What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 December 2022 15:59

သွေးအားနည်းခြင်းကို ဖြစ်စေသော ‌အကြောင်းအရင်း ( ၃ ) ချက်

တကယ်လို သင်ဟာ သွေးအား နည်းနေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဆီကို သွေး တွေကနေတစ်ဆင့်  အောက်စီဂျင်ကို လုံလောက်အောင် သယ်ယူ လုပ်ဆောင်ပေးနိုင်မှာမဟုတ်တော့ပါဘူး။


ဘာကြောင့် မသယ်နိုင်တော့တာလဲ

အဖြစ်အများဆုံး သွေးအားနည်းရတဲ့ အကြောင်းကတော့ သံဓါတ်ကို လုံလောက်စွာ မရရှိလို့ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ Hemoglobin ကိုပြုလုပ်ဖို့ရာအတွက် Iron သံဓါတ်ကို လိုပါတယ်။Hemoglobin ဟာ Rich Iron Protein ဖြစ်ပြီး အဆုတ်ကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ Oxygenကို သယ်ယူပို့ဆောင်တဲ့ အလုပ်ကို လုပ်ပါတယ်။



သွေးအားနည်းစေတဲ့ အကြောင်းအရင်း ()မျိုးကတော့

အကြောင်းအရာတစ်ခုခုကြောင့်  သွေးဆုံးရှုံးမှု များခြင်း (Blood loss)

သံဓါတ်ချို့တဲ့မှုကြောင့် သွေးနီဥကောင်းစွာ မထုတ်လုပ်နိုင်ခြင်း (  lack of red blood cell production )

သွေးနီဥဖျက်စီးခံရမှု များနေခြင်း (High Rate of RBCs Destruction) တို့ကြောင့်ဖြစ်ပါတယ်။

သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေတဲ့ အချက်တွေထဲမှာ  မိန်းကလေးများရာသီသွေးဆင်းများခြင်း၊ ကိုယ်ဝန်ဆောင်ချိန် Ulcer ရရင် Colon polyps (or) colon cancer ရခဲ့ရင် ၊မွေးရာပါ disorders ရှိနေသူတွေ၊ နေထိုင်စားသောက်ရာမှာ သံဓါတ်လုံလောက်စွာ မရရှိသူတွေ၊thalassemia    cancer sickle cell

anemia စတဲ့ blood disorder ရှိသူတွေ Aplastic anemia နဲ့ G6PD Deficiency ရှိသူတွေ ပါပါတယ်။


သွေးအားနည်းရောဂါကို ခံစားရမယ်ဆိုရင်

မောပန်း နွမ်းနယ်တာ ခေါင်းမူးနေတတ်တာ အသက် ခဏခဏ ရှိက်ရှုရတာ နဲ့ ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာ တွေဖြစ်လာနိုင်ပါတယ်။
သွေးအားနည်းခြင်း မဖြစ်စေရန် နီရဲသော အသားများ၊ အစိမ်းရင့်ရောင်ရှိ အသီးအရွက်များ၊ ဥအမျိုးမျိုး နဲ့ ငါးများစားခြင်း အပြင်  သံဓါတ် အားဖြည့်ဆေးများ သောက်သုံးပေးနိုင်ပါတယ်။

 

 

 

 

 

Ref: Mydoctor

Read times
Rate this item
(0 votes)