What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 April 2019 17:56

ရုတ်တရက် ခြေထောက်ထုံပြီး လမ်းလျောက်မရတာဖြစ်ဖူးလား

တလောတကြီးနဲ့ လမ်းလျောက်တဲ့အခါ ဒါမှမဟုတ် လှေကား အတက်အဆင်းတွေမှာ ရုတ်တရက် ခြေထောက်ထုံပြီး လမ်းလျောက်မရတာတို့ ၊ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့အခါမျိုးကို ဖြစ်ဖူးကြမယ်ထင်ပါတယ်။ 

ဒီလိုဖြစ်တာတွေက အကြောသေခြင်းကြောင့် ခြေကျခြင်းဖြစ်တယ်လို့ ခေါ်ပါတယ်။ ခြေကျခြင်းကတော့ ခြေချင်းဝတ်ကနေ ခြေဖဝါးအပိုင်းထိ လုပ်လို့မရတဲ့ ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ ဘာကြောင့် အကြောသေပြီး ခြေကျတဲ့ ပြဿနာဖြစ်တတ်တာလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဒူး ဒါမှမဟုတ် တင်ပဆုံမှာရှိတဲ့ အာရုံကြောတွေဟာ ခြေချင်းဝတ် ကြွက်သားတွေကို ထောက်အကူပြုတာဖြစ်တဲ့အတွက် အဆိုပါ အာရုံကြောများကို ထိခိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ အာရုံကြောများသေဆုံးသွားပြီး ခြေချခြင်း ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါအပြင် ဒူး နဲ့ တင်ပဆုံ ခွဲစိတ်တဲ့သူတွေမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ နောက်ထပ် အဖြစ်များနိုင်သူကတော့ ဆီးချိုသမားပဲ ဖြစ်ပါတယ်။ ဆီးချိုးဝေဒနာခံစားနေရတဲ့သူ တစ်ယေက်အနေနဲ့ ဆီးချို တအားတက်လာတဲ့အခါမှာ သူရဲ့ အာရုံကြောကို ထိခိုက်နိုင်တဲ့ အတွက် ဆီးချိုသမားတွေလည်း အကြောသေခြင်းကြောင့် ခြေကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ထိမိ ၊ ခိုက်မိတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။

 

အကြောသေခြင်းကြောင့် ခြေကျခြင်းမှာ အရေးပါတဲ့ အာရုံကြောလေးက Peroneal nerve (ပရိုနီရယ်လ် နာ့ဗ်) ပဲ ဖြစ်ပါတယ်။ Peroneal nerve (ပရိုနီရယ်လ် နာ့ဗ်) ဟာဆိုရင် ဒူးခေါင်း၏အနောက်ဘက်ကနေ ခြေချင်းဝတ်အထိ လျှောဆင်း သွားပါတယ်။ အားကစားလုပ်တဲ့အခါ ဒါမှမဟုတ် တစ်ယောက်နဲ့ တစ်ယောက် ထိမိခိုက်မိလို့ပဲ ဖြစ်ဖြစ် ၊ အက်ဆီဒင့် တစ်ခုခုကြောင့်ဘဲ ဖြစ်ဖြစ် ၊ ဒရွတ်တိုက်ပြီး လမ်းလျောက်တာမျိုးပဲ ဖြစ်ဖြစ် အဆိုပါ အာရုံကြောငယ်လေးတွေက တစ်နေနေရာမှာ ပျက်တောက်ခြင်း ဒါမှမဟုတ် အားနည်းသွားတဲ့အခါ ခြေကျခြင်းကို ဖြစ်ပေါ်စေပါတယ်။

 

