What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 January 2019 17:16

ဖခင်ဘဝက အမျိုးသားများအား အပြုအမူ ဆိုးများကို စွန့်လွှတ်စေသည်

အမျိုးသားများသည် ဖခင်များ ဖြစ်လာပြီးသည့် နောက်တွင် အရက်သေစာ သောက်သုံးမှု၊ ဆေးလိပ် သောက်မှု သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်မှုတို့ လျော့နည်း လာကြကြောင်း ကာလရှည် လေ့လာမှု တစ်ရပ်က ဖော်ပြခဲ့သည်။

    ယခု လေ့လာမှုတွင် အသက် ၁၂ နှစ်မှ ၃၁ နှစ်ကြား အပြုအမူဆိုးများ ကျူးလွန်နိုင်ခြေ အရှိဆုံး အမျိုးသား ၂၀၀ ဦးအား လေ့လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား တစ်နှစ်တစ်ကြိမ် လေ့လာခဲ့သည်။ ယခင် လေ့လာမှုများက လက်ထပ်ပြီးသည့် အချိန်တွင် အမျိုးသားများ၏ အပြုအမူဆိုးများ လျော့ကျလာကြောင်း တွေ့ရှိခဲ့ရသော်လည်း ဖခင်ဘဝ၏ လွှမ်းမိုးမှုကိုမူ လေ့လာခဲ့ခြင်း မရှိသေးပေ။

    ယခု လေ့လာမှု၏ တွေ့ရှိချက်အရ ဖခင်ဘဝကို ရောက်ရှိလာလျှင် ရာဇဝတ်မှုများ လျော့ပါးခြင်း၊ အရက်၊ ဆေးလိပ်သောက်သုံးမှု လျော့နည်းခြင်းတို့ ဖြစ်လာလေ့ ရှိသည်။ ထို့ပြင် နှစ်ဆယ်ကျော် အစိတ်ကာလအတွင်း သားဦးရရှိသူ အမျိုးသားများထက် ၂၅ နှစ်မှ ၃၀ ကျော် နှစ်များအတွင်း သားဦးရရှိသူ အမျိုးသားများက ၎င်းတို့၏ အပြုအမူဆိုးများအား ပိုမို လျှော့ချလေ့ရှိကြောင်း တွေ့ရှိခဲ့ရသည်။

 

ဤသို့ ဖြစ်ရခြင်းမှာ အသက်အရွယ် ပိုကြီးသူ အမျိုးသားများက ဖခင်ဘဝကို ပိုမိုနှစ်သက် ခုံမင်ပြီး အပြုအမူဆိုးများအား လျော့ချနိုင်ရန် ပိုမိုကြိုးစားကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း လေ့လာသူများက မှတ်ချက်ပေးခဲ့သည်။

 

ဖခင်ဘဝနှင့် အပြုအမူဆိုးများ လျော့ကျမှု ဆက်စပ်နေခြင်းမှာ “အရွယ်ရလာသည်နှင့်အမျှ လူငယ်ဘဝ၏ အပြုအမူများအား လုပ်ဆောင်လိုမှု လျော့နည်းလာခြင်း” သည်လည်း အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ကြောင်း အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေးဗစ်ကားရ်က ပြောကြားခဲ့သည်။

 

ယခု တွေ့ရှိချက်များအား Journal of Marriage and Family တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ “အခု လေ့လာမှုအရ အရင်က ဆိုးသွမ်းတဲ့ အပြုအမူတွေရှိခဲ့တဲ့ အမျိုးသားတွေမှာတောင် ဖခင်ဘဝ ရောက်ရှိတာဟာ အပြောင်းအလဲ ဖြစ်စေနိုင်တာ တွေ့ရပါတယ်။

 

အဲဒီအချိန်ဟာ ဖခင် အသစ်စက်စက်တွေဟာ ကောင်းတဲ့ ညွှန်ပြမှုတွေကို နားထောင်လက်ခံပြီး ကောင်းတဲ့ အပြုအမူတွေကို ပြောင်းလဲ ကျင့်သုံးလိုတဲ့အချိန် ဖြစ်တဲ့အတွက် အပြုအမူဆိုးတွေကို လျှော့ချဖို့ နားချချင်ရင် ဒီအချိန်ဟာ အကောင်းဆုံးပါပဲ” ဟု ကားရ်က ဆိုခဲ့ပါသည်။

Source:KZH (Pharmaco)(yatanarpon)

 

Read: သားဥအိမ်ကင်ဆာ သို့မဟုတ် မမျိုးဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာ သို့မဟုတ် မမျိုးဥအိမ်ကင်ဆာ

Read times Last modified on Wednesday, 27 February 2019 14:57
Rate this item
(0 votes)