What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 February 2018 17:38

ခႏၶာကိုယ္မွာ အိုင္အိုဒင္း၏ အေရးႀကီးသည္ လုပ္ငန္းတာဝန္မ်ား

ခႏၶာကိုယ္မွာ အိုင္အိုဒင္း၏ အေရးႀကီးသည္ လုပ္ငန္းတာဝန္မ်ား google.com

ကေလးငယ္မ်ား က်န္းမာသန္စြမ္း ဥာဏ္ရည္ထက္ျမက္ေစရန္ႏွင့္ လည္ပင္းႀကီးေရာဂါ ကာကြယ္နိုင္ရန္ အိုင္အိုဒင္းဆားကို

စားေပးသင့္တယ္လို႔ပဲလူေတာ္ေတာ္မ်ားမ်ားက သိၾကတာပါ။ ဒါေပမဲ့အိုင္အုိဒင္းဆားကို ဘာေၾကာင့္စားသင့္လဲဆိုတာ အေျခခံက်က်သိရွိသူ အလြန္နည္းပါးသည့္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

အိုင္အိုဒင္းသည္ ခႏၶာကိုယ္အတြက္ အဓိကလိုအပ္ေသာ ေဟာ္မုန္းတစ္မ်ိဳးတည္ေဆာက္ေပးပါတယ္။ ကၽြန္ေတာ္တို႕ ခႏၶာကိုယ္တြင္ ေဟာ္မုန္းမ်ားကို တည္ေဆာက္ေပးေသာ ဂလင္းမ်ား ( Endocrine Glands) မ်ားစြာရွိပါတယ္။ လည္ပင္း၏ အေရွ႕ဘက္ပိုင္းတြင္ လိပ္ျပာပံုသ႑ာန္အက်ိတ္ငယ္တစ္ခုရွိပါတယ္။ Thyroid Gland (သိုင္းရိြဳက္ဂလင္း) ဟုေခၚပါတယ္။သိုင္း ရြိဳက္ဂလင္း မွ သိုင္းရြိဳက္ေဟာ္မုန္းမ်ား တည္ေဆာက္ထုတ္လုပ္ေပးပါတယ္။

သိုင္းရြိဳက္ေဟာ္မုန္းတည္ေဆာက္ရန္ ကုန္ၾကမ္းပစၥည္းမ်ားျဖစ္ေသာ အိုင္အိုဒင္းႏွင့္ တိုင္ရိုဆင္း (Tyrosine ) တို႕လိုအပ္ပါတယ္။တိုင္ရိုဆင္းမွာ အမိုင္ႏိုအက္ဆစ္ တစ္မ်ိဳးျဖစ္ၿပီး ပရိုတင္းဓာတ္မွ ရရွိနိုင္ပါသည္။ ခႏၶာကိုယ္သည္ တိုင္ရိုဆင္းကို ကိုယ္တုိင္တည္ေဆာက္နိုင္စြမ္းရွိေသာ္လည္း သိုင္းရြိဳက္ေဟာ္မုန္း တည္ေဆာက္ရန္လိုအပ္ေသာအျခားတခု အိုင္အိုဒင္းကိုမူ လူတို႕စားသံုးတဲ့ အာဟာရမွပင္ အဓိကရရွိနိုင္ပါသည္။ ခႏၶာကိုယ္တြင္ အိုင္အိုဒင္းကို တည္ေဆာက္နုိင္ျခင္း မရွိေသာ္လည္း မရွိမျဖစ္လိုအပ္ေသာ အာဟာရတစ္ခုျဖစ္ပါတယ္။

သိုင္းရြိဳက္ေဟာ္မုန္းသည္ ေအာက္ပါ အေရးႀကီးတာဝန္မ်ားကို ခႏၶာကိုယ္အတြက္ တည္ေဆာက္ေပးပါတယ္။

(၁) ေသြးနီဥမ်ား တည္ေဆာက္ျခင္း

ေသြးနီဥ မ်ား တည္ေဆာက္ရာတြင္ သိုင္းရြိဳက္ေဟာ္မုန္းသည္ အေရးႀကီးလွပါသည္။ ေသြးနီဥ တည္ေဆာက္ရာတြင္ လိုအပ္ေသာ ဗီတာမင္ B 12 ကို အစာလမ္းေၾကာင္းမွ ပိုမိုစုပ္ယူေစျခင္း ႏွင့္ ရိုးတြင္းျခင္ဆီ အား ေသြးနီဥထုတ္ရန္ လႈံ႕ေဆာ္ေပးျခင္းမ်ားကို သိုင္းရြိဳက္ေဟာ္မုန္းက စြမ္းေဆာင္ေပးပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္း နည္းျခင္း (သို႕) အိုင္အိုဒင္းခ်ိဳ႕တဲ့ျခင္းသည္ ေသြးအားနည္းျခင္းကို ျဖစ္ေစနိုင္တာပါ။

