What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 October 2019 12:04

ႏွလံုးေရာဂါ မျဖစ္ခင္ တစ္လအလိုမွာ သင့္ခႏၶာကိုယ္က သတိေပးမယ့္ အခ်က္(8)ခ်က္

ႀကိဳတင္ကာကြယ္ျခင္းကကုသျခင္းထက္ ပိုေကာင္းပါတယ္။

ဘယ္ေရာဂါအတြက္မဆို ေရာဂါလကၡဏာမျပခင္ကာကြယ္ထားတာ ေကာင္းပါတယ္။ႏွလံုးေရာဂါရဲ႕အေရးႀကီးတဲ့ ေရာဂါလကၡဏာရပ္ေတြကတစ္လႀကိဳတင္ ေပၚေပါက္တတ္ပါတယ္။အရမ္းႀကီးေတာ့ မလန္႔သြားပါနဲ႔။ဒါေပမယ့္က်န္းမာေရးအတြက္ သတိရွိတာကဘယ္ေတာ့မွဆိုးက်ိဳးမျဖစ္ပါဘူး။

 

8. ပင္ပန္းႏြမ္းလ်ျခင္း

ပံုမွန္မဟုတ္တဲ့ပင္ပန္းႏြမ္းလ်ျခင္းဟာ ႏွလံုးေရာဂါရဲ႕အဓိကလကၡဏာရပ္တစ္ခုပါပဲ။ အမ်ိဳးသမီးေတြကအမ်ိဳးသားေတြထက္ပိုၿပီး ပင္ပန္းႏြမ္းလ် ၾကပါတယ္။စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာလႈပ္ရွားမႈေတြေၾကာင့္ပင္ပန္းႏြမ္းလ်ရတာမဟုတ္ပါဘူး။တစ္ေန႔တာကုန္ဆံုးေတာ့မယ္ဆိုရင္ပိုၿပီးပင္ပန္းလာတတ္ပါတယ္။

 

ဒီေရာဂါလကၡဏာကထင္ရွားတဲ့အတြက္ သတိမထားဘဲမေနသင့္ပါဘူး။တစ္ခါတရံမွာသာမန္အလုပ္ေလးေတြျဖစ္တဲ့အိပ္ယာသိမ္းျခင္း၊ေရခ်ိဳးျခင္းတို႔မွာ ေမာပန္းေနတတ္ပါတယ္။

 

7. ဝမ္းဗိုက္ပိုင္း နာက်င္ျခင္း

ဝမ္းဗိုက္ပိုင္းနာက်င္ျခင္း၊ဗိုက္မအီမသာ ျဖစ္ျခင္း၊ဗိုက္ေဖာင္းပြျခင္း၊ဗိုက္နာျခင္းစတာေတြကႏွလံုးေရာဂါရဲ႕အျဖစ္မ်ားတဲ့လကၡဏာေတြပါပဲ။ဒီလကၡဏာေတြကိုအမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ေတြ႕ရတတ္ပါတယ္။ဝမ္းဗိုက္ပိုင္း နာက်င္မႈေတြကႏွလံုးေရာဂါမျဖစ္ခင္မွာ မၾကာခဏ ျဖစ္ေပၚတတ္ပါတယ္။ခႏၶာကိုယ္မွာပင္ပန္းတဲ့အခါအစာအိမ္နာတာပိုဆိုးလာပါတယ္။

 

6. အိပ္မေပ်ာ္ျခင္း

အိပ္မေပ်ာ္ျခင္းကႏွလံုးေရာဂါနဲ႔ ေလျဖတ္ႏိုင္ေျခ ပိုမ်ားပါတယ္။အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားပါတယ္။စိုးရိမ္ေၾကာင့္ၾကမႈမ်ားတဲ့အခါ၊ ေမ့ေလ်ာ့တတ္လာတဲ့အခါအိပ္မေပ်ာ္ျခင္းဟာမၾကာခဏျဖစ္ပါတယ္။အိပ္ေပ်ာ္ဖို႔ ခက္ျခင္း၊မၾကာခဏႏိုးျခင္းနဲ႔အိပ္ယာ ေစာေစာႏိုးျခင္းတို႔ကႏွလံုးေရာဂါရဲ႕လကၡဏာေတြပါပဲ။

