What's New


Tuesday, 10 September 2019 11:38

မျက်​စိ ပျက်​စီးသူများအတွက်​ သတင်း​ကောင်း

မျက်​စိအတု တပ်​မယ်​ဆို ဒါ​လေး​တွေ​တော့ သိဖို့လိုအပ်​ပါတယ်​ ။ မျက်စိအတု တပ်မယ်ဆိုရင် အမြင်​အာရုံပျက်​စီးပြီး ဥုပဓိရုပ်​မလှပသူ​တွေ ၊ အားလုံးရှိပြီးတိမ်​ဖုံး​နေသူ​တွေ ၊ ​မွေးရာပါ မရှိသူ​တွေ နဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ မျက်စိပျက်​စီးသူ​တွေဆို ထည့်​ရပါတယ်​။

မေး။ ထည့်​ပြီးရင်​​ရော ထပ်​ပြရ​သေးလား?

ဖြေ။ ထည့်​ပြီးတဲ့မျက်​လုံးအတွက်​ မကြိုက်​တာတစ်​စုံတစ်​ရာရှိခဲ့လျှင်​ နှစ်​လအတွင်း အခမဲ့ ပြင်​နိုင်​ပါတယ်

မေး။ ခွဲစိတ်​တာ​တွေလုပ်​မှာလား?နာလား?

ဖြေ။ ခွဲစိတ်​မှူမပါ နာကျင်​မှူမရှိပဲနဲ့ကျန်​တစ်​ဖက်​နဲ့မျက်​​ကြောမျက်​ဆံတူ​အောင်​ လုပ်​ပါတယ်​၊မျက်​အိမ်​က​တော့ အရှိအတိုင်းပဲ ရပါမယ်

မေး။ ဘယ်​နှစ်​ရက်​ကြာလဲ?

ဖြေ။ စလုပ်​တဲ့ရက်​ကဆို ၅ရက်​အကြာမှာရပါမယ်​..​နေ့စဉ်​လာစရာမလိုပါ။စရက်​ ပြီးရက်​ နှစ်​​ခေါက်​လာရပါမယ်​။

မေး။ ​နေထိုင်​စရာစီစဉ်​​ပေးလား?

ဖြေ။ မိမိအစီအစဉ်​ပါ.. ​ဆေးခန်းအနီး တည်းခိုခန်းများ​တော့ ရှိပါသည်​။

မေး။ မျက်​လုံးတပ်​ထားရင်​ ဘာဆိုးကျိုး​တွေရှိလဲ.ဘာ​တွေ​ရှောင်​ရမလဲ?

ဖြေ။ ဆိုးကျိုးလုံးဝမရှိပါ..အလုပ်​ကြမ်းအားလုံးလုပ်​နိုင်​ပါတယ်​၊​ရေကူးရင်​တပ်​ကူးခြင်း​တော့​ရှောင်​ရပါမယ်​။

မေး။ ညအိပ်​ရင်​​ရောပိတ်​လား?

ဖြေ။ အစစ်​လိုပါပဲ..ညအိပ်​ရင်​ပိတ်​ပြီး.မျက်​​တောင်​အဖွင့်​အပိတ်​ရပါတယ်

မေး။ မျက်​လုံးကအရှင်​လား..အ​သေတပ်​ထားရလား?

ဖြေ။ မျက်​လုံးကအရှင်​ပါ..တစ်​​နေ့တစ်​ကြိမ်​ မနက်​တိုင်းဖြုတ်​​ဆေးရပါမယ်

မေး။ မဖြုတ်​ပဲထားရင်​​ရော ဘာဖြစ်​လဲ?

ဖြေ။ မဖြုတ်​ပဲထားလျှင်​ အတုနဲ့အစစ်​ကြားမှာ မျက်​၀တ်​​တွေကိန်း​အောင်း​နေတတ်​သည်​..ကြာရင်​မာလာပြီး ခုလုခုလုဖြစ်​တတ်​တယ်​..ဒါ​ကြောင့်​ ဖြုတ်​​ဆေးခြင်းဖြင့်​ သန့်​ရှင်း​ရေးအတွက်​ အထူး​ကောင်းပါသည်

မေး။ ဖြုတ်​တပ်​ရခက်​လား..နာလား?