ဒီလိုဖြစ်လာပြီရင် လမ်းလျောက်တဲ့အခါ ဒါမှမဟုတ် လှေကားတက်တဲ့အခါတွေမှာ ခြေထောက် မ ပြီး လမ်းလျောက်ရတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ မရှိခြင်း ဒါမှမဟုတ် ဆီးချိုလဲမရှိပဲနဲ့ ဖြစ်လာခဲ့ပြီးဆိုရင် ဆီးချိုရှိမရှိကို စစ်ဆေးဖို့လိုပါတယ်။ နောက်ဆုံး ခြေကျခြင်းဖြစ်လာတာက တခြားသောရောဂါ လက္ခဏာ၏ ရှေ့ပြေး လက္ခဏာများဖြစ်နိုင်တာကြောင့် ခြေထောက်ကို ခဏ အနားပေးပြီး နီးစပ်ရာဆရာဝန်ထံ သွားရောက် ပြသဖို့ လိုပါတယ်။

 

ဆရာဝန်ထံ ပြသတဲ့အခါ မိမိဖြစ်သွားတဲ့ အကြောင်းစုံကို သေချာရှင်းပြဖို့ လိုပါတယ်။ အဆိုပါခြေကျခြင်းက လူတိုင်းလိုလိုတော့ မဖြစ်ဘူး။ ဒါပေမယ့် ဖြစ်တတ်တယ် ၊ ဖြစ်လေ့ဖြစ်ထရှိတတ်တယ်။ ဒါကြောင့် အထူးဂရုစိုက်ဖို့ နဲ့ သတိရှိဖို့လည်း လိုအပ်ပါတယ်။

Dr. နှင်းလဲ့ခင်

 

(zawgyi)

======

ရုတ္တရက္ ေျခေထာက္ထံုျပီး လမ္းေလ်ာက္မရတာျဖစ္ဖူးလား

 

တေလာတႀကီးနဲ႔ လမ္းေလ်ာက္တဲ့အခါ ဒါမွမဟုတ္ ေလွကား အတက္အဆင္းေတြမွာ ႐ုတ္တရက္ ေျခေထာက္ထုံၿပီး လမ္းေလ်ာက္မရတာတို႔ ၊ ဘာျဖစ္လို႔ျဖစ္မွန္းမသိတဲ့အခါမ်ိဳးကို ျဖစ္ဖူးၾကမယ္ထင္ပါတယ္။ ဒီလိုျဖစ္တာေတြက အေၾကာေသျခင္းေၾကာင့္ ေျခက်ျခင္းျဖစ္တယ္လို႔ ေခၚပါတယ္။ ေျခက်ျခင္းကေတာ့ ေျခခ်င္းဝတ္ကေန ေျခဖဝါးအပိုင္းထိ လုပ္လို႔မရတဲ့ ျပႆနာ တစ္ရပ္ျဖစ္ပါတယ္။ ဘာေၾကာင့္ အေၾကာေသၿပီး ေျခက်တဲ့ ျပႆနာျဖစ္တတ္တာလဲဆိုတာကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

 

ဒူး ဒါမွမဟုတ္ တင္ပဆုံမွာရွိတဲ့ အာ႐ုံေၾကာေတြဟာ ေျခခ်င္းဝတ္ ႂကြက္သားေတြကို ေထာက္အကူျပဳတာျဖစ္တဲ့အတြက္ အဆိုပါ အာ႐ုံေၾကာမ်ားကို ထိခိုက္မႈေတြ ျဖစ္ေပၚလာတဲ့အခါ အာ႐ုံေၾကာမ်ားေသဆုံးသြားၿပီး ေျခခ်ျခင္း ျဖစ္ေပၚေစတတ္ပါတယ္။ ဒါအျပင္ ဒူး နဲ႔ တင္ပဆုံ ခြဲစိတ္တဲ့သူေတြမွာ ပိုအျဖစ္မ်ားေလ့ရွိပါတယ္။ ေနာက္ထပ္ အျဖစ္မ်ားႏိုင္သူကေတာ့ ဆီးခ်ိဳသမားပဲ ျဖစ္ပါတယ္။ ဆီးခ်ိဳးေဝဒနာခံစားေနရတဲ့သူ တစ္ေယက္အေနနဲ႔ ဆီးခ်ိဳ တအားတက္လာတဲ့အခါမွာ သူရဲ႕ အာ႐ုံေၾကာကို ထိခိုက္ႏိုင္တဲ့ အတြက္ ဆီးခ်ိဳသမားေတြလည္း အေၾကာေသျခင္းေၾကာင့္ ေျခက်ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ထိမိ ၊ ခိုက္မိတဲ့အခါမွာလည္း ျဖစ္တတ္ပါတယ္။

