What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 February 2018 18:09

သတိထားသင့္တဲ့…သန္ေကာင္ေရာဂါ

သတိထားသင့္တဲ့…သန္ေကာင္ေရာဂါ google.com

သန္ေကာင္ေရာဂါသည္ အလြန္အျဖစ္မ်ားေသာ ေရာဂါျဖစ္ၿပီး သန္ေကာင္မ်ားသည္ ခႏၶာကိုယ္တြင္း အူလမ္းေၾကာင္းအတြင္း၌သာ သီးသန္႕ေနထုိင္ပါတယ္။

သန္ေကာင္ဆိုတာကေတာ့ လူ႕ခႏၶာကိုယ္မွာ ေနထုိင္ေပါက္ဖြားနိုင္ေသာ ကပ္ပါးေကာင္တမ်ိဳးျဖစ္ၿပီး၊ သန္လံုးေကာင္၊ ၾကာပြတ္သန္ေကာင္၊ ခ်ိတ္သန္ေကာင္၊ အပ္သန္ေကာင္၊ ပေလြသန္ေကာင္ႏွင့္ ႀကိဳးျပား သန္ေကာင္ဟူ၍ အမ်ိဳးမ်ိဳးရွိၿပီး လူခႏၶာကိုယ္ကို ဒုကၡေပးတတ္ေသာအေကာင္မ်ားပဲျဖစ္ပါတယ္။

အျဖစ္အမ်ားဆံုးက သန္လံုးေကာင္၊ ႀကိဳးျပားသန္ေကာင္နဲ႕ ခ်ိတ္သန္ေကာင္မ်ားျဖစ္ပါတယ္။ (WHO) ရဲ႕ထုတ္ျပန္ခ်က္အရ ၂၀၁၄ ခုႏွစ္ လူဦးေရ၏ ၅၀ရာခိုင္ႏႈန္း သည္ သန္ေကာင္ေရာဂါခံစားေနရၿပီး၊ ၄၇ ရာခိုင္ႏႈန္းေလာက္က သန္လံုးေကာင္ေၾကာင့္ အဓိကျဖစ္ပြားေနပါတယ္။

ကူးစက္နုိင္တဲ့ နည္းလမ္းမ်ား

သန္လံုးေကာင္ႏွင့္ ႀကိဳးျပားသန္ေကာင္တို႔၏ သန္ေကာင္ဥမ်ားကပ္ျငိေနေသာ အစားအစာမ်ားကို စားသံုးမိျခင္း ျဖင့္ လူခႏၶာကိုယ္ထဲသို႕ ဝင္ေရာက္တာပါ။ ပေလြသန္ေကာင္နွင့္ ခ်ိတ္သန္ေကာင္တို႕ကေတာ့ လူ႕အေရျပားမွ တစ္ဆင့္ ခႏၶာကိုယ္အတြင္းသို႕ ဝင္ေရာက္နုိင္ပါတယ္။ေျခဗလာျဖင့္လမ္းေလွ်ာက္ျခင္း၊ ေရာ ဂါပိုးရွိေနေသာ လူမစင္မ်ားမွတဆင့္ ခ်ိတ္သန္ေကာင္ကူးစက္ပါတယ္။

ေရာဂါလကၡဏာမ်ား

သန္ေကာင္ေရာဂါကူးစက္ခံရလွ်င္ စအိုတစ္ဝိုက္ ယားယံျခင္း၊ ဗိုက္နာျခင္း၊ ဝမ္းပ်က္ျခင္း၊ အစားအေသာက္ ပ်က္ျခင္း၊ ေသြးအားနည္းျခင္း၊ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အင္ပ်ဥ္ထျခင္း၊ မၾကာခဏ ဝမ္းဗိုက္မအီမသာ ျဖစ္ျခင္း၊ ဝမ္းထဲတြင္ သန္ေကာင္မ်ားပါလာျခင္း၊ ဝမး္သြားပံုစံ မမွန္ကန္ျခင္း၊ ကိုယ္အေလးခ်ိန္ ဖြံ႕ၿဖိဳးမႈမရွိျခင္း၊ ကေလးငယ္မ်ားတြင္ သန္ေကာင္ေၾကာင့္ အာဟာရခ်ိဳ႕တဲ့ၿပီး ဗိုက္ပူနံကား ျဖစ္လာျခင္းအပါအဝင္ အျခား လကၡဏာမ်ားလည္း ခံစားရနိုင္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