(၂) ႏွလံုးခုန္ျခင္းကို လံႈ႕ေဆာ္ေပးျခင္း

သိုင္းရြိဳက္ေဟာ္မုန္းသည္ ႏွလံုးခုန္ႏႈန္းကို ျမန္ေစနိုင္ၿပီး ေသြးလည္ပတ္မႈကို ေကာင္းေစပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္း ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ႏွလံုးခုန္ႏႈန္း နည္းသြားျခင္း၊ ေဟာ္မုန္းလြန္ကဲျခင္းေၾကာင့္ ႏွလံုးခုန္ႏႈန္း ျဖန္ေစျခင္းတို႕ျဖစ္ေစနုိင္ပါတယ္။

(၃) ဗီတာမင္ေအ ( Vitamin A ) ၏ အာနိသင္ကို ရရွိနိုင္ျခင္း

သိုင္းရြိဳက္ေဟာ္မုန္းသည္ အသီးအႏွံအရြက္မ်ားတြင္ ပါေသာ ( Carotene ) ဓာတ္ကို ဗီတာမင္ေအျဖစ္ေအာင္ ေျပာင္းလဲနုိင္စြမ္းရွိသည္။ ဗီတာမင္ ေအသည္ မ်က္စိၾကည္လင္္မႈနွင့္ ခႏၶာကိုယ္တည္ေဆာင္မႈတို႕ အတြက္လိုအပ္ေသာ ဗီတာမင္တစ္ခုျဖစ္ၿပီး အိုင္အုိဒင္းခ်ိဳ႕တဲ့မႈ၊ သိုင္းရြိဳက္ေဟာ္မုန္းနည္းပါးမႈေၾကာင့္ ဗီတာမင္ေအ၏ အာနိသင္ ညံ့ဖ်င္းပါက မ်က္စိအျမင္ခ်ိဳ႕ယြင္းျခင္း၊ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈ အားနည္းျခင္းမ်ား ျဖစ္နိုင္ပါတယ္။

(၄) ေသြး၌ ကိုလက္စထေရာ ( Cholesterol ) နည္းေစျခင္း

ကိုလက္စထေရာဓာတ္မ်ား ေသြး၌လြန္ကဲမ်ားျပားေစျခင္းသည္ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ေသြးေၾကာပိတ္ျခင္း၊ ေလျဖတ္ျခင္း စသည့္တိုကိုျဖစ္ေစနိုင္ပါတယ္။ အိုင္အိုဒင္းဓာတ္ပါဝင္ေသာ သိုင္းရြိဳက္ေဟာ္မုန္း၏ ထူးျခားေသာ စြမ္းအင္တစ္ခုမွာ ေသြး၌ ကိုလက္စထေရာပမာဏ ေလ်ာ့နည္းေစနိုင္သည္။

(၅) ဂလူးကို႕စ္ (Glucose )ကို အစာလမ္းေၾကာင္းမွ စုပ္ယူျခင္း

သိုင္းရြိဳက္ေဟာ္မုန္းသည္ အစာလမ္းေၾကာင္းမွ ဂလူးကို႕စ္စုပ္ယူျခင္းကို အားေပးကူညီသည္။ ကိုယ္ခႏၶာအတြက္ ဂလူးကို႕စ္သည္ အေရးႀကီဆံုး စြမ္းအင္တစ္ခုျဖစ္ၿပီး အိုင္အိုဒင္းဓာတ္ေၾကာင့္ သိုင္းရြိဳက္ေဟာ္မုန္းတည္ေဆာက္နိုင္သျဖင့္ စြမ္းအင္ ျပည့္ဝစြာရရွိေစနိုင္ပါသည္။

