What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 15:54

ဘယ်လ်ဂျီယံနိုင်ငံ၏ ပထမဆုံး coronavirus လူနာ အတည်ပြု

ဘယ်လ်ဂျီယံနိုင်ငံ၏ ပထမဆုံး coronavirus ကူးစက်မှုလူနာတစ်ဦးကို အတည်ပြုခဲ့ကြောင်း ဘယ်လ်ဂျီယံပြည်သူ့ကျန်းမာရေးဌာနမှ ယနေ့ပြောကြားလိုက်ပါတယ်။ 

ဒီလူနာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝူဟံ မြို့ကနေ လေကြောင်းဖြင့် ထွက်ခွာလာတဲ့ နိုင်ငံသားကိုးယောက်ထဲမှာ တစ်ယောက် အပါအ၀င်ဖြစ်တယ်။

 

တနင်္ဂနွေနေ့တွင် ဘယ်လ်ဂျီယံသို့ပြန်ရောက်ပြီးနောက် ၉ ယောက်စလုံးအား ဘရပ်ဆဲလ်ရှိ Neder-Over-Heembeek စစ်ဆေးရုံတွင် စမ်းသပ်မှုပြုလုပ်ခဲ့ပြီး လူနာတစ် ဦး မှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

ကျန်တဲ့ ရှစ်ဦးမှာတော့ မတွေ့ရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူမှာ ပြင်းထန်တဲ့ ရောဂါဝေဒနာ မပြသဘဲ ကျန်းကျန်းမာမာဖြင့် ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

 

အဆိုပါလူနာကို ဘရပ်ဆဲလ်မြို့ရှိ သီးသန့်စီစဉ်ထားတဲ့ St. Peter’s University Hospital သို့ လွှဲပြောင်းပေးအပ် ခဲ့ပါတယ်။ ဝူဟံဗိုင်းရပ်စ်လူနာများ ထားရှိရန် သီးသန့်စီစဉ်ထားတဲ့ ဆေးရုံနှစ်ခုအနက်မှ တစ်ခု ဖြစ်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

----------

ဘယ္လ္ဂ်ီယံႏိုင္ငံ၏ ပထမဆုံး coronavirus လူနာ အတည္ျပဳ

 

ဘယ္လ္ဂ်ီယံႏိုင္ငံ၏ ပထမဆုံး coronavirus ကူးစက္မႈလူနာတစ္ဦးကို အတည္ျပဳခဲ့ေၾကာင္း ဘယ္လ္ဂ်ီယံျပည္သူ႔က်န္းမာေရးဌာနမွ ယေန႔ေျပာၾကားလိုက္ပါတယ္။

 

ဒီလူနာဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဝူဟံ ၿမိဳ႕ကေန ေလေၾကာင္းျဖင့္ ထြက္ခြာလာတဲ့ ႏိုင္ငံသားကိုးေယာက္ထဲမွာ တစ္ေယာက္ အပါအ၀င္ျဖစ္တယ္။

 

တနဂၤေႏြေန႔တြင္ ဘယ္လ္ဂ်ီယံသို႔ျပန္ေရာက္ၿပီးေနာက္ ၉ ေယာက္စလုံးအား ဘရပ္ဆဲလ္ရွိ Neder-Over-Heembeek စစ္ေဆး႐ုံတြင္ စမ္းသပ္မႈျပဳလုပ္ခဲ့ၿပီး လူနာတစ္ ဦး မွာ ပိုးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

 

က်န္တဲ့ ရွစ္ဦးမွာေတာ့ မေတြ႕ရွိဘူးလို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူမွာ ျပင္းထန္တဲ့ ေရာဂါေ၀ဒနာ မျပသဘဲ က်န္းက်န္းမာမာျဖင့္ ရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။


အဆိုပါလူနာကို ဘရပ္ဆဲလ္ၿမိဳ႕ရွိ သီးသန္႔စီစဥ္ထားတဲ့ St. Peter’s University Hospital သို႔ လႊဲေျပာင္းေပးအပ္ ခဲ့ပါတယ္။ ဝူဟံဗိုင္းရပ္စ္လူနာမ်ား ထားရွိရန္ သီးသန္႔စီစဥ္ထားတဲ့ ေဆး႐ုံႏွစ္ခုအနက္မွ တစ္ခု ျဖစ္ပါတယ္။

Written By Health Products Directory

Read times Last modified on Tuesday, 04 February 2020 16:25
Rate this item
(1 Vote)