 

အေၾကာေသျခင္းေၾကာင့္ ေျခက်ျခင္းမွာ အေရးပါတဲ့ အာ႐ုံေၾကာေလးက Peroneal nerve (ပ႐ိုနီရယ္လ္ နာ့ဗ္) ပဲ ျဖစ္ပါတယ္။ Peroneal nerve (ပ႐ိုနီရယ္လ္ နာ့ဗ္) ဟာဆိုရင္ ဒူးေခါင္း၏အေနာက္ဘက္ကေန ေျခခ်င္းဝတ္အထိ ေလွ်ာဆင္း သြားပါတယ္။ အားကစားလုပ္တဲ့အခါ ဒါမွမဟုတ္ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိမိခိုက္မိလို႔ပဲ ျဖစ္ျဖစ္ ၊ အက္ဆီဒင့္ တစ္ခုခုေၾကာင့္ဘဲ ျဖစ္ျဖစ္ ၊ ဒ႐ြတ္တိုက္ၿပီး လမ္းေလ်ာက္တာမ်ိဳးပဲ ျဖစ္ျဖစ္ အဆိုပါ အာ႐ုံေၾကာငယ္ေလးေတြက တစ္ေနေနရာမွာ ပ်က္ေတာက္ျခင္း ဒါမွမဟုတ္ အားနည္းသြားတဲ့အခါ ေျခက်ျခင္းကို ျဖစ္ေပၚေစပါတယ္။

 

ဒီလိုျဖစ္လာၿပီရင္ လမ္းေလ်ာက္တဲ့အခါ ဒါမွမဟုတ္ ေလွကားတက္တဲ့အခါေတြမွာ ေျခေထာက္ မ ၿပီး လမ္းေလ်ာက္ရတာမ်ိဳးကို ျဖစ္ေစႏိုင္ပါတယ္။ ထိခိုက္ဒဏ္ရာ မရွိျခင္း ဒါမွမဟုတ္ ဆီးခ်ိဳလဲမရွိပဲနဲ႔ ျဖစ္လာခဲ့ၿပီးဆိုရင္ ဆီးခ်ိဳရွိမရွိကို စစ္ေဆးဖို႔လိုပါတယ္။ ေနာက္ဆုံး ေျခက်ျခင္းျဖစ္လာတာက တျခားေသာေရာဂါ လကၡဏာ၏ ေရွ႕ေျပး လကၡဏာမ်ားျဖစ္ႏိုင္တာေၾကာင့္ ေျခေထာက္ကို ခဏ အနားေပးၿပီး နီးစပ္ရာဆရာဝန္ထံ သြားေရာက္ ျပသဖို႔ လိုပါတယ္။

 

ဆရာဝန္ထံ ျပသတဲ့အခါ မိမိျဖစ္သြားတဲ့ အေၾကာင္းစုံကို ေသခ်ာရွင္းျပဖို႔ လိုပါတယ္။ အဆိုပါေျခက်ျခင္းက လူတိုင္းလိုလိုေတာ့ မျဖစ္ဘူး။ ဒါေပမယ့္ ျဖစ္တတ္တယ္ ၊ ျဖစ္ေလ့ျဖစ္ထရွိတတ္တယ္။ ဒါေၾကာင့္ အထူးဂ႐ုစိုက္ဖို႔ နဲ႔ သတိရွိဖို႔လည္း လိုအပ္ပါတယ္။

Dr. ႏွင္းလဲ့ခင္

Read times Last modified on Saturday, 25 January 2020 15:50
Rate this item
(1 Vote)