What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Sunday, 08 March 2020 23:16
ကိုရိုနာဗိုင်းပ်စ်နဲ့ ပတ်သတ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သူနာပြုများ သိသင့်သောအချက်များ
အကယ်၍ လက်ရှိတွင် ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် ကလေးနို့တိုက်တယ်ဆိုရင် ကိုရိုနာဗိုင်းပ်စ် coronavirus (Covid-19) နှင့် ပတ်သက်၍ ပိုပြီး စိုးရိမ်သင့်ပါတယ်။
ထိခိုက်လွယ်သောကာလတွင် မိမိကိုယ်နဲ့ ကလေးကို ကာကွယ်ရန်သာမက ကိုရိုနာဗိုင်းပ်စ် ပြန့်ပွားမှုကို ကာကွယ်ဖို့လည်း လိုပါတယ်။ ကပ်ရောဂါဖြစ်ပွားချိန်တွင် မိခင်နို့တိုက်ခြင်း နှင့် ပတ်သက်ပြီး သတင်းအချက်အလတ်များ ထုတ်ပြန်ထားခြင်းမရှိပေမယ့် ဒါက ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် အရေးပါလှပါတယ်။
Coronavirus ကိုရိုနာဗိုင်းရပ်စ် သင့်ကိုယ်ဝန် ဒါမှမဟုတ် နို့တိုက်ခြင်းကို အကျိုးသက်ရောက်မှု ရှိနိုင်လားဆိုတာကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရောဂါကူးစက်နိုင်ခြေ မြင့်မားပါသလား။
လက်ရှိတွင် ကိုယ်ဝန်ဆောင်အမျိုးသမီများအတွက် ဖြစ်နိုင်ချေရှိသောဆိုကျိုးများကို ဖော်ပြရန် အထောက်အထားမရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးများက အခြားလူများထက် ရောဂါကူးစက်မှု ပိုမိုများပြားပါတယ်။ အခြားရောဂါများနည်းတူ ဖျားနာခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် အန္တရာယ်ဖြစ်စေသောအရာများဖြစ်ပေမယ့် သင်အနေဖြင့် စိုးရိမ်စရာသိပ်မရှိပါဘူး။
နိုင်ငံတိုင်းနီးပါရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကောင်းမွန်သော သန့်ရှင်းမှု နှင့် လက်ကို ပုံမှန်သန့်စင်ဆေးကြောဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။ သို့ပေမယ့် ကိုင်းတွယ်ခြင်း ဒါမှမဟုတ် နာမကျန်းဖြစ်နေသူ နှင့် အခြားရုပ်ပိုင်းဆိုင်ရာ အရာများကို ထိတွေ့ခြင်းမှ ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းပ်စ် ရှိလျှင် ?
ကိုရိုနာဗိုင်းပ်စ်သည် လူတစ်ဦး မှ တခြားလူတစ်ဦးစီသို့ ကူးစက်ပျံ့နှံ့တာကြောင့် ရောဂါကူးစက်ခံရသူတစ်ဦး ချောင်းဆိုးတဲ့အခါ တုပ်ကွေး နှင့် အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများက အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်နိုင်ပါတယ်။ ကိုရိုနာဗိုင်းပ်စ် နှင့် ဗိုင်းရပ်စ် ၊ ပြင်းထန်စူးရှသောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (SARS-CoV) တို့ကို ကိုယ်ဝန်ဆောင်မှုမိခင်များ၏ နို့ရည်တွင် ကူးစက်ခြင်းမတွေ့ရပေ။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသော ကိုယ်ဝန်ဆောင်မိခင်နို့ရည်မှ ကလေးကို ၁၀၀ ရာခိုင်နှုန်း ဗိုင်းရပ်စ် မကူးစက်နိုင်ဘူးလို့ မဆိုနိုင်ပါဘူး။
ကမ္ဘာတစ်ဝှမ်းတွင် စမ်းသပ်မှုများ၌ အမိုးနီးယားအရည် သို့မဟုတ် နို့ရည် နမူနာများတွင် ဗိုင်းရပ်စ်ပိုး မတွေ့ရပါဘူး။ မိခင်နို့အုံရှိ ဆဲလ်များသည် antibody တစ်သျှူးများ ထုတ်လွှတ်ပြီး (ဗိုင်းရပ်စ်မဟုတ်) ၎င်းတို့မှ တဆင့် ကလေးငယ်ကို ရောဂါပိုးကူးစက်နိုင်ပါတယ်။
ကိုရိုနာဗိုင်းပ်စ်ကူးစက်ခံရလျှင် မိခင်နို့တိုက်လမ်းညွှန်
မိခင်နို့ရည်သည် နို့စို့အရွယ်ကလေးများအတွက် အကောင်းဆုံး အဟာရ ဖြစ်ပါတယ်။ သို့ပေမယ့် သွေးကြောဆိုင်ရာ ဗိုင်းရပ်စ်နဲ့ နို့တိုက်ကျွေးမှု နှင့် ပတ်သက်ပြီးသင်မသိသေးသော အချက်များစွာရှိပါတယ်။ ဒါကြောင့် မိခင်နို့တိုက်ကွျှေးမှုကို ဘယ်လိုလုပ်ရမလဲ ၊ ဘယ်လိုတွေလုပ်ဆောင်ရမယ်ဆိုတာကို သင့်မိသားစု နှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကို တိုင်ပင် ဆုံးဖြတ်ပါ။ ရောဂါပိုး ကူးစက်ခံရသော နို့တိုက်မိခင်အနေဖြင့် ရောဂါ ကူးစက်မှုတစ်ခုဖြစ်ပွားပါက နို့တိုက်ခြင်းမှ မကူးစက်ဖို့ အရေးကြီပါတယ်။
ကိုရိုနာဗိုင်းရပ်စ် သို့မဟုတ် PUI ပါဝင်သည့် မိခင်သည် မွေးကင်းစ ကလေးနို့တိုက်နေစဉ် လက်ကို ဆေးခြင်း ၊ မျက်နှာဖုံးတပ်ခြင်းတို့ အပါအဝင် မွေးကင်းစကလေး ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းမှ ရှောင်ရှားရန် တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါတယ်။
နို့တိုက်ကျွေးရန် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။
မိခင်နို့ရည်တိုက်ကျွေးခြင်းတို့က အခက်ခဲများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
ကလေးအတွက် စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ၊ စိတ်ဒဏ်ရာ
နို့အုံ တင်းမားနေခြင်း
ကိုယ်ခံစွမ်းအား အကာအကွယ်ပေးစနစ် အားနည်းလာခြင်း
ကလေးဖွံ့ဖြိုးမှုကို နောက်နှေးစေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Written By Aung Win (Health Products Directory)
Ref;therealhealthything
(Zawgyi)
======
Read times
Rate this item
(1 Vote)