What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 April 2020 13:47

ပွေးပေါက်ပါက မည်သို့ ပျောက်ကင်းအောင်လုပ်နိုင်မလဲ

ပွေးကို အင်္ဂလိပ်အခေါ်အဝေါ် Ringworm လို့ခေါ်ပါတယ်။ပွေး ပေါက်တာဟာ သက်ရှိသတ္တဝါတွေနဲ့ ထိမိကိုင်မိလို့ပေါက်တာ မဟုတ်ပါဘူး ဒါ့ထက် ရှင်သန်နိုင်တဲ့ ကပ်ပါးကောင်ကြောင့်လဲ မဟုတ်ပါဘူး တကယ်တန်းမှာ ပွေးပေါက်တာအသားအရည်မှာ စွဲကပ်တွယ်တတ်တဲ့မိုှရောဂါမျိုး ဖြစ်ပြီး အဆိုပါ မှိုဟာ Tinea မှိုအမျိုးအစားဖြစ်ပါတယ်။

 

ထိုမှိုအမျိုးအစားက သေဆုံးနေပြီးသော ခန္ဓာကိုယ်တွင်းရှိ အရေပြားရဲ့ တစ်သျှူးစတွေပေါ်မှာ ရှင်သန်နိုင်ပါတယ်။သင့်ရဲ့ လက်သည်းတွေနဲ့ ဆံပင်တွေမှာပါ ထိုမှိုများက ရှင်သန်နိုင်ပါတယ်။ထိုပွေးပေါက်လာပါက နီနေပြီး ၊ ယားတတ်ကာ ပုံစံအားဖြင့် အဝိုင်းသို့ ဘဲဥပုံ ဆန်ဆန် အနေအထား နှင့် ပေါက်နိုင်ပါတယ်။ထိုပွေးများသည် သင့်အသားအရည်ပေါ် မျက်နှာပေါ်နှင့် အခြားနေရာ အသီးသီးမှာပေါက်တတ်ပါတယ်။တစ်ခါတစ်လေ ခြေမကြားမှာလည်း ပေါက်တတ်ပါသေးတယ်။

 

ကံကောင်းထောက်မစွာပဲ ထိုပွေးကို အိမ်မှာတင်ပဲကောင်းမွန်စွာ ကုသလို့ရပါတယ်။ထို ပွေး ပေါ်တွင် ကိုယ်လိမ်းဆီ ထည့်နိုင်ပါသည် ထည့်သည့်အခါတွင်လည်း သင့်အရေပြားနဲ့ တည့်လား မတည့်လားဆန်းကြည့်ပါတစ်ချို့ က မတည့်တာ ရှိနိုင်ပါတယ် ထိုပွေးပေါ်သို့ သံလွင်ဆီ ကို ၃ စက် သို့ ၅ စက်ချပေးပါ။ပြီး အသားနဲ့ တည့်မတည့် ၁၂ နာရီသို့ ၂၄ နာရီစောင့်ကြည့်ပါ အကယ်၍ဘာမှ မဖြစ်ဘူးဆိုလျှင် သင့်ရဲ့ ပွေးကွက်ပေါ်တွင် သုံးလို့ပါပြီ။

 

၁ ရေနှင့် ဆပ်ပြာ

အကယ်၍သင့်မှာ ပွေးရှိမယ်ဆိုလျှင် ဆပ်ပြာနဲ့ ရေဖြင့် မကြာခဏဆိုသလို ဆေးပေးပါ ဒါမှလည်း အခြားနေရာတွေကို မပြန့်ပွားအောင် ကာကွယ်ပြီးသားဖြစ်မှာပါ။ပြီးရေကို စင်အောင်တော့ သုတ်ပါ ရေမစင်ပါက ရေငွေ့က ထိုမှိုများကိုပို၍ပြန့်စေပါတယ်။

 

