What's New



×

Warning

JUser: :_load: Unable to load user with ID: 62

စင်ကာပူ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံခြားမှ သူနာပြု (၄,၀၀၀) ခန့် ခေါ်ယူသွားမည် ဖြစ်ပြီး ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသူများအတွက် နေထိုင်စရာ မရခင်စပ်ကြား အဆောင်တွင် နေထိုင်နိုင်ရန် စီစဉ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့အတွက် အဆောင်များကို ယခုနှစ်ကုန်တွင် မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ကာ လာမည့် ၂၀၂၄ ခုနှစ်၊ ဒုတိယ သုံးလပတ်တွင် စတင် နေထိုင်နိုင်ရန် စီစဉ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

နေရာအဆောက်အဦး (၅) ခုတွင် (၁,၈၀၀) ဦးအထိ နေထိုင်နိုင်ရန် စီစဉ်ပေးထားမည် ဖြစ်ပြီး အိပ်ခန်းတစ်ခန်းလျှင် (၂) ဦး အတူနေရမည် ဖြစ်သည်။ အဆောင်တွင် ဧည့်ခန်း၊ ထမင်းစားခန်း၊ ဟင်းချက်ခန်း၊ အဝတ်လျှော်ခန်းနှင့် နားနားနေနေနေ နေရန်အခန်း စသည်များ ပါဝင်သည်။

 

 

Advertisement

Click Here > Meditech Co., Ltd.

 

ကနဦးအနေဖြင့် အဆိုပါနေရာ (၅) ခုမှ အဆောင်များ အသုံးပြုမှုကို စောင့်ကြည့်လေ့လာပြီး ရရှိလာသည့် အတွေ့အကြုံများဖြင့် ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကာ နောက်ထပ်အဆောင်များ တိုးချဲ့ဖွင့်လှစ်သွားရန်အတွက် နောက်ထပ်နေရာ (၁၁) ခုလည်း လျာထားသည်ဟု ဆိုသည်။

 

ယခု ၂၀၂၃ ခုနှစ်ကုန်အထိ သူနာပြု (၄,၀၀၀) ဦးနီးပါး အသစ်ခန့်မည် ဖြစ်ပြီး နိုင်ငံခြားသား သူနာပြုများနှင့် နိုင်ငံသား သူနာပြုအချိုးမှာ ၆၀:၄၀ ဖြစ်သဖြင့် နိုင်ငံခြားသား သူနာပြုများ အသစ်ခန့်ဦးရေ ပိုများမည် ဖြစ်သည်။

 

စင်ကာပူနိုင်ငံတွင် လာရောက် လုပ်ကိုင်ကြသည့် နိုင်ငံခြားသားမှ ကျန်းမာရေးလုပ်သားများတွင် သူနာပြုများသည် အများဆုံး ပါဝင်ကြောင်း သိရသည်။

Published in Hospital Guide

အကယ်၍ လက်ရှိတွင် ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် ကလေးနို့တိုက်တယ်ဆိုရင် ကိုရိုနာဗိုင်းပ်စ် coronavirus (Covid-19) နှင့် ပတ်သက်၍ ပိုပြီး စိုးရိမ်သင့်ပါတယ်။

Published in Wuhan Virus