(၆) မ်ိဳးပြားျခင္းႏွင့္ ပတ္သတ္ေသာ လုပ္ေဆာင္ခ်က္မ်ား

သိုင္းရြိဳင္းေဟာ္မုန္းသည္ သားသမီးရရွိေစနုိင္ျခင္း၊ အမ်ိဳးသမီးမ်ားမီးယပ္ေသြးမွန္ေစျခင္းႏွင့္ ႏို႕တိုက္မိခင္မ်ား တြင္ ေကာင္းမြန္စြာႏို႕ထြက္ေစျခင္းတို႕ကို စြမ္းေဆာင္ေပးနုိင္ၿပီး အိုင္အိုဒင္းဓာတ္မရွိပါက သိုင္းရြိဳင္းေဟာ္မုန္း ထုတ္လုပ္မႈနညး္ပါး၍ ၎ကိစၥမ်ားပ်က္ယြင္းရတာပါ။

(၇) အျခားေဟာ္မုန္းမ်ားကို အားေပးကူညီျခင္း

ခႏၶာကိုယ္ ႀကီးထြားဖံြ႕ၿဖိဳးရန္အတြက္ ႀကီးထြားေဟာ္မုန္း ( Growth Hormone )၊ အင္ဆူလင္ ( Insulin )၊ အင္ဒရိုဂ်င္ (Androgen )၊ ေကာ္တီကိုစတီးရြိဳက္ ( Corticosteroid )စေသာ ေဟာ္မုန္းမ်ား လိုအပ္ပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္းသည္ ႀကီးထြားဖြံ႕ၿဖိဳးေစရန္ အားေပးေသာ အျခား ေဟာ္မုန္းမ်ား၏ စြမ္းအင္ကို ပိုမိုေကာင္းမြန္ေစနိင္ေၾကာင္း ေတြ႕ရပါသည္။ သိုင္းရြိဳက္ေဟာ္မုန္းခ်ိဳ႕တဲ့ေသာ ကေလးငယ္မ်ား ႀကီးထြားမႈ ညံ့ဖ်င္း၍ လူပုကေလးမ်ား ျဖစ္ၾကတာပါ။

(၈) အေရျပားႏူးညံ့မႈကို ထိန္းသိမ္းေပးျခင္း

သိုင္းရြိဳက္ေဟာ္မုန္းသည္ အေရျပားေအာက္၌ရွိေသာ အသားဓာတ္တစ္မ်ိဳးကို ဖယ္ထုတ္ေပးပါတယ္။ေဟာ္မုန္း ခ်ိဳ႕တဲ့၍ အသားဓာတ္မ်ား စုပံုလာေသာအခါ အသားအေရမွာ ထူ၍ၾကမ္းလာသည္။ ခႏၶာကိုယ္၌ ႏူးညံ့ေသာ အသားအေရရွိေနေစရန္အတြက္ သိုင္းရြိဳက္ေဟာ္မုန္းသည္ အေရးႀကီးပါတယ္

(၉) အသားအရည္ ႏူးညံ့ေခ်ာမြတ္ေစျခင္း

သိုင္းရိြက္ေဟာ္မုန္းသည္ ဦးေႏွာက္ႏွင့္ အာရံုေၾကာမ်ားတြင္ရွိေသာ နာ့ဗ္ဆဲလ္ ( Nerve Cell ) မ်ားကို က်န္းမာေစနုိင္ၿပီး အာရံုေၾကာဆက္သြယ္မႈစနစ္ကို ေကာင္းမြန္ေစပါတယ္။ ကေလးငယ္မ်ား သိုင္းရိြက္ေဟာ္ မုန္းလြန္ကဲစြာ နည္းလြန္းပါက ရႈးသြပ္ျခင္းအထိ ျဖစ္ေစပါတယ္။ သြက္လပ္ဖ်တ္လတ္ ဥာဏ္ရည္ထက္ျမက္ေစရန္ သိုင္းရြိဳက္ေဟာ္မုန္းသည္ မရွိမျဖစ္ လုိအပ္လွပါတယ္။

အိုင္အိုဒင္းဓာတ္ျပည့္ဝစြာ ပါဝင္သည့္သိုင္းရြိဳက္ေဟာ္မုန္းလိုအပ္ေသာ ခႏၶာကိုယ္၏အျခားလုပ္ငန္းမ်ားမွာ-