၂ ပန်းသီး ဗယ်နီဂါ

ပန်းသီး ဗယ်နီဂါ က ပြင်းထန်တဲ့ မှိုတိုက်ဖြတ်ရေးကို လုပ်ဆောင်ပေးပါတယ်။ဂွမ်းလုံးလေးကို ပန်းသီးဗန်နီဂါ အရည် စွတ်ကာ တစ်နေ့ ၃ ကြိမ် လိမ်းသင့်ပါတယ်။

 

၃ လက်ဖက်ပင်ရဲ့ အဆီ

သြစတေးလျလူမျိုးတွေဟာ လက်ဖက် ပင်ရဲ့ အဆီကို မှို နဲ့ ရောဂါပိုးမွှား ကာကွယ်ရေးအတွက် အသုံးပြု ကြပါတယ်။ဂွမ်းလုံးလေးကို လက်ဖက်ပင်ရဲ့ အဆီ စွတ်ကာ တစ်နေ့ ၂ ကြိမ်သို့ ၃ ကြိမ် လိမ်းသင့်ပါတယ်။

 

၄ အုန်းဆီ

အုန်းဆီက ပြင်းထန်တဲ့ မှိုတိုက်ဖြတ်ရေးကို လုပ်ဆောင်ပေးပါတယ်။ထို့အပြင် ဆံပင်ကိုလဲ နက်မှောင်သန်စွမ်းစေပါတယ်။နေ့စဉ်နေ့တိုင်း ပွေးပေါက်သည့်နေရာကို သုံးကြီမ်အနည်းဆုံးလိမ်းသင့်ပါတယ်။

 

၅ နနွင်း

နနွင်းကတော့ ကျန်းမာရေး အတွက်ကောင်းကျိုးတွေ ရှိစေပါတယ်ခန္ဓာကိုယ်နီမြန်းခြင်း ၊ ပိုးဝင်ခြင်းများအတွက် ကုသရန် အကောင်းဆုံးဖြစ်သလို မှိုရောဂါကိုလည်း တားဆီးပေးပါတယ်။တစ်နေ့တစ်ခါ ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်လေးလိမ်းသင့်သလို ၊ သင့်အနေနဲ့ နနွင်းကိုသောက်လို့လဲရပါတယ်။

 

၆ ရှားစောင်း

ရှားစောင်းက ပွေးမှ တစ်ဆင့် ဖြစ်ပွားတဲ့ ယားယံ မှု့ တွေ ၊ နီမြန်းမှု့တွေ ကို သက်သာစေပါတယ်။နေ့စဉ်နေ့တိုင်း သင့်အနေနဲ့ ရှားစောင်းကို ခြစ်ထုတ်ကာ တစ်နေ့ ၃ ကြိမ် ပွေးပေါ်တွင် ပွတ်သင့်ပါတယ်။

 

သင့်အနေနဲ့ အရေပြားဆရာဝန်ဆီသွားမည်ဆိုရင်တော့ ၂ ပတ်လောက်ကြိုတင်ပြီး ထို အိမ်တွင်းကုသ မှု့တွေကို မလုပ်သင့်ပါဘူး။

 

ပွေးဖြစ်ပွားပုံ

ပွေးက အသားအရည်တစ်ခုမှ တစ်ခု ထိတွေ့ဆက်ဆံခြင်းကနေကူးစက်စေနိုင်ပါတယ် ။ အကယ်၍ ပွေးပေါက်တဲ့ သူတစ်ယောက်ရဲ့ အသားကို သင်က ထိမိတယ်ဆိုပါတော့ သင်ကူးစက်နိုင်ပါတယ်။သင့်အနေနဲ့ ပွေး မပေါက်စေချင်ဘူးဆိုပါက ရေချိုးပြီးလျှင်ရေကို ခြောက်အောင်သုတ်ပါ ခန္ဓာကိုယ်တွင် အစိုဓာတ်မထားပါနှင့် ...