ဖြေ။ ဖြုတ်​တပ်​ သင်​​ပေးပါတယ်​..လွယ်​ကူပါတယ်​..နာတာလည်းမရှိသလို လူနာတိုင်း တတ်​​မြောက်​ကြပါတယ်

မေး။ လာကုရင်​ ဘယ်​နှစ်​ရက်​ကြာမလဲ?

ဖြေ။ နယ်​ကဆို ၄ရက်​၊ရန်​ကုန်​ကဆို ၅ရက်​ကြာပါတယ်

မေး။ ​နေရာခွဲ​တွေ​ရော ရှိပါသလား?

ဖြေ။ ရန်​ကုန်​ တစ်​​နေရာထဲပဲ ရှိပါတယ်

မေး။ တခြားမြို့​တွေမှာလည်း ရှိတယ်​လို့​ပြောကြတယ်​ ဟုတ်​ပါသလား?

ဖြေ။ ပညာသင်​ထားခြင်းမရှိပဲ.​အောင်​လက်​မှတ်​မရှိပဲ လုပ်​သူ​တွေက​တော့ ရှိမှာပါ..ကျွန်​​တော်​ကဒီပညာကို အင်္ဂလန်​က​နေ ထူးချွန်​​ကျောင်းသားဖြင့်​​အောင်​မြင်​ခဲ့ပြီး ဘွဲ့လက်​မှတ်​ ရတာတစ်​ဦးထဲရှိတာမို့ တစ်​ဦးတည်းပညာရှင်​လို့ ​ခေါ်ဆိုခြင်းဖြစ်​ပါတယ်

မေး။ ​ဈေးနှုန်း က​ရောဘယ်​လိုယူပါသလဲ?

ဖြေ။ အပြီးအစီးကို နှစ်​သိန်းခွဲ နဲ့ သုံးသိန်း နှစ်​မျိုးရှိပါတယ်​၊ကုန်​ကြမ်းပစ္စည်းကွာ၍ ​ဈေးကွာခြားခြင်း ဖြစ်​ပါတယ်

မေး။ သက်​တမ်းက​ရော ဘယ်​​လောက်​ခံပါသလဲ?

ဖြေ။ အတုက တစ်​သက်​အာမခံတယ်​.. ​ဆေးကွာလတီနဲ့ ပစ္စည်းက ဂျပန်​နဲ့အင်္ဂလန်​ နှစ်​မျိုးသုံး​တော့ စိတ်​ချရပြီး​နေထိုင်​ရတာ သက်​​တောင့်​သက်​သာ ရှိတယ်

မေး။ တစ်​ကြိမ်​တပ်​တာနဲ့အဆင်​​ပြေလား၊ခဏခဏ လဲရတာရှိလား?

ဖြေ။ အတုက တသက်​အာမခံခြင်းဟာအ​ရောင်​ပိုင်ြး​ဖစ်​ပါတယ်​၊ကျန်​ရှိတဲ့ တစ်​ဖက်​မျက်​လုံးဟာ အသက်​အရွယ်​ကြီးလာတာနဲ့အမျှ အ​ရောင်​ပိုရင့်​လာသလို မျက်​အိမ်​​ပြောင်းလဲလာတတ်​ပါတယ်​၊အဲ့လိုအချိန်​မျိုး​ရောက်​ရင်​ တစ်​ဖက်​နဲ့တစ်​ဖက်​ မတူနိုင်​ပါဘူး၊အဲ့လိုမျိုးကျမှ အသစ်​ထပ်​မံပြုလုပ်​​ပေးရပါမယ်​.ဘယ်​​လောက်​ကြာမှ ပြန်​လဲရမယ်​လို့ အတိအကျ မရှိပါဘူး

မေး။ ဆရာတို့ဖွင့်​ထားတာကြာပြီလား?