(၁) ခႏၶာကိုယ္ထြားက်ိဳင္းသန္မာေစျခင္း၊

(၂) ေသြးအားေကာင္းေစျခင္း၊

(၃) အေရျပား ႏူးညံ့ေခ်ာေမြ႕ေစျခင္း၊

(၄) ေရာဂါဘယ ကင္းစင္ေစျခင္း၊

(၅) သား၊သမီး ရေစနုိင္ျခင္း၊

(၆) အမ်ိဳးသမီးမ်ား မီးယပ္ေသြးမွန္ေစျခင္း၊

(၇) ခႏၶာကိုယ္ သြက္လက္ဖ်တ္လတ္ေစျခင္း၊

(၈) မ်က္စိအျမင္ ၾကည္လင္ေစျခင္း၊

(၉) ဥာဏ္ရည္ထက္ျမက္ေစျခင္း၊

(၁၀) စြမ္းအားေကာင္းေစျခင္း စသည့္ အက်ိဳးမ်ားစြာ ရရွိေစနုိင္ပါသည္။

အထက္ပါလုပ္ငန္းေဆာင္တာမ်ား လုပ္ေဆာင္ဖြံ႕ၿဖိဳးနုိင္ရန္အတြက္ သိုင္ရိြဳက္ေဟာ္မုန္းလုိသည္။သိုင္းရြိဳက္ေဟာ္ မုန္းရရွိရန္အတြက္ အိုင္အိုဒင္းဓာတ္လံုးဝလိုအပ္ပါသည္။ အိုင္အိုဒင္းဓာတ္ကို ပင္လယ္မွထြက္ရွိေသာ ငါးမ်ား၊ ပင္လယ္နွင့္ မေဝးေသာ ေဒသမွ ထြက္သည့္ အသီးအႏွံမ်ားကို စားသံုးေပးျဖင့္လည္း ရရွိေစနုိင္ပါသည္။

