ထိုင်းကျန်းမာရေးအာဏာပိုင်များက Wuhan coronavirus ထပ်မံဖြစ်ပွားမှု ခြောက်ခုကို
ထပ်မံအတည်ပြုခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၅ ဦး အထိ ရှိနေပြီဖြစ်သည်။
ရောဂါထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆူဝါနာချိုင်းဝတီတန်ယာခရိုနန်က အင်္ဂါနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်မှာ ရောဂါသည်အသစ် ၆ ဦးတို့တွင် ၄ ဦးသည် ထိုင်းနိုင်ငံသားများ ဖြစ်ကြ ပြီး ကျန်နှစ်ဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။
ရောဂါသည်အသစ် ထိုင်း ၄ ဦးတို့တွင် ထိုင်းနိုင်ငံသားနှစ်ဦးမှာ လင်မယားဖြစ်ပြီး မကြာသေးမီက ဂျပန်သို့ ခရီးထွက်ခဲ့ကြသည့် စုံတွဲတစ်တွဲဖြစ်သည်။
အခြားထိုင်းလူမျိုးနှစ်ဦး သည် အငှားယာဉ် မောင်းနှင်သူများ ဖြစ်ကြပြီး တရုတ်ခရီးသည်များကို သယ်ယူပို့ဆောင်ပေးခဲ့ကြသည်။
ရောဂါဖြစ်ပွားမှု ၆ ခုအနက် ၅ ခုမှာ တည်ငြိမ်သောအခြေအနေတွင် ရှိပြီး ဆဋ္ဌမလူနာမှာ အသက် ၇၀ အရွယ်ရှိ ထိုင်းနိုင်ငံသား တက္ကဆီယာဉ်မောင်း ဖြစ်သည်။ သူက
တရုတ်ခရီးသွားများကို ကားမောင်းပို့ပေးခဲ့သူ ဖြစ်သည်။ ယင်း ထိုင်းတက္ကစီယာဉ်မောင်းသည် အခြေအနေအလွန်ဆိုးရွားနေသည်ဟု Dr. Wattanayingcharoen မှ ပြောကြားခဲ့သည်။
coronavirus ကူးစက်မှုနှင့်ရောဂါသည်အသစ် ၆ ဦး ထပ်မံအတည်ပြုခြင်းကို စင်ကာပူနိုင်ငံမှ ကြေညာခဲ့သည်။
Wuhan coronavirus ရောဂါဖြစ်ပွားမှု ၆ ခုကို စင်ကာပူနိုင်ငံမှအတည်ပြုခဲ့ပြီး ၎င်းတို့တွင် လူမှ လူသို့ကူးစက်ခြင်း ၄ ခုအပါအဝင်ဖြစ်သည်။
ရောဂါသည်အသစ် ၆ ဦး တိုးသွားသဖြင် စင်ကာပူတွင် ယခုအခါ၌ coronavirus ကူးစက်ခံထားရသောလူနာ ဦးရေ ၂၄ ဦး အထိရှိနေပြီဖြစ်သည်။
စင်ကာပူကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ လူမှလူသို့ စင်ကာပူတွင် ကူးစက်ခဲ့သည့် လူနာအသစ် ၃ ဦးသည် တရုတ်ပြည်မကြီးမှ မကြာသေးမီက လာရောက်သည့် ခရီးသွားများနှင့်ထိတွေ့မှု ရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။ စတုတ္ထဖြစ်ရပ်၌ စင်ကာပူမှ ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့မှု ရှိခဲ့ကြောင်း တွေ့ရသည်။
