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္သလို ေရပိုငတ္ေစတတ္ၿပီး အရက္ဘီယာေတြ ပိုေသာက္မိတာမ်ိဳး ျဖစ္တတ္ပါတယ္။

• အႀကံေပးခ်က္ – အရက္ေသာက္တဲ့အခါတိုင္းမွာ အရည္ဓာတ္ ဆံုးရံႈးမႈကို ေလ်ာ့နည္းေစဖို႔အတြက္ ေရ၊ ဒါမဟုတ္ ဆိုဒါ ေဆာင္ထားသင့္ပါတယ္။

6. ႏို႔ထြက္ပစၥည္းနဲ႔ နာနတ္သီး

အခ်ဥ္ဓာတ္ပါတဲ အသီးေတြဟာ အစာေခ်စနစ္ကို ေႏွးေကြးေစပါတယ္။ ဒါ့အျပင္ နာနတ္သီးမွာပါတဲ့ Bromelain ဆိုတဲ့ အင္ဇိုင္းတစ္မ်ိဳးဟာ နို႔ထြက္ပစၥည္းေတြနဲ႔ တြဲစားတဲ့အခါ အဆိပ္အေတာက္ ျဖစ္ေစႏိုင္ပါတယ္။

• အႀကံေပးခ်က္ – နာနတ္သီးအစား မက္မြန္သီး၊ ဇီးသီး အစားထိုး စားသံုးသင့္ပါတယ္။

7. နို႔နဲ႔ ငွက္ေပ်ာသီး

ႏို႔နဲ႔ ငွက္ေပ်ာသီးဟာ အာဟာရျပည့္ဝၿပီး ျပင္ဆင္စားသံုးရ လြယ္ကူတဲ့အတြက္ က်န္းမာေရး ေလ့လာလိုက္စားသူေတြ အႀကိဳက္ေတြ႕တဲ့ အတြဲအဖက္ ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ အစာအာဟာရပညာရွင္ေတြက ခ်ိဳတဲ့အသီးအႏွံေတြဟာ အျခားအစားအစာေတြနဲ႔ တြဲဖက္စားသံုးတဲ့အခါ အစာအူလမ္းေၾကာင္းထဲမွာ ပိုၾကာၾကာေနၿပီး အစာေခ်စနစ္ကို ေနွးေကြးေစတဲ့အတြက္ သတ္သတ္ စားသံုးသင့္တယ္လို႔ ဆိုပါတယ္။ ႏို႔ကိုလည္း သူ ႔သီးသန္႔ခ်ည္း ေသာက္တာဟာ အေကာင္းဆံုး ျဖစ္ပါတယ္။

• အႀကံေပးခ်က္ – ငွက္ေပ်ာသီးကို ၾကားခ်ိန္ သေရစာအေနနဲ႔ စားသံုးျခင္းက က်န္းမာေရးနဲ႔ ညီၫြတ္ေစပါတယ္။

မူရင္းပိုစ္အား crd ေပးပါတယ္။

 

