What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 December 2020 17:48

အိမ်တွင်း ပစ္စည်းလေးများနဲ့ ညှင်းပျောက်နည်း (၆) နည်း

ညှင်းဆိုတာ အရေပြားထဲမှာ အရောင်ဖျော့၊ အရောင်ရင့် အကွက်များပေါ်တဲ့ Tinea versicolor (သို့) pityriasis versicolor လို့ ခေါ်တဲ့ အရေပြား မှိုစွဲတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ညှင်းပေါက်စေတဲ့ အဓိက အကြောင်းရင်တွေကတော့ ---

 

(၁) ကိုယ်ခံအား နည်းခြင်း

(၂) ချွေးထွက် များခြင်း

(၃) ရာသီဥတု ပူလောင်ခြင်း

(၄) မိမိအရေပြားမှာ အဆီထွက်လွန်ခြင်း

စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ညှင်းဖြစ်နိုင်ပါတယ်။

 

အချို့က ကျောကုန်း၊ လည်ပင်းတို့မှာအစက်အကွက် သေးသေးလေးတွေ သာတွေ့ရပေမဲ့ တချို့ကတော့ အရေပြားပြင်လိုက် ညှင်းပေါက်တတ်ပါတယ်။ အရေပြား ဆရာဝန်တွေကတော့ အရေပြား ကူးစက်ရောဂါဖြစ်စေတဲ့ yeast ကို ထိန်းချုပ်နိုင်ဖို့သောက်ဆေးလည်းပေး လေ့ရှိပါတယ်။

 

ညှင်းကို အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ကုသနည်း (၆) နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ဒိန်ချဉ်ကိုသုံးရမှာပါ။ ညှင်းကွက်ပေါ်မှာ ဒိန်ချဉ်ကို သုတ်လိမ်းပေးရတာပါ။ (မှတ်ချက်အနေနဲ့-ဘာမှမရော ထားတဲ့ ဒိန်ချဉ်သီးသန့်ကိုသာ သုံးရမှာပါ။သကြားပါတဲ့ ဒိန်ချဉ်ဆိုရင်တေ့ာ Yeast ကိုပိုအားကောင်းအောင် လုပ်ပေးသလို ဖြစ်သွားနိုင်လိုပါ။)

 

(၂) နောက်တနည်းအနေနဲ့ Apple cider Vinegar (ပန်းသီး cider ရှာလကာရည်ပါ)။ မှိုစွဲတာကို သတ်ပေးနိုင် တဲ့ အစွမ်းထက် မီးဖိုချောင် ပစ္စည်းလေးပါ။ apple cider vinegar ကိုတခွက်လောက်ရောစပ်ပြီး ခပ်ကြာကြာ လေးစိမ်ပေးတာမျိုး လုပ်နိုင်ပါတယ်။ ရေ နှင့် apple cider vinegar ကိုဆတူ ရောစပ်ပြီးညှင်းကွက်နေရာတွေ ပေါ်သို့ ဂွမ်းနဲ့သုတ်ပေးနိုင်ပါတယ်။

 

(၃) Tea Tree Oil ဆိုတဲ့ လက်ဖက်ပင်အဆီပါ။ အရေပြား ကူးစက်ရောဂါအမျိုးမျိုးအတွက် သဘာဝအားဖြင့်ကို မှိုသတ်ပေးနိုင်စွမ်း ရှိပါတယ်။ သံလွင်ဆီ တဇွန်းစာလောက်ကို လက်ဖက်ဆီ ၅ စက်-၇ စက်လောက် ရောထည့်ပြီး ညှင်းပေါက်တဲ့ အရေပြားပေါ်သုတ်လိမ်းပေးရမှာပါ။

 

(၄) အုန်းဆီကလည်း ညှင်းပျောက်အောင် လုပ်ပေးနိုင်တဲ့ အိမ်တွင်းပစ္စည်းလေးတခုပါ။ ညှင်းကွက်နေရာကို အုန်းဆီခပ်ပါးပါး လိမ်းပေးရမှာပါ။အုန်းဆီတွေ ခြောက်ပြီး အရေပြားပေါ်က yeast တွေသေဆုံးသွားတဲ့အထိ အချိန်ပေးပြီး လိမ်းပေးရပါမယ်။

 

(၅) အရေပြားရောဂါ အမျိုးမျိုးအတွက်အစွမ်းထက်တဲ့ ရှားစောင်းလတ်ပတ်ကို သုံးရမှာပါ။ ရှားစောင်းလတ်ပတ် ရဲ့အတွင်းသား ဂျယ်လီဟာ yeast တွေကို သတ်ပေးနိုင်စွမ်း ရှိရုံသာမက အခြားအရေပြားပြဿနာဖြစ်နေတဲ့ နေရာတွေပါ အမြန်ဆုံးသက်သာပျောက်ကင်းစေနိင်ပါတယ်။ ရှားစောင်းလက်ပတ် အရွက်ကို အပင်မှ ချိုးယူ လိုက်ပြီး အရေပြားပေါ် တိုက်ရိုက်သုတ်လိမ်းပေးတာပါ။ တစ်နေ့ ၃ ကြိမ်လောက်မှန်မှန်အမြဲတမ်း ပျောက်သည့်အထိ လုပ်ပေးရပါမယ်။

 

(၆) အနံကတော့ပြင်းပေမဲ့ yeast ကိုအကောင်းဆုံးတိုက်ဖျတ်ပေးနိုင်တာကတော့ ကြက်သွန်ဖြူပါ။ ကြက်သွန် ဖြူဥ (အမြွာလေး) များကိုထုချေလိုက်ပြီး ထွက်လာတဲ့ အစေး၊ အရည် ကို ညှင်းကွက် အရေပြားပေါ်ပွတ်တိုက်သုတ် လိမ်းပေးပါ။ စူးတူးရှတ ခံစားမှုလေးတော့ရှိမှာပါ။ဒါပေမဲ့ ညှင်းတွေကို ယူပစ်သလိုပျောက်တဲ့ ဆေးနည်းလေးပါ။ ကြက်သွန်ဖြူ တနေ့ကို ၂ မွှာ ၃ မွှာ စားပေးခြင်းဖြင့်လည်း ညှင်းပျောက်စေနိုင်ပါတယ်။

Read times Last modified on Thursday, 03 December 2020 17:55
Rate this item
(6 votes)