ဆီးချိုအတတ်အကျသည် အစားအသောက်ပေါ်အများကြီးမူတည်နေပါတယ်။
ဆီးချိုရောဂါဖြစ်နေပြီလို့ မိမိကိုယ်ကိုသိသိချင်း ရှောင်ကျဉ်နိုင်ရန် ရှောင့်သင့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အချိုဓာတ်ပါသော အရည်အုပ်စု
- အချိုရည်ပုလင်းများ၊ ဗူးများ၊ ဓာတ်ဆားရည်များ၊
- ကော်ဖီမစ် (ကော်ဖီ ၊ ဒိုင်းယက်ကော်ဖီ )၊
- တီးမစ် ( လက်ဖက်ရည်၊ ဒိုင်းယက်လက်ဖက်ရည် )၊
- နို့ဆီ၊ နိ့မှုန့်များ၊
- ဆီးချိုနို့မှုန့်များ၊
( မှတ်ချက် - ကော်ဖီမှုန့် / လက်ဖက်ခြောက် အကျရည် + ရေနွေး + ဆီးချိုသကြား + နို့စိမ်းဖြင့် ဖျော် သောက် နိင်ပါတယ် )
(၂) အချိုဓာတ်ပါသော မုန့်များ
- သကြား၊ ထန်းလျက်၊ ကြံသကာ၊ အုန်းသီးပါသော မြန်မာမုန့်များ၊ ( ဥပမာ - ရွှေကြည်၊ ဆနွင်းမကင်း၊ ထိုးမုန့်၊ ဘိန်းမုန့်၊ ကျောက်ကျော၊ ခေါက်မုန့်၊ မုန့်ကုလားမဲ / လမုန့် စသည်များ )
- ပေါင်မုန့် ( အဖြူရောင်ရှိသော ပေါင်မုန့်များ )
- ကိတ်မုန့် ၊ ကိတ်ခြောက်၊
- မုန့်ကြွပ် (ပေါင်မုန့်ခြောက်)
- ဘီစကစ်မျိုးစုံ မစားသုံးသင့်ပါ၊
( မှတ်ချက် - အညိုရောင်ရှိသော ပေါင်မုန့် ( Brown Bread )၊ ပေါင်မုန့်ကြမ်း ( Whole Grain Bread ) များ ၊ Cream Cracker များစားသုံးနိုင်ပါတယ် )
(၃) သစ်သီးများ
- ပန်းသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ငှက်ပျောသီးအမျိုးမျိုး၊ သင်္ဘောသီး၊ သရက်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ စပျစ်သီး၊ နဂါးမောက်သီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုသီး၊ ကျွဲကောသီး၊ စသည့် သစ်သီးများ မစားသုံးသင့်ပါ။
(မှတ်ချက် - သွေးချိုများ နေစဉ်ကာလအတွင်း သစ်သီးများ၊ မစားသုံးသင့်ပါ၊ သွေးချိုကောင်းလာလျှင် သစ်သီးများကို ချင့်ချိန်၍ သင့်တော်ရုံစားသုံးနိုင်ပါတယ်။)
Source: MMDA