What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 03 February 2020 21:56

၃-၂-၂၀၂၀ ရက်နေ့၊ ည (၉း၄၀) နာရီ 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာနေ အသက် (၄၅)နှစ် အရွယ်

အမျိုးသားတစ်ဉီးသည် (၂၅-၁-၂၀၂၀)ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသည့်ရောဂါလက္ခဏာများစတင်ခံစားခဲ့ရပြီး (၁-၂-၂၀၂၀)ရက်နေ့တွင် နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ရာ ဆေးရုံတွင် စမ်းသပ်တွေ့ရှိချက်များအရ ကိုယ်အပူချိန်မြင့်တက်လျက်ရှိပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာများ တွေ့ရှိရပါသည်။ လူနာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မုံးတိန်မြို့သို့ (၂၆-၁၂-၂၀၁၉) ရက်နေ့မှ (၂၈-၁-၂၀၂၀) ရက်နေ့အထိ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသဖြင့် လူနာအား သံသယ (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုပေးလျက်ရှိပါသည်။

 

လူနာထံမှ ဓာတ်ခွဲနမူနာများရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးနိုင်ရေးအတွက် ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် ဆောင်ရွက်လျက်ရှိပါသည်။ 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါ စောင့်ကြည့် လူနာနှင့် သံသယလူနာများ တွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Ministry of health and sports, myanmar

 

(Zawgyi)

-----------

၃-၂-၂၀၂၀ ရက္ေန႔၊ ည (၉း၄၀) နာရီ 2019-nCoV acute respiratory disease ေရာဂါေစာင့္ၾကပ္ၾကည့္ရွုမွုႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 

 

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ နမၼတူၿမိဳ့နယ္၊ ပန္ဝိုးေက်းရြာေန အသက္ (၄၅)ႏွစ္ အရြယ္ အမ်ိဳးသားတစ္ဉီးသည္ (၂၅-၁-၂၀၂၀)ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေစးျခင္း စသည့္ေရာဂါလကၡဏာမ်ားစတင္ခံစားခဲ့ရၿပီး (၁-၂-၂၀၂၀)ရက္ေန႔တြင္ နမၼတူၿမိဳ့နယ္ျပည္သူ႔ေဆး႐ုံသို့ သြားေရာက္ေဆးကုသမွုခံယူခဲ့ရာ ေဆး႐ုံတြင္ စမ္းသပ္ေတြ႕ရွိခ်က္မ်ားအရ ကိုယ္အပူခ်ိန္ျမင့္တက္လ်က္ရွိၿပီး၊ အသက္ရွုလမ္းေၾကာင္းဆိုင္ရာလကၡဏာမ်ား ေတြ႕ရွိရပါသည္။ လူနာသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ မုံးတိန္ၿမိဳ့သို့ (၂၆-၁၂-၂၀၁၉) ရက္ေန႔မွ (၂၈-၁-၂၀၂၀) ရက္ေန႔အထိ သြားေရာက္ခဲ့သည့္ ခရီးသြားရာဇဝင္ရွိသျဖင့္ လူနာအား သံသယ (သံသယ) လူနာအျဖစ္ သတ္မွတ္၍ သီးျခားခန္း (isolation room) တြင္ ထားရွိကုသမွုေပးလ်က္ရွိပါသည္။

 

လူနာထံမွ ဓာတ္ခြဲနမူနာမ်ားရယူ၍ 2019 Novel Coronavirus ေၾကာင့္ျဖစ္ပြားေသာ လတ္တေလာအသက္ရွုလမ္းေၾကာင္း ဆိုင္ရာေရာဂါ ရွိ၊ မရွိ အတည္ျပဳစစ္ေဆးနိုင္ေရးအတြက္ ရည္ညႊန္းဓာတ္ခြဲခန္းသို့ ေပးပို့စစ္ေဆးရန္ ေဆာင္ရြက္လ်က္ရွိပါသည္။ 

 

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအေနျဖင့္ 2019 Novel Coronavirus ေရာဂါ ေစာင့္ၾကည့္ လူနာႏွင့္ သံသယလူနာမ်ား ေတြ႕ရွိပါက ဆက္လက္သတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။

Read times
Rate this item
(0 votes)