What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 January 2019 17:04

အတွင်းတိမ် ( Cataract ) ဘာကြောင့် ဖြစ်ရတာလဲ

အတွင်းတိမ် ဆိုသည်မှာ မျက်လုံးတွင် ရှိသော မှန်ဘီလူးတွင် ပုံမှန်ကြည်လင်နေရာမှ အဖြူရောင်တိမ်များ ဖြစ်လာခြင်းကို ခေါ်ပါတယ်။

အတွင်းတိမ်ရဲ့လက္ခဏာများကတော့ အမြင်အာရုံ ဝေဝါးလာခြင်း ၊ ညဘက်တွင် သေချာမမြင်နိုင်ခြင်း ၊ စူးရှသော အလင်းများအား မခံနိုင်ခြင်း ၊ အရိပ်များ မြင်နေရခြင်း ၊ ပုံရိပ်နှစ်ထပ်မြင်နေရခြင်း များဖြစ်စေနိုင်ပါတယ်။

 

အတွင်းတိမ် ဘာကြောင့် ဖြစ်တာလဲ

အတွင်းတိမ်သည် အသက်အရွယ် ကြီးရင့်လာ၍သော်လည်းကောင်း ၊ မျိုးရိုးဗီဇကြောင့် လည်းကောင်း ၊ ဆီးချိုရောဂါကြောင့်လည်းကောင်း ၊ မျက်လုံးကို ထိခိုက်ဒဏ်ရာ ရဖူးခြင်း ၊ ခွဲစိတ်မှုများ ပြုလုပ်ဖူးခြင်းနှင့် စတီးရွိုက်ပါသောဆေးများ ကြာမြင့်စွာ စွဲသုံးခြင်းကြောင့်လည်းကောင်း ဖြစ်စေနိုင်ပါတယ်။ အတွင်းတိမ်၏ နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် မျက်လုံးအမြင်အာရုံ ဆုံးရှုံးကာ စာမဖတ်နိုင်တော့ခြင်း ၊ ကားမမောင်းနိုင်ခြင်းများအပြင် ခွဲစိတ်မှုကြောင့်လည်း မျက်လုံးထဲသို့ ပိုးဝင်ခြင်း ၊ ရောင်ရမ်းခြင်းနှင့် သွေးထွက်ခြင်းများ အထိ ဖြစ်နိုင်ပါတယ်။

 

ရောဂါအဖြေရှာရန်အတွက် ရောဂါဇာစ်မြစ်အကြောင်း မေးမြန်းခြင်း ၊ စမ်းသပ်ခြင်းများ အပြင် Visual acuity test ခေါ် အမြင်အာရုံ စစ်ဆေးခြင်း ၊ Ophtalmoscope နှင့်ကြည့်၍ စမ်းသပ်ခြင်း များ ပြုလုပ်ရမှာလည် ဖြစ်ပါတယ်။ အတွင်းတိမ်ရောဂါသည် မကုသပဲ ထားပါက အမြင်အာရုံ ဆုံးရှုံးစေနိုင်သည့်အတွက် မျက်လုံး အမြင်ဝါးလာခြင်းစသော လက္ခဏာများ စတင်ခံစားရသည်နှင့် တပြိုင်နက် ဆရာဝန်ထံသို့ သွားရောက်ပြသသင့်ပါတယ်။

 

အတွင်းတိမ်အတွက် အဓိက ကုသနည်းတစ်ခုက ခွဲစိတ်မှုသာလျှင် ဖြစ်ပါတယ်။ ခွဲစိတ်ရာတွင်လည်း အတွင်းတိမ်သည် မျက်လုံးကို အရမ်းအန္တရာယ် ပေးခြင်းမရှိပါက အလျင်စလို ခွဲစိတ်စရာ မလိုပေ။ မျက်လုံးထဲတွင် ရှိနေသော တိမ်စွဲနေသော မှန်ဘီလူးအား ဖယ်ရှားပစ်ကာ ကြည်လင်ကောင်းမွန်သော မျက်ကပ်မှန်အသစ်တစ်ခု ထည့်သွင်းပေးခြင်းနည်းဖြင့် ခွဲစိတ်ကုသနိုင်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ပြီးဒဏ်ရာသည် ခွဲပြီး ၈ ပတ်အတွင်း ပြန်လည်ကောင်းမွန်လာလေ့ ရှိပါတယ်။

 

အတွင်းတိမ်အား ကာကွယ်ရန် တိကျသေချာသော နည်းလမ်းများ မတွေ့ ရှိသေးသော်လည်း ဆရာဝန်များက အောက်ပါအချက်များကို လိုက်နာလျှင် အထောက်အကူ ဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။ ၎င်းတို့ မှာ မျက်လုံးစစ်ဆေးခြင်းအား မှန်မှန်ပြုလုပ်ပေးခြင်း ၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း ၊ အရက်လျှော့သောက်ခြင်း ၊ နေရောင်ထဲသွားလျှင် နေကာမျက်မှန် တပ်ဆင်ခြင်း ၊ ဆီးချိုကဲ့သို့ ရောဂါများကို စနစ်တကျ ဆေးဝါးကုသမှု ခံယူခြင်း ၊ မျှတသော ကိုယ်အလေးချိန် ရအောင် နေထိုင်ခြင်း ၊ အသီးအနှံနှင့် အရွက်များ စားပေးခြင်း တို့ ဖြစ်ပါတယ်။

Source:Healthcar.com.mm

 

Read: အင်းစိန်ဆေးဝါးစက်ရုံ BPI မှ ဆေးအမျိုးပေါင်း ၁၆၀ ခန့်ပြုပြင်ပြောင်းလဲထုတ်လုပ်

အင်းစိန်ဆေးဝါးစက်ရုံ BPI မှ ဆေးအမျိုးပေါင်း ၁၆၀ ခန့်ပြုပြင်ပြောင်းလဲထုတ်လုပ်

Read times Last modified on Wednesday, 27 February 2019 14:37
Rate this item
(1 Vote)