What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 November 2020 17:48

ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာများ

ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာအများစုဟာ သာမန်မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များမှ ရရှိနိုင်သော ဗီတာမင် ၊ သတ္ထုဓာတ်နဲ့အာဟာရဓာတ်တွေကြွယ်ဝတဲ့ စားသောက်စရာများ ဖြစ်ပါတယ်။

 

ရှောက်သီး

ရှောက်သီးတစ်လုံးမှာ ဗီတာမင်စီဓာတ် ၁၀၀ ရာခိုင်နှုန်းအထက် ပိုမိုပါဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ HDL ကိုလက်စထရော ပမာဏကို မြှင့်တင်ပေးနိုင်ပြီး အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေပါတယ်။ ရှောက်သီးမှာ ပါဝင်တဲ့ flavonoid ဓာတ်တစ်မျိုးက ကင်ဆာဆဲလ်တွေကြီးထွားမှုကို တားဆီးပေးနိုင်ကာ ရောင်ရမ်းနာကျင်ခြင်းကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

 

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း ရိုးတံတစ်ခုမှာ ဗီတာမင်ကေဓာတ် ရဲ့ ၁၀၀ ရာခိုင်နှုန်း နှင့် ဗီတာမင်စီဓာတ် ၂၀၀ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။  ထိုဗီတာမင်ဓာတ်နှစ်မျိုးလုံးဟာ အရိုးအဆစ်တွေကိုသန်မာစေတဲ့အာဟာရဓာတ်တွေ ဖြစ်ကာ၊ ကင်ဆာဆဲလ်တို့ကြီးထွားမှုကို ရပ်တန့်နိုင်ပါတယ်။

 

နို့မပါဝင်တဲ့ ချောကလက်အနက်

ချောကလက်အနက်စားပေးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။  ကိုကိုးမှုန့်မှာ ပါဝင်တဲ့ flavonoid (ဖလေဗာနွိုက်) နှင့် anti-oxidiants များ ကြွယ်၀ ခြင်းကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ကာ HLD ကိုလက်စထရောပမာဏကို မြင့်တက်စေပါတယ်။

 

အာလူး

အာလူးတစ်ဥမှာ သွေးနီဥဆဲလ်တွေကိုထုတ်လုပ်ရာမှာ လိုအပ်တဲ့ ဖော်လစ်အက်စစ် ၆၆ မိုက်ခရိုဂရမ်ပါဝင်ပြီး အာလူးနွယ်ဝင် ကန်စွန်းဥမှာတော့ ကင်ဆာကိုတိုက်ဖျက်နိုင်ကာ၊ ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင်အေဓာတ်တစ်နေ့တာ လိုအပ်တာထက် ရှစ်ဆ ပိုမိုပါဝင်ပါတယ်။ နှလုံးနဲ့ သွေးကြော ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်ပြီး ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ နိုင်ယာစင် ၊ ဗီတာမင် စီ နဲ့ ဗီတာမင် ဘီ အုပ်စု စတာတွေ ကြွယ်ဝစွာ ပါဝင်တယ်။

 

ဆယ်လ်မွန်ငါး

Omega-3 fatty acid ပေါကြွယ်ဝတဲ့ငါးမျိုးဖြစ်ပြီး စိတ်ဓာတ်ကျခြင်း ၊ နှလုံးရောဂါနဲ့ကင်ဆာဖြစ်နိုင်ခြေတို့ကို လျော့ကျစေပါတယ်။

 

သစ်ကြားသီး

အခွံမာသီးတွေထဲမှာ သစ်ကြားသီးက omega-3 fatty acid အကြွယ်ဝဆုံးဖြစ်ပြီး Omega-3 acid ဟာ ကင်ဆာကို တိုက်ဖျက်နိုင်သလို ၊ နေရောင်ခြည်ကြောင့်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

ထောပတ်သီး

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါရှိပြီး ကိုလက်စထရောပမာဏကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ပါတယ်။ ထောပတ်သီးတစ်လုံးမှာ ဖော်လစ်အက်ဆစ် ၄၀ ရာခိုင်နှုန်းလောက်ပါဝင်ကာ နှလုံးရောဂါရနိုင်ခြေကိုလည်း နည်းစေပါတယ်။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ အစာအဆိပ်သင့်ပိုး E.coli စတဲ့ ဘက်တီးရီးယားကြီးထွားမှုကို ဟန့်တားပေးနိုင်သလို ကိုလက်စထရောနဲ့သွေးပေါင်ချိန်တို့ကိုလည်း ကျစေနိုင်ပါတယ်။

 

ဒေါက်ခွ

ဒေါက်ခွရွက်မှာ မျက်စိကျန်းမာရေးကိုကောင်းစေတဲ့ Lutein နဲ့zeaxanthin ဆိုတဲ့ anti-oxidants နှစ်မျိုး ပါဝင်ကာ ကင်ဆာကို တိုက်ဖျက်နိုင်ပါတယ်။

 

ပဲအမျိုးမျိုး

ပဲတောင့်ရှည်မျိုးနွယ်တွေဖြစ်တဲ့ ပဲနီကလေး ၊ ပဲစိမ်းတောင့်တွေကို တစ်ပတ် လေးကြိမ်စားပေးခြင်းဖြင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို၂၂ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

 

bago health

Read times
Rate this item
(1 Vote)