What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 June 2022 15:38

ဒီရောဂါလက္ခဏာ ၉ မျိုးကို Omicron ဟုသတ်မှတ်

2021 ခုနှစ် နိုဝင်ဘာလမှာ အာဖရိကတောင်ပိုင်းမှာ Omicron ရောဂါကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အ့ဒီနောက် ဒီဇင်ဘာလမှာ ကမ္ဘာတစ်ဝှမ်းကို လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီ ကူးစက်မှုလွယ်ကူသော မူလမျိုးကွဲ ဗိုင်းရဗ်စ်ကို သက်သေပြနိုင်ခဲ့ပါတယ်။

နော်ဝေသုသေတီများက ၂၀၂၁ ခုနှစ်နိုဝင်ဘာလမှာ အိုမီခရွန်းရောဂါဖြစ်ပွားသူ ၁၁၁ ဦး ကို စစ်တမ်းကောက်ယူခဲ့ပြီ ထိုလူတွေထဲက ၁၅ ဦးကတော့ ကိုဗစ် ၁၉ ကူးစက်ခံရပြီးနောက် အ့ဒီ ၁၅ ဦးကလည်းနောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ချေရှိနေပါတယ်။

ပါဝင်သူ ၁၁၁ ဦးအနက် 89% သည် mRNA ကာကွယ်ဆေး နှစ်ကြိမ်ထိုးခဲ့ကြသူများဖြစ်ပြီး တစ်ခုမှ booster မရရှိပါ။ရလဒ်များအရ ကာကွယ်ဆေးအပြည့်(၂ကြိမ်ထိုးခြင်း)ထိုးထားသောသူများက အဆက်မပြတ်ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ပင်ပန်းနွယ်နယ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ဖျားခြင်း နှင့် နှာချေခြင်းတို့ စတဲ့ရောဂါလက္ခဏာတွေကို ခံစားလာရပါတယ်။

ကာကွယ်ဆေးထိုးထားသူများတွင် ချောင်းဆိုးခြင်း ၊ နှာရည်ယိုခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့က အဖြစ်များဆုံး လက္ခဏာများဖြစ်ပြီး နှာချေခြင်း နှင့် ဖျားနာခြင်းတို့က ဆန့်ကျင်ဘက်ဖြစ်နေကြောင့် တွေ့ရှိခဲ့ပါတယ်။ကျန်းမာရေးကျွမ်းကျင်သူများက Omicron မျိုးကွဲ ကာကွယ်ဆေးထိုးထားသူများက ပျို့အန်ခြင်း လက္ခဏာများကို ထည့်သွင်းဖော်ပြထားပါတယ်။

ထိုလက္ခဏာများက အပျော့စားဗိုင်းရပ်စ်သဘောမျိုးဖြစ်ပြီ ဒါကိုသာမန်အအေးမိတဲ့ လက္ခဏာတွေနဲ့ ခွဲခြားသိမြင်ဖို့ ခက်ခဲပါတယ်။ Zoe ရောဂါလက္ခဏာလေ့လာမှု app ကိုတီထွင်ခဲ့သောပါမောက္ခ Tim Spector ၏ အဆိုအရ ယခုအခါအအေးမိခြင်းရောဂါရဲ့ ၅၀ ရာခိုင်နှုန်းလောက် အမှန်တကယ်ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပါတယ်။

Omicron ဖြစ်နိုင်တဲ့ အစောပိုင်းသိနိုင်တဲ့ လက္ခဏာနှစ်ခုကတော့ အပြုသသောဆောင်တဲ့ သဘောမျိုးမှာရှိနေပီ လက္ခဏာနှစ်မျိုးကတော့ ပင်းပန်နွယ်နယ်ခြင်း နဲ့ မူးဝေခြင်း သို့မဟုတ် မူးမေ့လဲခြင်းတို့ ဖြစ်တယ်လို့ ပညာရှင်များက အကြုံပြုထားပါတယ်။ ပင်ပန်းနွယ်ခြင်းဆိုတာက ပင်ပန်းနွမ်းနယ်တာထက် ပိုခံစားနိုင်ပေမယ့် ကြွက်သာနာခြင်းတွေ ဒါမှမဟုတ် အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း နှင့် အမြင်အာရုံမှုန်းဝါးခြင်းအပြင် အစာစားချင်စိတ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။

တောင်အာဖရိက ဆေးဘက်ဆိုင်ရာအဖွဲ့၏ အကြီးအကဲနှင့် ပုဂ္ဂလိကသမားတော် ဒေါက်တာ Anjelica Coetzee က တောင်အာဖရိကတွင် မျိုးကွဲပေါ်လာတုန်းက ပင်ပန်းနွမ်းနယ်မှုသည် omicron ၏ အဓိကလက္ခဏာများထဲမှ တစ်ခုဖြစ်ကြောင်း Good Morning Britain သို့ ပြောကြားခဲ့ဖူးပါတယ်။ ဒီပင်းပန်နွမ်းနယ်မှု WebMD ကျန်းမာရေး website မှစစ်တမ်းကောက်ယူခဲ့ရာမှာ အမျိုးသမီး ၄၀ ရာခိုင်နှုန်းက အမျိုးသားများ၏ သုံးပုံတစ်ပုံ နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ Covid ကြောင့် ပင်ပန်းနွယ်နယ်မှုကို ပိုကြုံတွေ့နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

မူးဝေခြင်း သို့မဟုတ် မောပန်းခြင်းများသည် သင့်တွင် Omicron ရှိနေနိုင်သည့် ဒုတိယလက္ခဏာဖြစ်ပါတယ်။ မကြာသေးမီက ဂျာမနီနိုင်ငံတွင်ဖြစ်ပွားခဲ့ ၃၅ အရွယ်ရှိ ကိုဗစ်လူနာဆိုရင် ဆေးရုံတက်လူနာဖြစ်ပြီ ဆေးရုံမှာ ထပ်တလဲလဲ မူးလဲနေတာကိုတွေ့ရှိသွားပြီ ထိုလူနာက Omicron နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ အကြုံပြုခဲ့ပါတယ်။

German Gazeta နှင့် Arztezeitung website မှာဆရာဝန်များက ရောဂါကူးစက်မှုနှင့် မူးလဲခြင်းကြား “ရှင်းလင်းတဲ့ဆက်စပ်မှုတစ်ခု” ကို တွေ့ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

Written By Aung Win (Myanmar Health Products Guide)

Ref: The Saxon Org

Read times
Rate this item
(1 Vote)