ဖြေ။ ၁၉၇၆ခုနှစ်​မှာ နိုင်​ငံ​တော်​က​ပညာ​တော်​သင်​​စေလွှတ်​တဲ့ ကိုလံဗို စီမံကိန်းအရ အင်္ဂလန်​နိုင်​ငံသို့ ​စေလွှတ်​ခံရပြီး အဲ့ဒီ နိုင်​ငံရဲ့နှစ်​နှစ်​ဆယ်​အတွင်းမှာ ထူးချွန်​​ကျောင်းသားအဖြစ်​ဂုဏ်​ပြုချီးမြှင့်​ခြင်းခံရပြီး ၁၉၇၇မှယ​နေ့ချိန်​ထိ နှစ်​​ပေါင်း၄၀ ​ကျော်​ မျက်​စိအတုတပ်​ဆင်​​ပေးနိုင်​ခဲ့ပါတယ်

မေး။ ဆရာတို့က မျက်​စိအတုပဲလား၊ဘာ​တွေရ​သေးလဲ?

ဖြေ။ မျက်​စိအတုအပြင်​ မျက်​နှာအစိတ်​အပိုင်းဖြစ်​တဲ့ နားရွက်​အတု၊နှ​ခေါင်းအတု၊ခန္တာကိုယ်​အစိတ်​အပိုင်းဖြစ်​တဲ့ လက်​​ချောင်း၊​ခြေ​ချောင်းအတု များပါတပ်​ဆင်​​ပေးပါတယ်

မေး။ မျက်​အိမ်​ပျက်​စီးတဲ့သူ၊ကင်​ဆာ​ကြောင့်​ခွဲထုတ်​ထားတဲ့ လူနာ​တွေကို​ရော ဘယ်​လိုထည့်​လို့ရပါသလဲ?

ဖြေ။ မျက်​လုံးဆိုတာ အ​​ပေါ်မျက်​ခွံ၊​အောက်​မျက်​ခွံရှိမှ ထည့်​ရပါတယ်​..အဲ့လိုမရှိသူကို​တော့ အသားတုပါထပ်​လုပ်​ရတဲ့အတွက်​ ကုန်​ကျစရိတ်​ နှစ်​ဆဖြစ်​ပြီး ရက်​ကလည်းနှစ်​ဆ ကြာပါတယ်​..အဲ့ဒီ အတွင်း ၅​ခေါက်​၆​ခေါက်​ လာရပါတယ်

မေး။ ၀င်​​လေ့လာချင်​ရင်​​ရော ဘယ်​လိုကြည့်​လို့ရပါသလဲ?

ဖြေ။ မျက်​စိအတုတစ်​ဦးတည်းပညာရှင်​ ဦးမြင့်​​ဆွေ page ထဲဝင်​​လေ့လာနိုင်​ပါတယ်

မေး။ တချို့လုပ်​ချင်​တဲ့လူနာ​တွေကို သိ​အောင်​ဘယ်​လိုလုပ်​ထားပါသလဲ?

ဖြေ။ အရင်​​ခေတ်​တုန်းက မြ၀တီ၊မြန်​မာ့အသံက လာ​ရောက်​ရိုက်​ကူးပြီး ထုတ်​လွှင့်​ပြသခဲ့ပါတယ်​..အခုလတ်​တ​လောမှာ​တော့ ရိုက်​ကူးပြီး Mntv,Mrtv 4,Channal k,နဲ့ online media ဖြစ်​တဲ့ vision Entertainment,အထင်​ကရ မီဒီယာ,မြန်​မာတိုင်းသတင်း,တို့အပြင်​ ​ငွေတာရီနဲ့မြန်​မာတိုင်းဂျာနယ်​ တို့မှာလည်း ​ဖော်​ပြထားပါတယ်

မေး။ အသက်​အပိုင်းခြားမရှိတပ်​လို့ရလား?