 

<<< Zawgyi >>> 

 

ေပြးေပါက္ပါက မည္သို႕ ေပ်ာက္ကင္းေအာင္လုပ္နိုင္မလဲ

-------------------

 

ေပြးကို အဂၤလိပ္အေခၚအေဝါ္ Ringworm လို႕ေခၚပါတယ္။ေပြး ေပါက္တာဟာ သက္ရွိသတၱဝါေတြနဲ႕ ထိမိကိုင္မိလို႕ေပါက္တာ မဟုတ္ပါဘူး ဒါ့ထက္ ရွင္သန္နိုင္တဲ့ ကပ္ပါးေကာင္ေၾကာင့္လဲ မဟုတ္ပါဘူး တကယ္တန္းမွာ ေပြးေပါက္တာအသားအရည္မွာ စြဲကပ္တြယ္တတ္တဲ့မိုွေရာဂါမ်ိဳး ျဖစ္ျပီး အဆိုပါ မိႈဟာ Tinea မႈိအမ်ိဳးအစားျဖစ္ပါတယ္။

 

ထိုမိႈအမ်ိဳးအစားက ေသဆုံးေနျပီးေသာ ခႏၶာကိုယ္တြင္းရွိ အေရျပားရဲ႕ တစ္သ်ွူးစေတြေပၚမွာ ရွင္သန္နိုင္ပါတယ္။သင့္ရဲ႕ လက္သည္းေတြနဲ႕ ဆံပင္ေတြမွာပါ ထုိမႈိမ်ားက ရွင္သန္နိုင္ပါတယ္။ထိုေပြးေပါက္လာပါက နီေနျပီး ၊ ယားတတ္ကာ ပံုစံအားျဖင့္ အဝိုင္းသို႕ ဘဲဥပံု ဆန္ဆန္ အေနအထား နွင့္ ေပါက္နိုင္ပါတယ္။ထိုေပြးမ်ားသည္ သင့္အသားအရည္ေပၚ မ်က္နွာေပၚနွင့္ အျခားေနရာ အသီးသီးမွာေပါက္တတ္ပါတယ္။တစ္ခါတစ္ေလ ေျခမၾကားမွာလည္း ေပါက္တတ္ပါေသးတယ္။

 

ကံေကာင္းေထာက္မစြာပဲ ထိုေပြးကို အိမ္မွာတင္ပဲေကာင္းမြန္စြာ ကုသလို႕ရပါတယ္။ထို ေပြး ေပၚတြင္ ကိုယ္လိမ္းဆီ ထည့္နိုင္ပါသည္ ထည့္သည့္အခါတြင္လည္း သင့္အေရျပားနဲ႕ တည့္လား မတည့္လားဆန္းၾကည့္ပါတစ္ခ်ိဳ႕ က မတည့္တာ ရွိနိုင္ပါတယ္ ထိုေပြးေပၚသို႕ သံလြင္ဆီ ကို ၃ စက္ သို႕ ၅ စက္ခ်ေပးပါ။ျပီး အသားနဲ႕ တည့္မတည့္ ၁၂ နာရီသို႕ ၂၄ နာရီေစာင့္ၾကည့္ပါ အကယ္၍ဘာမွ မျဖစ္ဘူးဆုိလွ်င္ သင့္ရဲ႕ ေပြးကြက္ေပၚတြင္ သံုးလို႕ပါျပီ။

 

၁ ေရနွင့္ ဆပ္ျပာ

အကယ္၍သင့္မွာ ေပြးရွိမယ္ဆိုလ်ွင္ ဆပ္ျပာနဲ႕ ေရျဖင့္ မၾကာခဏဆိုသလို ေဆးေပးပါ ဒါမွလည္း အျခားေနရာေတြကို မျပန့္ပြားေအာင္ ကာကြယ္ျပီးသားျဖစ္မွာပါ။ျပီးေရကို စင္ေအာင္ေတာ့ သုတ္ပါ ေရမစင္ပါက ေရေငြ႕က ထိုမႈိမ်ားကိုပို၍ျပန္႔ေစပါတယ္။

 

၂ ပန္းသီး ဗယ္နီဂါ

ပန္းသီး ဗယ္နီဂါ က ျပင္းထန္တဲ့ မႈိတိုက္ျဖတ္ေရးကို လုပ္ေဆာင္ေပးပါတယ္။ဂြမ္းလုံးေလးကို ပန္းသီးဗန္နီဂါ အရည္ စြတ္ကာ တစ္ေန႕ ၃ ၾကိမ္ လိမ္းသင့္ပါတယ္။

