What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 June 2017 09:28

ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်သောအစားအစာ(၆)မျိုး

ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်သောအစားအစာ(၆)မျိုး Google.com

ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်

၁. အရက် ၊ ဘီယာ

ဒူးရင်းသီးစားရင်းနဲ့ သောက်တာက သေနိုင်လောက်တဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒူးရင်းသီးမှာပါတဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရက်ပမာဏထိန်းချုပ်တာကို ကူညီပေးတဲ့ ဆဲလ်တွေကို ဟန့်တားပေးပါတယ်။ အဲဒါဟာ သေစေနိုင်တဲ့အထိ ဖြစ်စေပါတယ်။

၂. နို့

ဒူးရင်းသီးက သွေးထဲမှာရှိတဲ့ ကဖင်းဓာတ်ကို လျော့နည်းစေပါတယ်။ ကဖင်းဓာတ်ဆိုတာ လူကိုလန်းဆန်းစေတဲ့ ဓာတ်တစ်မျိုးပါ။

ဒူးရင်းသီးအများကြီးစားတဲ့အခါ အိပ်ချင်တာတို့ ၊ ခေါင်းလေးနေတာတို့ ဖြစ်တတ်ပါတယ်။ အဲဒါ ကဖင်းဓာတ် လျော့သွားလို့ပါ။ ဒူးရင်းသီးကို နို့နဲ့တွဲစားရင် ကဖင်းဓာတ်ကို ပိုလျော့စေပြီး သွေးတိုးတာတွေဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် သေတဲ့အထိဖြစ်နိုင်ပါတယ်။

၃. ကိုကာကိုလာ

ကဖင်းဓာတ်အများကြီးပါတဲ့ ကိုကာကိုလာ နဲ့ ဒူးရင်းသီးကို တွဲစားတဲ့အခါ ရုတ်တရတ် နှလုံးရပ်တာ ၊ အသက်ရှူ ကြပ်တာတွေ ဖြစ်စေပါတယ်။

၎. ခရမ်းသီး

ခရမ်းသီးရော ဒူးရင်းသီးရောက အပူစာတွေပါ။ ဒီနှစ်ခုကို ရောစားလိုက်ရင် အပူတွေများပြီး နေမကောင်း ဖြစ်စေပါတယ်။

၅. ဂဏန်း

ဂဏန်းက အအေးစာဖြစ်ပြီး ဒူးရင်းက အပူစာဆိုတော့ အဲဒီနှစ်ခုကို တွဲစားလိုက်ရင် ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။

၆. အမဲသား

အမဲသားက ဒူးရင်းသီးလိုပဲ အပူစာပါ။ တွဲစားရင် အပူများပြီး နေမကောင်းဖြစ်စေပါတယ်။

Source: search myanmar

Read times
Rate this item
(2 votes)