 

5. အသက္ရႉ မဝျခင္း

အသက္ရႉဖို႔ခက္ခဲတဲ့အခါအသက္ရႉ မဝျခင္းဆိုတဲ့ ျပင္းထန္တဲ့ ေဝဒနာကိုခံစားရပါတယ္။ႏွလံုးေရာဂါမျဖစ္ခင္ ေျခာက္လအလိုတည္းကဒီေရာဂါလကၡဏာေတြကိုအမ်ိဳးသားေရာအမ်ိဳးသမီးမွာပါ ေတြ႕ရပါတယ္။​ေဆးကုသမႈခံယူဖို႔သတိေပးတဲ့လကၡဏာေတြပါ။ ေလလံုေလာက္စြာမရျခင္း၊မူးေဝျခင္း၊အသက္ရႉမဝျခင္းကႏွလံုးေရာဂါရဲ႕လကၡဏာပါပဲ။

 

4. ဆံပင္ကၽြတ္ျခင္း

ဆံပင္ကၽြတ္ျခင္းကလည္းသိသာတဲ့လကၡဏာရပ္ပါပဲ။အသက္ 50ေက်ာ္တဲ့ အမ်ိဳးသားေတြမွာဆံပင္ကၽြတ္တာကို အမ်ားဆံုးေတြ႕ရပါတယ္။အခ်ိဳ႕အမ်ိဳးသမီးေတြလည္း ႏွလံုးေရာဂါရဲ႕လကၡဏာအေနနဲ႔ဆံပင္ကၽြတ္ပါတယ္။ ေကာ္တီဇုန္းေဟာ္မုန္း ျမင့္တဲ့အခါ ဆံပင္ကၽြတ္ျခင္းျဖစ္ပါတယ္။ဆံပင္ကၽြတ္တာကလည္းမေပါ့ဆသင့္တဲ့အရာျဖစ္လို႔ ဂရုစိုက္ဖို႔လုိပါတယ္။

 

3. ႏွလံုးခုန္ႏႈန္း မမွန္ျခင္း

ရုတ္တရက္ထိန္းမရသိမ္းမရေအာင္ ေၾကာက္စိတ္ဝင္တဲ့အခါ၊စိုးရိမ္ပူပန္မႈမ်ားတဲ့အခါ ႏွလံုးခုန္ႏႈန္းမမွန္ေတာ့ပါဘူး။အထူးသျဖင့္ အမ်ိဳးသမီးေတြကႏွလံုးခုန္ႏႈန္းပိုမမွန္တတ္ပါဘူး။ႏွလံုးခုန္ႏႈန္းမမွန္ျခင္းကမေမၽွာ္လင့္ဘဲ ျဖစ္ေပၚတတ္ပါတယ္။

 

ႏွလံုးခုန္ႏႈန္းမမွန္ျခင္းနဲ႔ ႏွလံုးခုန္ႏႈန္းမ်ားျခင္း တို႔က ကြဲျပားပါတယ္။ခႏၶာကိုယ္ ေလ့က်င့္ခန္းေတြလုပ္ျခင္းကႏွလံုးခုန္ႏႈန္းမ်ားျခင္းကို ပိုအားေပးပါတယ္။အထူးသျဖင့္ႏွလံုးေသြးေၾကာက်ဥ္းေရာဂါရဲ႕လကၡဏာပါပဲ။

 

2. ေခၽြးထြက္လြန္ျခင္း

ပံုမွန္မဟုတ္တဲ့ ေခၽြးထြက္လြန္ျခင္းကႏွလံုးေရာဂါရဲ ႕ေရွ႕ေျပးလကၡဏာရပ္ပါပဲ။ ေခၽြးထြက္လြန္ျခင္းက​ေန႔ျဖစ္ျဖစ္ညျဖစ္ျဖစ္ျဖစ္ႏုိင္ပါတယ္။ဒီလကၡဏာကိုအမ်ိဳးသမီးေတြမွာပိုေတြ႕ရတတ္ပါတယ္။ ေခၽြးထြက္လြန္ျခင္းက ေသြးဆံုးကိုင္ခ်ိန္ညဖက္ ေခၽြးထြက္ျခင္းနဲ႔ မွားတတ္ပါတယ္။