Source: Dr Aye Kyaw

Unicode

ကလေးငယ်များ ကျန်းမာသန်စွမ်း ဉာဏ်ရည်ထက်မြက်စေရန်နှင့် လည်ပင်းကြီးရောဂါ ကာကွယ်နိုင်ရန် အိုင်အိုဒင်းဆားကို စားပေးသင့်တယ်လို့ပဲလူတော်တော်များများက သိကြတာပါ။ ဒါပေမဲ့အိုင်အိုဒင်းဆားကို ဘာကြောင့်စားသင့်လဲဆိုတာ အခြေခံကျကျသိရှိသူ အလွန်နည်းပါးသည့်အတွက် ဖော်ပြပေးလိုက်ပါတယ်။
အိုင်အိုဒင်းသည် ခန္ဓာကိုယ်အတွက် အဓိကလိုအပ်သော ဟော်မုန်းတစ်မျိုးတည်ဆောက်ပေးပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်တွင် ဟော်မုန်းများကို တည်ဆောက်ပေးသော ဂလင်းများ ( Endocrine Glands) များစွာရှိပါတယ်။ လည်ပင်း၏ အရှေ့ဘက်ပိုင်းတွင် လိပ်ပြာပုံသဏ္ဍာန်အကျိတ်ငယ်တစ်ခုရှိပါတယ်။ Thyroid Gland (သိုင်းရွိုက်ဂလင်း) ဟုခေါ်ပါတယ်။သိုင်း ရွိုက်ဂလင်း မှ သိုင်းရွိုက်ဟော်မုန်းများ တည်ဆောက်ထုတ်လုပ်ပေးပါတယ်။
သိုင်းရွိုက်ဟော်မုန်းတည်ဆောက်ရန် ကုန်ကြမ်းပစ္စည်းများဖြစ်သော အိုင်အိုဒင်းနှင့် တိုင်ရိုဆင်း (Tyrosine ) တို့လိုအပ်ပါတယ်။တိုင်ရိုဆင်းမှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်မှ ရရှိနိုင်ပါသည်။ ခန္ဓာကိုယ်သည် တိုင်ရိုဆင်းကို ကိုယ်တိုင်တည်ဆောက်နိုင်စွမ်းရှိသော်လည်း သိုင်းရွိုက်ဟော်မုန်း တည်ဆောက်ရန်လိုအပ်သောအခြားတခု အိုင်အိုဒင်းကိုမူ လူတို့စားသုံးတဲ့ အာဟာရမှပင် အဓိကရရှိနိုင်ပါသည်။ ခန္ဓာကိုယ်တွင် အိုင်အိုဒင်းကို တည်ဆောက်နိုင်ခြင်း မရှိသော်လည်း မရှိမဖြစ်လိုအပ်သော အာဟာရတစ်ခုဖြစ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းသည် အောက်ပါ အရေးကြီးတာဝန်များကို ခန္ဓာကိုယ်အတွက် တည်ဆောက်ပေးပါတယ်။
(၁) သွေးနီဥများ တည်ဆောက်ခြင်း
သွေးနီဥ များ တည်ဆောက်ရာတွင် သိုင်းရွိုက်ဟော်မုန်းသည် အရေးကြီးလှပါသည်။ သွေးနီဥ တည်ဆောက်ရာတွင် လိုအပ်သော ဗီတာမင် B 12 ကို အစာလမ်းကြောင်းမှ ပိုမိုစုပ်ယူစေခြင်း နှင့် ရိုးတွင်းခြင်ဆီ အား သွေးနီဥထုတ်ရန် လှုံ့ဆော်ပေးခြင်းများကို သိုင်းရွိုက်ဟော်မုန်းက စွမ်းဆောင်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း (သို့) အိုင်အိုဒင်းချို့တဲ့ခြင်းသည် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်တာပါ။
(၂) နှလုံးခုန်ခြင်းကို လှုံ့ဆော်ပေးခြင်း
သိုင်းရွိုက်ဟော်မုန်းသည် နှလုံးခုန်နှုန်းကို မြန်စေနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်းကြောင့် နှလုံးခုန်နှုန်း နည်းသွားခြင်း၊ ဟော်မုန်းလွန်ကဲခြင်းကြောင့် နှလုံးခုန်နှုန်း ဖြန်စေခြင်းတို့ဖြစ်စေနိုင်ပါတယ်။
(၃) ဗီတာမင်အေ ( Vitamin A ) ၏ အာနိသင်ကို ရရှိနိုင်ခြင်း
သိုင်းရွိုက်ဟော်မုန်းသည် အသီးအနှံအရွက်များတွင် ပါသော ( Carotene ) ဓာတ်ကို ဗီတာမင်အေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိသည်။ ဗီတာမင် အေသည် မျက်စိကြည်လင််မှုနှင့် ခန္ဓာကိုယ်တည်ဆောင်မှုတို့ အတွက်လိုအပ်သော ဗီတာမင်တစ်ခုဖြစ်ပြီး အိုင်အိုဒင်းချို့တဲ့မှု၊ သိုင်းရွိုက်ဟော်မုန်းနည်းပါးမှုကြောင့် ဗီတာမင်အေ၏ အာနိသင် ညံ့ဖျင်းပါက မျက်စိအမြင်ချို့ယွင်းခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းခြင်းများ ဖြစ်နိုင်ပါတယ်။
(၄) သွေး၌ ကိုလက်စထရော ( Cholesterol ) နည်းစေခြင်း
ကိုလက်စထရောဓာတ်များ သွေး၌လွန်ကဲများပြားစေခြင်းသည် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း စသည့်တိုကိုဖြစ်စေနိုင်ပါတယ်။ အိုင်အိုဒင်းဓာတ်ပါဝင်သော သိုင်းရွိုက်ဟော်မုန်း၏ ထူးခြားသော စွမ်းအင်တစ်ခုမှာ သွေး၌ ကိုလက်စထရောပမာဏ လျော့နည်းစေနိုင်သည်။
