What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 January 2020 14:57

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနမှ ဝူဟန်း ဗိုင်းရက်စ် လူဦးရေ စာရင်း ထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနမှ coronavirus ကူးစက်မှု နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၇ ရက် တနင်္လာနေ့က ဗိုင်းရက်စ်လူဦးရေ စာရင်းကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်က လူပေါင်း ၂၇၀၀ ကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၈၁ ယောက်ရှိခဲ့ပါတယ်။ 

 

တရုတ်ဝန်ကြီးချုပ် Li Keqiang က တနင်္လာနေ့ တွင် ဝူဟန်မြို့သို့ သွားရောက်ခဲ့ပြီး ရောဂါပိုးပြန့်ပွားမှုကို လျော့ချဖို့အတွက် ဟူဘေးမြို့ကို သွားတဲ့ လမ်းကြောင်းများကို ပိတ်ထားခဲ့ပြီး ဗိုင်းရပ်စ် ပျံနှံ့မှု နှေးကွေးအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ပိုး အလျင်အမြန် ပျံနှံ့လာပေးမယ့် SARA (ပြင်းထန်သော စူးရှသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ) လောက်တော့ မပြင်းထန်းသေးပါဘူးလို့ တရုတ်နိုင်ငံ ကျန်းမာရေးဌာန၏ ပြောဆိုချက်အရ သိရပါတယ်။

 

အဆိုပါ ဗိုင်းရပ်စ်ဟာဆိုရင် ကမ္ဘာ့အနှံ့ကို ပြန့်နှံ့လျက်ရှိလာပြီး ပြင်သစ်အစိုးရ နှင့် ပြင်သစ်ကားထုတ်လုပ်သူ PSA တို့ကလည်း ဝန်ထမ်းများ နှင့် မိသားစုများကို အိမ်နီးချင်းပြည်နယ်ရှိ မြို့တစ်မြို့တွင် သီးသန့်ထားရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် Shinzo Abe က ဂျပန် နိုင်ငံသားများကို လျင်မြန်စွာ ရွှေ့ပြောင်းနိုင်ရန်အတွက် ပေကျင်း နှင့် ညှိနှိုင်းနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Wuhan virus table count

အတည်ပြုထားသော ရောဂါဖြစ်ပွားမှုရှစ်ခုရှိသည့် ဟောင်ကောင်သည်ပြီးခဲ့သည့် ၁၄ ရက် အတွင်း ဟူဘူသို့ လာရောက်လည်ပတ်သူများတို့ရဲ့ ဝင်ခွင့်တွေကိုလဲ ပိတ်ပင်ထားခဲ့ပါတယ်။ 


တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ သတင်းအချက်အလတ်အရ တရုတ်နိုင်ငံ Hubei ပြည်နယ်သို့ လာရောက်လည်ပတ်သူ ဒါမှမဟုတ် ပြီးခဲ့သည့် ၁၄ ရက်အတွင် မတိုင်မှီ ရောက်ရှိနေသူတွေကို ရောဂါကူးစက်ခံရခြင်း (ဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း) မရှိကြောင်း အထောက်ထား စာရွက်စာတမ်းများ အပြနိုင်လျှင် ပြည်နယ် ဖြတ်သန်းသွားခြင်းကို ငြင်းဆန်းကြလိမ့်မည်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

Ref: Channel News Asia

Aung Win (Health Products Directory)

 

{Zawgyi}

======


 


 


 






 

Ref: Channel News Asia


Read times Last modified on Monday, 03 February 2020 21:17
Rate this item
(0 votes)