Unicode

ပဲနဲ့ဆိုဒါ တွဲဖက်စားသုံးခြင်းဟာ အစာအိမ်ကို ဒုက္ခပေးတတ်တယ်ဆိုတာ ကလေးတွေတောင် သိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန် တွဲဖက်စားသုံးနေကျဖြစ်တဲ့ အစားအစာအတွဲတချို့ဟာ အစာချေဖျက်မှုကို အဟန့်အတားဖြစ်စေပြီး နေထိုင်မကောင်း ဖြစ်စေတတ်တာကို လူသိနည်းနေသေးတာကို တွေ့ရပါတယ်။
အစားအသောက်ဆိုင်ရာ ပညာရှင်တွေက ဒီစားစရာ အတွဲအဖက် (7) မျိုးကို သတိပြု ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
1. အသားညှပ်ပေါင်မုန့်နှင့် ကော်ဖီ
မနက်ခင်းတွေမှာ ကျောင်းတွေ၊ အလုပ်တွေ အချိန်မှီအောင် ပြေးလွှားရင်းနဲ့ လမ်းမှာတင် မနက်စာစားရတဲ့ အဖြစ်မျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ အများဆုံး ရွေးချယ်တတ်ကြတာကတော့ ပေါ့ပေါ့ပါးပါး စားသုံးနိုင်တဲ့ ချိစ်ပေါင်မုန့်နဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။ ချိစ်မှာပါတဲ့ ကယ်လ်စီယမ် (Calcium) ဓာတ်ဟာ ဦးနှောက်အာရုံကြောနဲ့ နှလုံးသွေးလည်ပတ်မှုတွေကို အထောက်အကူပြုနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ပေါင်မုန့်မှာပါဝင်တဲ့ ကစီဓာတ် (Carbohydrate) က ကယ်လ်စီယမ် ချေဖျက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အသင့်သောက် ကော်ဖီမစ်ထုတ်တွေဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။
• အကြံပေးချက် – ချိစ်ပေါင်မုန့်ကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက်ကတော့ ကော်ဖီအစား ရိုးရိုးလက်ဖက်ရည် ဒါမှမဟုတ် လက်ဖက်စိမ်း လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးသင့်ပါတယ်။
2. ခရမ်းချဉ်သီးနဲ့ သခွားသီး
ခရမ်းချဉ်သီးနဲ့ သခွားသီးဟာ အသုပ်သုပ်ရာမှာ မပါမဖြစ်တဲ့ အတွဲအစပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးလေ့လာ စမ်းသပ်မှုအရ ဒီအသီးနှစ်မျိုး ပေါင်းစပ်စားသုံးခြင်းက ကိုယ်ခန္ဓာ ဇီဝကမ္မ ဖွဲ့စည်းပြောင်းလဲမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဓာတ်ပြောင်းလဲမှုနဲ့ ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပြီး အသီးတွေထဲမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေ ချေဖျက်စုပ်ယူမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။
• အကြံပေးချက် – ဒီအသီးနှစ်မျိုးကို သပ်သပ်ခွဲစားသင့်ပါတယ်။ ဥပမာ – ဒီနေ့အတွက် ခရမ်းချဉ်သီးနဲ့ အသီးအရွက် သုပ်စားမယ်ဆိုရင် နောက်နေ့မှာ သခွားသီးသုပ်စားတာမျိုး လုပ်သင့်ပါတယ်။
3. အာလူးနဲ့ အသား
စတိခ် (Steak) အသားကင်နဲ့ အာလူးချောင်းကြော်ဟာ စားလို့အကောင်းဆုံး အတွဲအစပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အာလူးမှာပါဝင်တဲ့ ကစီဓာတ်ဟာ အယ်ကာလီဓာတ်နဲ့ ချေဖျက်ပေးဖို့ လိုအပ်ပြီး အသားမှာပါတဲ့ ပရိုတင်း အသားဓာတ်ဟာ ချေဖျက်ဖို့အတွက် အက်ဆစ်ဓာတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် နှစ်ခုတွဲစပ် စားသုံးတဲ့အခါ အစာမကြေဖြစ်တတ်ပြီး ရင်ပူတာ၊ လေပွတာမျိုး ဖြစ်စေတတ်ပါတယ်။
• အကြံပေးချက် – အသားနဲ့ တွဲဖက်စားသုံးဖို့ ကစီဓာတ်မပါတဲ့ အသီးအရွက်တွေဖြစ်တဲ့ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပဲတီစိမ်းနဲ့ ခဝဲသီး စတာတွေကို ရွေးချယ်သင့်ကြောင်း အကြံပေးချင်ပါတယ်။
4. ပါစတာခေါက်ဆွဲနဲ့ အသားကြိတ်သား
ပါစတာမှာပါဝင်တဲ့ ကစီဓာတ်ကို ချေဖျက်ပြီး အချိုဓာတ်ရစေဖို့အတွက် တံတွေးဂလင်းတွေကနေ Ptyalin နဲ့ Amylase ဆိုတဲ့ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ ဒီချေဖျက်ပြီးသား အချိုဓာတ်တွေနဲ့ အသားဓာတ် ပေါင်းစပ်သွားတဲ့အခါ အန္တရာယ်ရှိ ဓာတ်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုပြောင်းလဲပြီး ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
• အကြံပေးချက် – ဂျုံမာတစ်မျိုးကနေ ပြုလုပ်ထားတဲ့ ပါစတာကို ဟင်းခတ်အမွှေးအကြိုင်ဆော့စ်နဲ့ တွဲဖက်စားသင့်ပါတယ်။ တတ်နိုင်ရင် အသားနဲ့မစားဘဲ သတ်သတ်စားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
5. ဘီယာနဲ့ မြေပဲ
အရက်သောက်ရာမှာ မပါမဖြစ်ကတော့ မြေပဲ, ပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ ဘီယာလေးသောက်ရင်း မြေပဲဆားလှော်လေး ဝါးရတာကို အကြိုက်တွေ့ကြပါတယ်။ ဒါပေမဲ့ ဆားများတဲ့ အစားအစာတွေဟာ သူတို့ကိုယ်တိုင်ကိုက သွေးတိုး၊ နှလုံးစတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်သလို ရေပိုငတ်စေတတ်ပြီး အရက်ဘီယာတွေ ပိုသောက်မိတာမျိုး ဖြစ်တတ်ပါတယ်။
• အကြံပေးချက် – အရက်သောက်တဲ့အခါတိုင်းမှာ အရည်ဓာတ် ဆုံးရှုံးမှုကို လျော့နည်းစေဖို့အတွက် ရေ၊ ဒါမဟုတ် ဆိုဒါ ဆောင်ထားသင့်ပါတယ်။
6. နို့ထွက်ပစ္စည်းနဲ့ နာနတ်သီး
အချဉ်ဓာတ်ပါတဲ အသီးတွေဟာ အစာချေစနစ်ကို နှေးကွေးစေပါတယ်။ ဒါ့အပြင် နာနတ်သီးမှာပါတဲ့ Bromelain ဆိုတဲ့ အင်ဇိုင်းတစ်မျိုးဟာ နို့ထွက်ပစ္စည်းတွေနဲ့ တွဲစားတဲ့အခါ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။
• အကြံပေးချက် – နာနတ်သီးအစား မက်မွန်သီး၊ ဇီးသီး အစားထိုး စားသုံးသင့်ပါတယ်။
7. နို့နဲ့ ငှက်ပျောသီး
နို့နဲ့ ငှက်ပျောသီးဟာ အာဟာရပြည့်ဝပြီး ပြင်ဆင်စားသုံးရ လွယ်ကူတဲ့အတွက် ကျန်းမာရေး လေ့လာလိုက်စားသူတွေ အကြိုက်တွေ့တဲ့ အတွဲအဖက် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ အစာအာဟာရပညာရှင်တွေက ချိုတဲ့အသီးအနှံတွေဟာ အခြားအစားအစာတွေနဲ့ တွဲဖက်စားသုံးတဲ့အခါ အစာအူလမ်းကြောင်းထဲမှာ ပိုကြာကြာနေပြီး အစာချေစနစ်ကို နှေးကွေးစေတဲ့အတွက် သတ်သတ် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ နို့ကိုလည်း သူ ့သီးသန့်ချည်း သောက်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
• အကြံပေးချက် – ငှက်ပျောသီးကို ကြားချိန် သရေစာအနေနဲ့ စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

Read times Last modified on Thursday, 08 February 2018 11:56
Rate this item
(0 votes)