 

ဒီလကၡဏာကတုပ္ေကြးရဲ႕လကၡဏာနဲ႔လည္း ဆင္တူပါတယ္။အပူခ်ိန္မ်ားတဲ့အခါ၊ ခႏၶာကိုယ္လႈပ္ရွားမႈမ်ားတဲ့အခါအသားအေရမွာ​ေခၽြးေတြနဲ႔ စိုထိုင္းထိုင္း ျဖစ္ေလ့ ရွိပါတယ္။ညဘက္မွာ ေခၽြးပိုထြက္တယ္လို႔ထင္ရၿပီး မနက္ေရာက္ရင္ အိပ္ယာခင္းေတြ စိုထိုင္းေနတတ္ပါတယ္။

 

1. ရင္ဘတ္ေအာင့္ျခင္း

ရင္ဘတ္ေအာင့္ျခင္းအမ်ိဳးမ်ိဳးကိုအမ်ိဳးသားေရာအမ်ိဳးသမီးမွာပါျပင္းျပင္းထန္ထန္ခံစားရပါတယ္။အမ်ိဳးသားေတြမွာရင္ဘတ္ေအာင့္ျခင္းကႏွလံုးေရာဂါ ျဖစ္ႏုိင္တဲ့အေရးႀကီးဆံုး လကၡဏာရပ္ျဖစ္ၿပီးအမွတ္တမဲ့မေနသင့္ပါဘူး။ အမ်ိဳးသမီးေတြရဲ႕30 ရာခိုင္ႏႈန္းေလာက္ပဲ ရင္ဘတ္ေအာင့္တာကို ခံစားရပါတယ္။

 

ရင္ဘတ္ေအာင့္ျခင္းဟာလက္ေမာင္း တစ္ဖက္၊သို႔မဟုတ္လက္ေမာင္းႏွစ္ဖက္(အထူးသျဖင့္ ဘယ္ဘက္)၊ေအာက္ေမးရိုး၊လည္ပင္း၊ ပုခံုးနဲ႔ အစာအိမ္အထိမသက္မသာ ျဖစ္ေစပါတယ္။ရင္ဘတ္ေအာင္ျခင္းကအျမဲတမ္းလည္းျဖစ္ႏိုင္သလိုယာယီလည္း ျဖစ္ႏိုင္ပါတယ္။

 

အဝလြန္ျခင္း၊ခႏၶာကိုယ္လႈပ္ရွားမႈ မရွိျခင္း၊ ေဆးလိပ္ ေသာက္ျခင္းေၾကာင့္ႏွလံုးေရာဂါ အျဖစ္မ်ားပါတယ္။ဒီအခ်က္ေလးေတြကေတာ့သင့္က်န္းမာေရးကိုသတိျပဳမိႏိုင္ၿပီး ႏွလံုးေရာဂါကို ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ ျဖစ္ပါတယ္။

 

shwengwegames

{Unicode}

========

နှလုံးရောဂါမဖြစ်ခင် တစ်လအလိုမှာ သင့်ခန္ဓာကိုယ်က သတိပေးမယ့် အချက်(8)ချက်

 

ကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက် ပိုကောင်းပါတယ်။ဘယ်ရောဂါအတွက်မဆို ရောဂါလက္ခဏာမပြခင်ကာကွယ်ထားတာ ကောင်းပါတယ်။နှလုံးရောဂါရဲ့အရေးကြီးတဲ့ ရောဂါလက္ခဏာရပ်တွေကတစ်လကြိုတင် ပေါ်ပေါက်တတ်ပါတယ်။အရမ်းကြီးတော့ မလန့်သွားပါနဲ့။ဒါပေမယ့်ကျန်းမာရေးအတွက် သတိရှိတာကဘယ်တော့မှဆိုးကျိုးမဖြစ်ပါဘူး။

 

