What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 May 2017 14:17

ငုံးဥကို များများ စားသုံးသင့်အကြောင်းများ

ငုံးဥကို များများ စားသုံးသင့်အကြောင်းများ Google.com

ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်းစေပြီး စားသုံးသင့်တဲ့ သူတွေကတော့ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ သွေးအားနည်းတဲ့ သူများ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။

ဦးနှောက်သွေးကြောရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

ငုံးဥမှာ ပရိုတင်း၊ အဆီ၊ သံဓာတ် လက်စီသင် (Lecithin) ၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်) ၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။

ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီးပြီး စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော် ပါတယ်။

ငုံးဥမှာ ပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပြီး ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသ ပေးနိုင်တယ်။

ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်တာကြောင့် ၀နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါပြီး ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ်ထိန်းပေးပါတယ်။

ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာမို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေး သင့်ပါတယ်။

၁. ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် အကျိုး ရှိပါတယ်။

၂. ငုံးဥဆန်ပြုတ် စားမယ်ဆိုရင် သွေးတိုး သမားကို သွေးကျ စေပြီး အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့် ပေးပါတယ်။

၃. ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းကို ပြန်လည် ကောင်း မွန်စေဖို့ ပြုပြင်ပေးပါတယ်။

သတိပြုစရာ

ငုံးဥကို လိမ္မော်သီးနဲ့ တွဲမစား သင့်ပါဘူး။ တွဲစားမိရင်တော့ ၀မ်းပျက်ခြင်း၊ ၀မ်းဖော ရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ် စေပါတယ်။

ငုံးဥကို ၀က်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်း စက်တွေ ထွက်ပေါ် လာနိုင်ပါတယ်။

Source: ကျန်းမာရေးဗဟုသုတ

Read times
Rate this item
(2 votes)