Online မှတဆင့် e. Services လုပ်ငန်းများဖြစ်သော တိုင်းရင်းဆေးဝါးမှတ်ပုံတင်
(သက်တမ်းတိုး)နှင့် တိုင်းရင်းဆေးဝါးကြော်ငြာဆိုင်ရာကိစ္စရပ်များကို ယနေ့ (၁၇-၁-၂၀၂၀) ရက်နေ့ သောကြာနေ့မှစတင်၍ Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
အဆိုပါ လုပ်ငန်းစဉ်တွင် တိုင်းရင်းဆေးဝါးကြော်ငြာဆိုင်ရာကိစ္စရပ်များကို Online Payment တစ်မျိုးတည်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)ခြင်းအား ယခုလောလောဆယ်တွင် Online Payment အနေဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များ အနေဖြင့် Online သို့ မတက်ရောက်နိုင်သေးပါက ယခုလောလောဆယ်တွင် ယခင်ပုံစံအတိုင်းဖြင့် လည်းကောင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Online မှ မိုဘိုင်းစနစ်ဖြင့်ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်သည် ငွေပေးချေခြင်းအား Easy Pay MMM ဖြင့် အကောင့်ဖွင့်ပြီး ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
(Easy Pay ချိတ်ဆက်ဆောင်ရွက်ပုံနည်းလမ်းများအသေးစိတ်ကိုဖော်ပြပေးပါမည်)
ထုတ်လုပ်သူလုပ်ငန်းရှင်အနေဖြင့် ဌာနမှ အကြောင်းပြန်ကြားလျှင် လက်ခံနိုင်မည့် email account ရှိရပါမည်။
(ဦးစီးဌာနဘက်မှ အတည်ပြုပြီးကြောင်းကို အီးမေးဖြင့် လျှောက်ထားသူထံ ပြန်လည်ပေးပို့ရန် ဖြစ်ပါသည်)
DTM Website မှတဆင့် e. services ထဲသို့ ဝင်ရောက်ပုံအဆင့်ဆင့်ကို ဖော်ပြ ထားပါသည်။
DTM
(Zawgyi)
========
တိုင္းရင္းေဆးဝါး ထုတ္လုပ္သူ လုပ္ငန္းရွင္မ်ားသို႔ Online မိုဘိုင္းလ္စနစ္ျဖင့္ ေဆာင္႐ြက္နိုင္ၿပီ ျဖစ္ေၾကာင္း အသိေပးအေၾကာင္းၾကားျခင္း
Online မွတဆင့္ e. Services လုပ္ငန္းမ်ားျဖစ္ေသာ တိုင္းရင္းေဆးဝါးမွတ္ပုံတင္ (သက္တမ္းတိုး)ႏွင့္ တိုင္းရင္းေဆးဝါးေၾကာ္ျငာဆိုင္ရာကိစၥရပ္မ်ားကို ယေန႕ (၁၇-၁-၂၀၂၀) ရက္ေန႕ ေသာၾကာေန႕မွစတင္၍ Online စနစ္ျဖင့္ ေဆာင္႐ြက္နိုင္ၿပီ ျဖစ္ပါေၾကာင္း အသိေပးအေၾကာင္းၾကားအပ္ပါသည္။
အဆိုပါ လုပ္ငန္းစဥ္တြင္ တိုင္းရင္းေဆးဝါးေၾကာ္ျငာဆိုင္ရာကိစၥရပ္မ်ားကို Online Payment တစ္မ်ိဳးတည္းျဖင့္ ေဆာင္႐ြက္နိုင္မည္ျဖစ္ပါေၾကာင္းႏွင့္ တိုင္းရင္းေဆးဝါးမွတ္ပုံတင္(သက္တမ္းတိုး)ျခင္းအား ယခုေလာေလာဆယ္တြင္ Online Payment အေနျဖင့္လည္းေကာင္း၊ တိုင္းရင္းေဆးဝါးထုတ္လုပ္သူလုပ္ငန္းရွင္မ်ား အေနျဖင့္ Online သို႔ မတက္ေရာက္နိုင္ေသးပါက ယခုေလာေလာဆယ္တြင္ ယခင္ပုံစံအတိုင္းျဖင့္ လည္းေကာင္း ေဆာင္႐ြက္နိုင္မည္ျဖစ္ပါသည္။
Online မွ မိုဘိုင္းစနစ္ျဖင့္ေဆာင္႐ြက္ရာတြင္ လုပ္ငန္းရွင္သည္ ေငြေပးေခ်ျခင္းအား Easy Pay MMM ျဖင့္ အေကာင့္ဖြင့္ၿပီး ခ်ိတ္ဆက္ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။
(Easy Pay ခ်ိတ္ဆက္ေဆာင္႐ြက္ပုံနည္းလမ္းမ်ားအေသးစိတ္ကိုေဖာ္ျပေပးပါမည္)
ထုတ္လုပ္သူလုပ္ငန္းရွင္အေနျဖင့္ ဌာနမွ အေၾကာင္းျပန္ၾကားလွ်င္ လက္ခံနိုင္မည့္ email account ရွိရပါမည္။
(ဦးစီးဌာနဘက္မွ အတည္ျပဳၿပီးေၾကာင္းကို အီးေမးျဖင့္ ေလွ်ာက္ထားသူထံ ျပန္လည္ေပးပို႔ရန္ ျဖစ္ပါသည္)
DTM Website မွတဆင့္ e. services ထဲသို႔ ဝင္ေရာက္ပုံအဆင့္ဆင့္ကို ေဖာ္ျပ ထားပါသည္။
DTM