ဖြေ။ အသက်​ ၅နှစ်​အရွယ်​မှ အသက်​ရှိသ၍တပ်​လို့ရပါတယ်

မေး။ တပ်​မရတဲ့သူ​တွေ​ရောရှိလား?

ဖြေ။ ရှိပါတယ်​၊မြင်​​နေတဲ့သူ​တွေ၊မမြင်​​ပေမယ့်​ နာ​နေကိုက်​​နေတဲ့သူ​တွေ၊ပုစွန်​မျက်​လုံးကဲ့သို့ အပြင်​သို့စူထွက်​​နေသူ​တွေဆိုရင်​ အတုတပ်​လို့မရပါဘူး.ခွဲထုတ်​ထားတဲ့လူနာဆိုရင်​ အနာကျက်​ဖို့ တစ်​လခွဲ​ကျော်​မှ ထည့်​ရပါတယ်

မေး။ မျက်​လုံးကတပ်​ပြီးရင်​ လိုက်​​ရွေ့လား?

ဖြေ။ ​ရွေ့ပါတယ်​..အလုံးမရှိတဲ့လူနာဆိုရင်​ ၁၀မှ၂၀ ရာခိုင်​နှုန်း ၊အလုံးရှိ​သေးတဲ့လူနာဆိုရင်​ ၅၀မှ၈၀ ရာခိုင်​နှုန်းလိုက်​​ရွေ့ပါတယ်

မေး။ ​ဆေးခန်းအချိန်​က​ရော?

ဖြေ။ မနက်​ ၉နာရီမှ ​နေ့လည်​ ၁နာရီထိ ပိတ်​ရက်​မရှိပါ

ေ​​မး။ လိပ်​စာက​ရော ဆရာ?

ဖြေ။ ရန်​ကုန်​၊ရန်​ကင်းမြို့နယ်​၊မိုး​ကောင်းလမ်း၊မဟာ​ဗောဓိ​အောင်​​တော်​မူ ဘုရား​ရှေ့မှာပါ

မေး။ ဆက်​သွယ်​ရမယ့်​ဖုန်းက​ရော?

ဖြေ။  095171463 , 0973224931 , 0973242094

အခုဆိုရင်​ မျက်​လုံးအတုနဲ့ပတ်​သက်​ပြီး ပြည့်​စုံပြီလို့ထင်​ပါတယ်​..ထပ်​ပြီးစုံစမ်းချင်​ရင်​​တော့ ဖုန်းနံပါတ်​ ကိုဆက်​သွယ်​ပြီးလာ​ရောက်​နိုင်​ပါတယ်​..ဦးရာလူစနစ်​ဖြစ်​၍ ဘိုကင်​​ပေးလို့မရပါဘူး..လာမယ်​ဆိုရင်​​တော့ ဖုန်း​လေးကြိုဆက်​ပြီး ပိတ်​မပိတ်​​မေး​ပေးပါ..ပိတ်​ရက်​မရှိ​ပေမဲ့ မဖြစ်​မ​နေသွားရမယ့်​အလှူအတန်း.ခရီးတို့ဆိုပိတ်​ပါတယ်​၊​နေမ​ကောင်းရက်​​တွေ ပိတ်​ပါတယ်

သင်​ဧ။်​ share တစ်​ခု​ကြောင့်​မျက်​စိပျက်​သူတစ်​ဦးသိရှိနိုင်​မယ်​ဆိုရင်​ အဲ့ဒီ ကုသိုလ်​အကျိုးသင်​ပြန်​ခံစားရပြီး မျက်​စိပျက်​သူ၏ဘ၀ကို ကယ်​တင်​နိုင်​ပါလိမ့်​မယ်​ ။

ဦးမြင့်​​ဆွေ (မျက်​နှာအစိတ်​အပိုင်းနဲ့မျက်​စိအတုတစ်​ဦးတည်းပညာရှင်​)

Video Source : Myanmar Times TV

Read times Last modified on Tuesday, 10 September 2019 11:47
Rate this item
(1 Vote)