(၅) ဂလူးကို့စ် (Glucose )ကို အစာလမ်းကြောင်းမှ စုပ်ယူခြင်း
သိုင်းရွိုက်ဟော်မုန်းသည် အစာလမ်းကြောင်းမှ ဂလူးကို့စ်စုပ်ယူခြင်းကို အားပေးကူညီသည်။ ကိုယ်ခန္ဓာအတွက် ဂလူးကို့စ်သည် အရေးကြီဆုံး စွမ်းအင်တစ်ခုဖြစ်ပြီး အိုင်အိုဒင်းဓာတ်ကြောင့် သိုင်းရွိုက်ဟော်မုန်းတည်ဆောက်နိုင်သဖြင့် စွမ်းအင် ပြည့်ဝစွာရရှိစေနိုင်ပါသည်။
(၆) မျိုးပွားခြင်းနှင့် ပတ်သတ်သော လုပ်ဆောင်ချက်များ
သိုင်းရွိုင်းဟော်မုန်းသည် သားသမီးရရှိစေနိုင်ခြင်း၊ အမျိုးသမီးများမီးယပ်သွေးမှန်စေခြင်းနှင့် နို့တိုက်မိခင်များ တွင် ကောင်းမွန်စွာနို့ထွက်စေခြင်းတို့ကို စွမ်းဆောင်ပေးနိုင်ပြီး အိုင်အိုဒင်းဓာတ်မရှိပါက သိုင်းရွိုင်းဟော်မုန်း ထုတ်လုပ်မှုနညး်ပါး၍ ၎င်းကိစ္စများပျက်ယွင်းရတာပါ။
(၇) အခြားဟော်မုန်းများကို အားပေးကူညီခြင်း
ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရန်အတွက် ကြီးထွားဟော်မုန်း ( Growth Hormone )၊ အင်ဆူလင် ( Insulin )၊ အင်ဒရိုဂျင် (Androgen )၊ ကော်တီကိုစတီးရွိုက် ( Corticosteroid )စသော ဟော်မုန်းများ လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းသည် ကြီးထွားဖွံ့ဖြိုးစေရန် အားပေးသော အခြား ဟော်မုန်းများ၏ စွမ်းအင်ကို ပိုမိုကောင်းမွန်စေနိင်ကြောင်း တွေ့ရပါသည်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော ကလေးငယ်များ ကြီးထွားမှု ညံ့ဖျင်း၍ လူပုကလေးများ ဖြစ်ကြတာပါ။
(၈) အရေပြားနူးညံ့မှုကို ထိန်းသိမ်းပေးခြင်း
သိုင်းရွိုက်ဟော်မုန်းသည် အရေပြားအောက်၌ရှိသော အသားဓာတ်တစ်မျိုးကို ဖယ်ထုတ်ပေးပါတယ်။ဟော်မုန်း ချို့တဲ့၍ အသားဓာတ်များ စုပုံလာသောအခါ အသားအရေမှာ ထူ၍ကြမ်းလာသည်။ ခန္ဓာကိုယ်၌ နူးညံ့သော အသားအရေရှိနေစေရန်အတွက် သိုင်းရွိုက်ဟော်မုန်းသည် အရေးကြီးပါတယ်
(၉) အသားအရည် နူးညံ့ချောမွတ်စေခြင်း
သိုင်းရွိက်ဟော်မုန်းသည် ဦးနှောက်နှင့် အာရုံကြောများတွင်ရှိသော နာ့ဗ်ဆဲလ် ( Nerve Cell ) များကို ကျန်းမာစေနိုင်ပြီး အာရုံကြောဆက်သွယ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ ကလေးငယ်များ သိုင်းရွိက်ဟော် မုန်းလွန်ကဲစွာ နည်းလွန်းပါက ရှုးသွပ်ခြင်းအထိ ဖြစ်စေပါတယ်။ သွက်လပ်ဖျတ်လတ် ဉာဏ်ရည်ထက်မြက်စေရန် သိုင်းရွိုက်ဟော်မုန်းသည် မရှိမဖြစ် လိုအပ်လှပါတယ်။
အိုင်အိုဒင်းဓာတ်ပြည့်ဝစွာ ပါဝင်သည့်သိုင်းရွိုက်ဟော်မုန်းလိုအပ်သော ခန္ဓာကိုယ်၏အခြားလုပ်ငန်းများမှာ-
(၁) ခန္ဓာကိုယ်ထွားကျိုင်းသန်မာစေခြင်း၊
(၂) သွေးအားကောင်းစေခြင်း၊
(၃) အရေပြား နူးညံ့ချောမွေ့စေခြင်း၊
(၄) ရောဂါဘယ ကင်းစင်စေခြင်း၊
(၅) သား၊သမီး ရစေနိုင်ခြင်း၊
(၆) အမျိုးသမီးများ မီးယပ်သွေးမှန်စေခြင်း၊
(၇) ခန္ဓာကိုယ် သွက်လက်ဖျတ်လတ်စေခြင်း၊
(၈) မျက်စိအမြင် ကြည်လင်စေခြင်း၊
(၉) ဉာဏ်ရည်ထက်မြက်စေခြင်း၊
(၁၀) စွမ်းအားကောင်းစေခြင်း စသည့် အကျိုးများစွာ ရရှိစေနိုင်ပါသည်။
အထက်ပါလုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖွံ့ဖြိုးနိုင်ရန်အတွက် သိုင်ရွိုက်ဟော်မုန်းလိုသည်။သိုင်းရွိုက်ဟော် မုန်းရရှိရန်အတွက် အိုင်အိုဒင်းဓာတ်လုံးဝလိုအပ်ပါသည်။ အိုင်အိုဒင်းဓာတ်ကို ပင်လယ်မှထွက်ရှိသော ငါးများ၊ ပင်လယ်နှင့် မဝေးသော ဒေသမှ ထွက်သည့် အသီးအနှံများကို စားသုံးပေးဖြင့်လည်း ရရှိစေနိုင်ပါသည်။
Source: Dr Aye Kyaw

Read times
Rate this item
(1 Vote)