zawgyi
စင္ကာပူႏွင့္ ထိုင္းတို႔တြင္ ကူးစက္လူနာ ၆ ဦးစီတိုး
ထိုင္းက်န္းမာေရးအာဏာပိုင္မ်ားက Wuhan coronavirus ထပ္မံျဖစ္ပြားမႈ ေျခာက္ခုကို ထပ္မံအတည္ျပဳခဲ့ၿပီး ယခုအခါ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ၂၅ ဦး အထိ ရွိေနၿပီျဖစ္သည္။
ေရာဂါထိန္းခ်ဳပ္ေရးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာဆူဝါနာခ်ိဳင္း၀တီတန္ယာခ႐ိုနန္က အဂၤါေန႔ကျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္မွာ ေရာဂါသည္အသစ္ ၆ ဦးတို႔တြင္ ၄ ဦးသည္ ထိုင္းႏိုင္ငံသားမ်ား ျဖစ္ၾက ၿပီး က်န္ႏွစ္ဦးမွာ တ႐ုတ္ႏိုင္ငံသားမ်ား ျဖစ္သည္။
ေရာဂါသည္အသစ္ ထိုင္း ၄ ဦးတို႔တြင္ ထိုင္းႏိုင္ငံသားႏွစ္ဦးမွာ လင္မယားျဖစ္ၿပီး မၾကာေသးမီက ဂ်ပန္သို႔ ခရီးထြက္ခဲ့ၾကသည့္ စုံတြဲတစ္တြဲျဖစ္သည္။
အျခားထိုင္းလူမ်ိဳးႏွစ္ဦး သည္ အငွားယာဥ္ ေမာင္းႏွင္သူမ်ား ျဖစ္ၾကၿပီး တ႐ုတ္ခရီးသည္မ်ားကို သယ္ယူပို႔ေဆာင္ေပးခဲ့ၾကသည္။
ေရာဂါျဖစ္ပြားမႈ ၆ ခုအနက္ ၅ ခုမွာ တည္ၿငိမ္ေသာအေျခအေနတြင္ ရွိၿပီး ဆ႒မလူနာမွာ အသက္ ၇၀ အ႐ြယ္ရွိ ထိုင္းႏိုင္ငံသား တကၠဆီယာဥ္ေမာင္း ျဖစ္သည္။ သူက
တ႐ုတ္ခရီးသြားမ်ားကို ကားေမာင္းပို႔ေပးခဲ့သူ ျဖစ္သည္။ ယင္း ထိုင္းတကၠစီယာဥ္ေမာင္းသည္ အေျခအေနအလြန္ဆိုး႐ြားေနသည္ဟု Dr. Wattanayingcharoen မွ ေျပာၾကားခဲ့သည္။
coronavirus ကူးစက္မႈႏွင့္ေရာဂါသည္အသစ္ ၆ ဦး ထပ္မံအတည္ျပဳျခင္းကို စင္ကာပူႏိုင္ငံမွ ေၾကညာခဲ့သည္။
Wuhan coronavirus ေရာဂါျဖစ္ပြားမႈ ၆ ခုကို စင္ကာပူႏိုင္ငံမွအတည္ျပဳခဲ့ၿပီး ၄င္းတို႔တြင္ လူမွ လူသို႔ကူးစက္ျခင္း ၄ ခုအပါအ၀င္ျဖစ္သည္။
ေရာဂါသည္အသစ္ ၆ ဦး တိုးသြားသျဖင္ စင္ကာပူတြင္ ယခုအခါ၌ coronavirus ကူးစက္ခံထားရေသာလူနာ ဦးေရ ၂၄ ဦး အထိရွိေနၿပီျဖစ္သည္။
စင္ကာပူက်န္းမာေရး ၀န္ႀကီးဌာန၏ အဆိုအရ လူမွလူသို႔ စင္ကာပူတြင္ ကူးစက္ခဲ့သည့္ လူနာအသစ္ ၃ ဦးသည္ တ႐ုတ္ျပည္မႀကီးမွ မၾကာေသးမီက လာေရာက္သည့္ ခရီးသြားမ်ားႏွင့္ထိေတြ႕မႈ ရွိခဲ့ေၾကာင္း ေတြ႕ရွိခဲ့သည္။ စတုတၳျဖစ္ရပ္၌ စင္ကာပူမွ ေရာဂါကူးစက္ခံထားရသူႏွင့္ ထိေတြ႕မႈ ရွိခဲ့ေၾကာင္း ေတြ႕ရသည္။