What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 July 2020 16:21

ကျန်းမာရေးအတွက် မရှိမဖြစ် ဗီတာမင် ( ၅ ) မျိုး

ခန္ဓာကိုယ်ပုံမှန်ကြီးထွား ဖွံ့ဖြိုးဖို့နဲ့ ကျန်းမာနေဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများလို့ ဆိုပါစို့။ ဗီတာမင်တစ်မျိုးချင်းစီမှာ သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမယ့် သီးသန့်အကျိုးကျေးဇူးများရှိနေပါတယ်။

သင့်မှာ အခြေခံလိုအပ်တဲ့ ဗီတာမင်တွေ ချို့တဲ့လာပြီဆိုရင် သေးသေးလေးကနေ ကြီးကြီးမားမားထိ ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒေါင်ဒေါင်မြည် ကျန်းမာနေဖို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (၁၃)မျိုးရှိပါတယ်။

 

Vitamin A

ဆဲလ်တွေကြီးထွားဖို့နဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ အသားအရေ၊ ဆံပင်၊ သွားဖုံး၊ သွား၊ အရိုး နဲ့ ခန္ဓာကိုယ်ထဲက ဂလင်းတွေ ကျန်းမာနေဖို့ Vitamin A လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ ညဘက် အမြင်အာရုံနည်းခြင်းမှ ကာကွယ်ပေးနိုင်သလို အဆုတ်ကင်ဆာကိုလည်း တစ်နည်းတစ်ဖုံ ကာကွယ်ပေးနိုင်စွမ်ရှိပါတယ်။ ဆယ်လ်မွန်ငါး၊ ဥအနှစ်တွေနဲ့ ဖြည့်စွက် အာဟာရတွေ ပေါင်းစပ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများမှာ Vitamin A ဓာတ်ကြွယ်ဝစွာ ပါဝင် ပါတယ်။

 

Vitamin D

သင်စားသုံးလိုက်တဲ့ အစားအစာများဆီမှ အရိုးများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်ဖို့ Vitamin D က ကူညီပေးပါတယ်။ အရိုးတွေ တည်ဆောက်ရာမှာ အရေးပါတဲ့ ဗီတာမင်ဖြစ်ပြီး သန်စွမ်းတဲ့ အရိုးနဲ့ ခိုင်မာတဲ့ သွားတွေပိုင်ဆိုင်ဖို့ Vitamin D ကို မရှိမဖြစ် လိုအပ်ပါတယ်။ဖြည့်စွက်အာဟာရတွေ ပေါင်းစပ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်နဲ့ ဆန်မှ ပြုလုပ်ထားတဲ့ ဖျော်ရည်များ၊ ထောပတ်၊ ဥအနှစ်၊ ငါး၊ ငါးအသည်းဆီတို့မှ Vitamin D ကို ရရှိနိုင်သလို နေရောင်နဲ့ ထိတွေ့ချိန်မှာ လူတွေရဲ့ ခန္ဓာကိုယ် မှလည်း Vitamin D ကို ထုတ်လုပ်ပေးနိုင်ပါ တယ်။

 

Vitamin E

အရေးကြီးတဲ့ Antioxidant ဂုဏ်သတ္တိဆောင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကြွက်သားတွေ၊ သွေးနီဥဆဲလ်တွေကို ထိန်းသိမ်းပေးပြီး ခန္ဓာကိုယ်အတွင်းက Fatty Acid တွေကို ကာကွယ်ပေးပါတယ်။ဥအမျိုးမျိုး၊ အသီးအရွက်အဆီ၊ Margarine ၊ Mayonnaise ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ကောက်နှံတွေကနေ Vitamin E ကို ရရှိနိုင်ပါတယ်။

 

Vitamin K

ဗီတာမင် K ကတော့ လူသိနည်းတဲ့ ဗီတာ မင် အမျိုးအစားလို့ ဆိုနိုင်ပါတယ်။ လိုအပ်တဲ့ အချိန်မှာ သွေးခဲဖို့အတွက် မရှိမဖြစ် ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဟင်းနုနွယ်၊ ဘရိုကိုလီ၊ အစိမ်းရောင်ဟင်းရွက်များနဲ့ အသည်းထံမှ Vitamin K ကို ရရှိနိုင်ပါတယ်။

 

Vitamin C (Ascorbic Acid)

သွေးကြောတွေရဲ့ နံရံကို သန်မာစေတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ အနာကျက်မြန်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သံဓာတ်စုပ်ယူမှုကို လည်း အားကောင်းစေပါတယ်။ သွေးကြောတွေပျက်စီးပြီး မာခဲလာတတ်တဲ့ရောဂါ (Atherosclerosis) ကိုလည်း ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အစွမ်းထက်တဲ့ Antioxidant ဂုဏ်သတ္တိလည်း ရှိပါသေးတယ်။ သံပုရာမျိုးရင်းဝင် အသီးများ၊ ဖရဲသီး၊ ဘယ်ရီမျိုးရင်းဝင် အသီးများ၊ ငရုတ်သီး၊ ဘရိုကိုလီ၊ အာလူးစတာတွေကနေ Vitamin C ကို ရရှိနိုင်ပါတယ်။

Read times
Rate this item
(0 votes)