8. ပင်ပန်းနွမ်းလျခြင်း

ပုံမှန်မဟုတ်တဲ့ပင်ပန်းနွမ်းလျခြင်းဟာ နှလုံးရောဂါရဲ့အဓိကလက္ခဏာရပ်တစ်ခုပါပဲ။ အမျိုးသမီးတွေကအမျိုးသားတွေထက်ပိုပြီး ပင်ပန်းနွမ်းလျ ကြပါတယ်။စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကြောင့်ပင်ပန်းနွမ်းလျရတာမဟုတ်ပါဘူး။တစ်နေ့တာကုန်ဆုံးတော့မယ်ဆိုရင်ပိုပြီးပင်ပန်းလာတတ်ပါတယ်။

 

ဒီရောဂါလက္ခဏာကထင်ရှားတဲ့အတွက် သတိမထားဘဲမနေသင့်ပါဘူး။တစ်ခါတရံမှာသာမန်အလုပ်လေးတွေဖြစ်တဲ့အိပ်ယာသိမ်းခြင်း၊ရေချိုးခြင်းတို့မှာ မောပန်းနေတတ်ပါတယ်။

 

7. ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း

ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ဗိုက်မအီမသာ ဖြစ်ခြင်း၊ဗိုက်ဖောင်းပွခြင်း၊ဗိုက်နာခြင်းစတာတွေကနှလုံးရောဂါရဲ့အဖြစ်များတဲ့လက္ခဏာတွေပါပဲ။ဒီလက္ခဏာတွေကိုအမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ဝမ်းဗိုက်ပိုင်း နာကျင်မှုတွေကနှလုံးရောဂါမဖြစ်ခင်မှာ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ခန္ဓာကိုယ်မှာပင်ပန်းတဲ့အခါအစာအိမ်နာတာပိုဆိုးလာပါတယ်။

 

6. အိပ်မပျော်ခြင်း

အိပ်မပျော်ခြင်းကနှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ ပိုများပါတယ်။အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။စိုးရိမ်ကြောင့်ကြမှုများတဲ့အခါ၊ မေ့လျော့တတ်လာတဲ့အခါအိပ်မပျော်ခြင်းဟာမကြာခဏဖြစ်ပါတယ်။အိပ်ပျော်ဖို့ ခက်ခြင်း၊မကြာခဏနိုးခြင်းနဲ့အိပ်ယာ စောစောနိုးခြင်းတို့ကနှလုံးရောဂါရဲ့လက္ခဏာတွေပါပဲ။

 

5. အသက်ရှူ မဝခြင်း

အသက်ရှူဖို့ခက်ခဲတဲ့အခါအသက်ရှူ မဝခြင်းဆိုတဲ့ ပြင်းထန်တဲ့ ဝေဒနာကိုခံစားရပါတယ်။နှလုံးရောဂါမဖြစ်ခင် ခြောက်လအလိုတည်းကဒီရောဂါလက္ခဏာတွေကိုအမျိုးသားရောအမျိုးသမီးမှာပါ တွေ့ရပါတယ်။​ဆေးကုသမှုခံယူဖို့သတိပေးတဲ့လက္ခဏာတွေပါ။ လေလုံလောက်စွာမရခြင်း၊မူးဝေခြင်း၊အသက်ရှူမဝခြင်းကနှလုံးရောဂါရဲ့လက္ခဏာပါပဲ။

 

4. ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်းကလည်းသိသာတဲ့လက္ခဏာရပ်ပါပဲ။အသက် 50ကျော်တဲ့ အမျိုးသားတွေမှာဆံပင်ကျွတ်တာကို အများဆုံးတွေ့ရပါတယ်။အချို့အမျိုးသမီးတွေလည်း နှလုံးရောဂါရဲ့လက္ခဏာအနေနဲ့ဆံပင်ကျွတ်ပါတယ်။ ကော်တီဇုန်းဟော်မုန်း မြင့်တဲ့အခါ ဆံပင်ကျွတ်ခြင်းဖြစ်ပါတယ်။ဆံပင်ကျွတ်တာကလည်းမပေါ့ဆသင့်တဲ့အရာဖြစ်လို့ ဂရုစိုက်ဖို့လိုပါတယ်။

 