 

၃ လက္ဖက္ပင္ရဲ႕ အဆီ

ၾသစေတးလ်လူမိ်ဳးေတြဟာ လက္ဖက္ ပင္ရဲ႕ အဆီကို မႈိ နဲ႕ ေရာဂါပိုးမႊား ကာကြယ္ေရးအတြက္ အသံုးျပဳ ၾကပါတယ္။ဂြမ္းလုံးေလးကို လက္ဖက္ပင္ရဲ႕ အဆီ စြတ္ကာ တစ္ေန႕ ၂ ၾကိမ္သို႕ ၃ ၾကိမ္ လိမ္းသင့္ပါတယ္။

 

၄ အုန္းဆီ

အုန္းဆီက ျပင္းထန္တဲ့ မႈိတိုက္ျဖတ္ေရးကို လုပ္ေဆာင္ေပးပါတယ္။ထို႕အျပင္ ဆံပင္ကိုလဲ နက္ေမွာင္သန္စြမ္းေစပါတယ္။ေန႕စဥ္ေန႕တိုင္း ေပြးေပါက္သည့္ေနရာကို သံုးၾကီမ္အနည္းဆုံးလိမ္းသင့္ပါတယ္။

 

၅ နနြင္း

နႏြင္းကေတာ့ က်န္းမာေရး အတြက္္ေကာင္းက်ိဳးေတြ ရွိေစပါတယ္ခႏၶာကိုယ္နီျမန္းျခင္း ၊ ပိုးဝင္ျခင္းမ်ားအတြက္ ကုသရန္ အေကာင္းဆုံးျဖစ္သလို မႈိေရာဂါကိုလည္း တားဆီးေပးပါတယ္။တစ္ေန႕တစ္ခါ ေရအနည္းငယ္နဲ႕ ခပ္ပ်စ္ပ်စ္ေလးလိမ္းသင့္သလို ၊ သင့္အေနနဲ႕ နနြင္းကိုေသာက္လုိ႕လဲရပါတယ္။

 

၆ ရွားေစာင္း
ရွားေစာင္းက ေပြးမွ တစ္ဆင့္ ျဖစ္ပြားတဲ့ ယားယံ မႈ႕ ေတြ ၊ နီျမန္းမႈ႕ေတြ ကို သက္သာေစပါတယ္။ေန႕စဥ္ေန႕တိုင္း သင့္အေနနဲ႕ ရွားေစာင္းကို ျခစ္ထုတ္ကာ တစ္ေန႕ ၃ ၾကိမ္ ေပြးေပၚတြင္ ပြတ္သင့္ပါတယ္။

 

သင့္အေနနဲ႕ အေရျပားဆရာဝန္ဆီသြားမည္ဆိုရင္ေတာ့ ၂ ပတ္ေလာက္ၾကိဳတင္ျပီး ထို အိမ္တြင္းကုသ မႈ႕ေတြကို မလုပ္သင့္ပါဘူး။

 

ေပြးျဖစ္ပြားပံု

ေပြးက အသားအရည္တစ္ခုမွ တစ္ခု ထိေတြ႔ဆက္ဆံျခင္းကေနကူးစက္ေစနိုင္ပါတယ္ ။ အကယ္၍ ေပြးေပါက္တဲ့ သူတစ္ေယာက္ရဲ႕ အသားကို သင္က ထိမိတယ္ဆိုပါေတာ့ သင္ကူးစက္နိုင္ပါတယ္။သင့္အေနနဲ႕ ေပြး မေပါက္ေစခ်င္ဘူးဆိုပါက ေရခ်ိဳးျပီးလ်ွင္ေရကို ေျခာက္ေအာင္သုတ္ပါ ခႏၶာကိုယ္တြင္ အစိုဓာတ္မထားပါနွင့္ ...

 

Ref ; Healthline 

Read times
Rate this item
(1 Vote)