သန္ေကာင္ေၾကာင့္ျဖစ္ေသာ ေနာက္ဆက္တြဲဆိုက်ိဳးမ်ားမွာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ အားနည္းျခင္း၊ ေသြးအားနည္းျခင္း၊ ဝမ္းဗိုက္နာျခင္း၊ အစားအေသာက္ မမွန္ျခင္း၊ သည္းေျချပြန္ ပိတ္ဆို႕ ေရာင္ရမး္ ျခင္း၊ သရက္ရြက္ေရာင္ျခင္း၊ တို႕ျဖစ္ပါတယ္။ အခ်ိဳ႕သန္ေကာင္မ်ားသည္ အဆုတ္ေရာဂါကို ျဖစ္ေစနိုင္ေသာ ေၾကာင့္ မၾကာခဏေခ်ာင္းဆိုးျခင္း ျဖစ္ေစနိင္ပါတယ္။ သန္ေကာင္တစ္မ်ိဳးသည္ ဦးေနွာက္အတြင္းထိ ေရာက္နုိင္သည့္အတြက္ လူနာမ်ားမွာ သတိလစ္ျခင္း၊ တတ္ျခင္း၊ စသည္တို႕ ျဖစ္ေစနိုင္ပါတယ္။

Source: ေၾကးမံု

 

Unicode

 

သန်ကောင်ရောဂါသည် အလွန်အဖြစ်များသော ရောဂါဖြစ်ပြီး သန်ကောင်များသည် ခန္ဓာကိုယ်တွင်း အူလမ်းကြောင်းအတွင်း၌သာ သီးသန့်နေထိုင်ပါတယ်။
သန်ကောင်ဆိုတာကတော့ လူ့ခန္ဓာကိုယ်မှာ နေထိုင်ပေါက်ဖွားနိုင်သော ကပ်ပါးကောင်တမျိုးဖြစ်ပြီး၊ သန်လုံးကောင်၊ ကြာပွတ်သန်ကောင်၊ ချိတ်သန်ကောင်၊ အပ်သန်ကောင်၊ ပလွေသန်ကောင်နှင့် ကြိုးပြား သန်ကောင်ဟူ၍ အမျိုးမျိုးရှိပြီး လူခန္ဓာကိုယ်ကို ဒုက္ခပေးတတ်သောအကောင်များပဲဖြစ်ပါတယ်။
အဖြစ်အများဆုံးက သန်လုံးကောင်၊ ကြိုးပြားသန်ကောင်နဲ့ ချိတ်သန်ကောင်များဖြစ်ပါတယ်။ (WHO) ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် လူဦးရေ၏ ၅၀ရာခိုင်နှုန်း သည် သန်ကောင်ရောဂါခံစားနေရပြီး၊ ၄၇ ရာခိုင်နှုန်းလောက်က သန်လုံးကောင်ကြောင့် အဓိကဖြစ်ပွားနေပါတယ်။
ကူးစက်နိုင်တဲ့ နည်းလမ်းများ
သန်လုံးကောင်နှင့် ကြိုးပြားသန်ကောင်တို့၏ သန်ကောင်ဥများကပ်ငြိနေသော အစားအစာများကို စားသုံးမိခြင်း ဖြင့် လူခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တာပါ။ ပလွေသန်ကောင်နှင့် ချိတ်သန်ကောင်တို့ကတော့ လူ့အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ပါတယ်။ခြေဗလာဖြင့်လမ်းလျှောက်ခြင်း၊ ရော ဂါပိုးရှိနေသော လူမစင်များမှတဆင့် ချိတ်သန်ကောင်ကူးစက်ပါတယ်။
ရောဂါလက္ခဏာများ
သန်ကောင်ရောဂါကူးစက်ခံရလျှင် စအိုတစ်ဝိုက် ယားယံခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ သွေးအားနည်းခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အင်ပျဉ်ထခြင်း၊ မကြာခဏ ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်း၊ ဝမ်းထဲတွင် သန်ကောင်များပါလာခြင်း၊ ဝမး်သွားပုံစံ မမှန်ကန်ခြင်း၊ ကိုယ်အလေးချိန် ဖွံ့ဖြိုးမှုမရှိခြင်း၊ ကလေးငယ်များတွင် သန်ကောင်ကြောင့် အာဟာရချို့တဲ့ပြီး ဗိုက်ပူနံကား ဖြစ်လာခြင်းအပါအဝင် အခြား လက္ခဏာများလည်း ခံစားရနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
သန်ကောင်ကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုကျိုးများမှာ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အစားအသောက် မမှန်ခြင်း၊ သည်းခြေပြွန် ပိတ်ဆို့ ရောင်ရမး် ခြင်း၊ သရက်ရွက်ရောင်ခြင်း၊ တို့ဖြစ်ပါတယ်။ အချို့သန်ကောင်များသည် အဆုတ်ရောဂါကို ဖြစ်စေနိုင်သော ကြောင့် မကြာခဏချောင်းဆိုးခြင်း ဖြစ်စေနိင်ပါတယ်။ သန်ကောင်တစ်မျိုးသည် ဦးနှောက်အတွင်းထိ ရောက်နိုင်သည့်အတွက် လူနာများမှာ သတိလစ်ခြင်း၊ တတ်ခြင်း၊ စသည်တို့ ဖြစ်စေနိုင်ပါတယ်။
Source: ကြေးမုံ

Read times
Rate this item
(0 votes)