3. နှလုံးခုန်နှုန်း မမှန်ခြင်း

ရုတ်တရက်ထိန်းမရသိမ်းမရအောင် ကြောက်စိတ်ဝင်တဲ့အခါ၊စိုးရိမ်ပူပန်မှုများတဲ့အခါ နှလုံးခုန်နှုန်းမမှန်တော့ပါဘူး။အထူးသဖြင့် အမျိုးသမီးတွေကနှလုံးခုန်နှုန်းပိုမမှန်တတ်ပါဘူး။နှလုံးခုန်နှုန်းမမှန်ခြင်းကမမျှော်လင့်ဘဲ ဖြစ်ပေါ်တတ်ပါတယ်။

 

နှလုံးခုန်နှုန်းမမှန်ခြင်းနဲ့ နှလုံးခုန်နှုန်းများခြင်း တို့က ကွဲပြားပါတယ်။ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေလုပ်ခြင်းကနှလုံးခုန်နှုန်းများခြင်းကို ပိုအားပေးပါတယ်။အထူးသဖြင့်နှလုံးသွေးကြောကျဉ်းရောဂါရဲ့လက္ခဏာပါပဲ။

 

2. ချေွးထွက်လွန်ခြင်း

ပုံမှန်မဟုတ်တဲ့ ချေွးထွက်လွန်ခြင်းကနှလုံးရောဂါရဲ ့ရှေ့ပြေးလက္ခဏာရပ်ပါပဲ။ ချေွးထွက်လွန်ခြင်းက​နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်ဖြစ်နိုင်ပါတယ်။ဒီလက္ခဏာကိုအမျိုးသမီးတွေမှာပိုတွေ့ရတတ်ပါတယ်။ ချေွးထွက်လွန်ခြင်းက သွေးဆုံးကိုင်ချိန်ညဖက် ချေွးထွက်ခြင်းနဲ့ မှားတတ်ပါတယ်။

 

ဒီလက္ခဏာကတုပ်ကွေးရဲ့လက္ခဏာနဲ့လည်း ဆင်တူပါတယ်။အပူချိန်များတဲ့အခါ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများတဲ့အခါအသားအရေမှာ​ချေွးတွေနဲ့ စိုထိုင်းထိုင်း ဖြစ်လေ့ ရှိပါတယ်။ညဘက်မှာ ချေွးပိုထွက်တယ်လို့ထင်ရပြီး မနက်ရောက်ရင် အိပ်ယာခင်းတွေ စိုထိုင်းနေတတ်ပါတယ်။

 

1. ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်ခြင်းအမျိုးမျိုးကိုအမျိုးသားရောအမျိုးသမီးမှာပါပြင်းပြင်းထန်ထန်ခံစားရပါတယ်။အမျိုးသားတွေမှာရင်ဘတ်အောင့်ခြင်းကနှလုံးရောဂါ ဖြစ်နိုင်တဲ့အရေးကြီးဆုံး လက္ခဏာရပ်ဖြစ်ပြီးအမှတ်တမဲ့မနေသင့်ပါဘူး။ အမျိုးသမီးတွေရဲ့30 ရာခိုင်နှုန်းလောက်ပဲ ရင်ဘတ်အောင့်တာကို ခံစားရပါတယ်။

 

ရင်ဘတ်အောင့်ခြင်းဟာလက်မောင်း တစ်ဖက်၊သို့မဟုတ်လက်မောင်းနှစ်ဖက်(အထူးသဖြင့် ဘယ်ဘက်)၊အောက်မေးရိုး၊လည်ပင်း၊ ပုခုံးနဲ့ အစာအိမ်အထိမသက်မသာ ဖြစ်စေပါတယ်။ရင်ဘတ်အောင်ခြင်းကအမြဲတမ်းလည်းဖြစ်နိုင်သလိုယာယီလည်း ဖြစ်နိုင်ပါတယ်။

 

အဝလွန်ခြင်း၊ခန္ဓာကိုယ်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ် သောက်ခြင်းကြောင့်နှလုံးရောဂါ အဖြစ်များပါတယ်။ဒီအချက်လေးတွေကတော့သင့်ကျန်းမာရေးကိုသတိပြုမိနိုင်ပြီး နှလုံးရောဂါကို ကြိုတင်ကာကွ ယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)