မျက်နှာ အသားရေအလှ ပျက်နေလို့ စိတ်ညစ် နေရမှာပါ ။
မျက်နှာပေါ်တွင် အမဲစက်များ၊ မျက်နှာရေပြား တွန့်တာ၊ အနီရောင် အစက်အပျောက်များ ထွက်ပေါ်လာခြင်းက နေစဉ်အသုံးပြုနေတဲ့ မျက်နှာသစ်ဆပ်ပြာ ၊ မျက်နှာသစ်ဆေး များနဲ့ အများအပြား သက်ဆိုင်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေများ မပျက်စီးအောင် ကောင်းမွန်တဲ့ မျက်နှာသစ်ဆေး ၊ မျက်နှာသစ်ဆပ်ပြာများကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဒါကြောင့် ECO အသိမှတ်ပြုထားသော အကောင်းဆုံး မျက်နှာသစ်ဆပ်ပြာ များကိုဖော်ပြပေးလိုက်ပါတယ်။
1 . Cetaphil Gentle Cleansing Bar

Cetaphil Gentle Cleansing Bar က အသာရေခြောက်သွေ့တာနဲ့ ထိရှလွယ်သော အသာရေပိုင်ရှင်များ အတွက်အလွန်ကောင်းမွန်သော ဆပ်ပြာတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါအပြင် အမိုနိုအက်စစ် ပါဝင်သောကြောင့် မျက်နှာပေါ်အဆီများနဲ့ တင်းမာမှုများကို လျော့ချနိုင်ပါတယ်။ ဒီဆပ်ပြာက ရေနဲ့ ပျော်ဝင်ဖို့ခဲခက်သော အစိုင်အခဲတစ်ခု ဖြစ်ပေမဲ့ မျက်နှာပေါ်ရေနှင့်ရောပြီး ပွတ်သပ်ပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။
2. Shea Moisture African Black Soap

Shea Moisture African Black Soap တွင် ဗီတာမင် အီး နဲ့ ရှားစောင်းလက်ပတ်တို့ ပါဝင်သောကြောင့် ဝက်ခြံ့များ ၊ မျက်နှာပေါ်ရှိ အမဲအစက်များ ကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါအပြင်မျက်နှာပေါ်တွင် အဆီပြန်ခြင်းကိုလည်း လျော့ချနိုင်ပါတယ်။ ဒီဆပ်ပြာကို သာဘ၀ အဆီများဖြင့်ပြုလုပ်ထားသော်လည်း အခြားအက်စစ်ဓာတ်များပါဝင်သော မျက်နှာသစ်ဆပ်ပြာများထက် အသုံးပြုရန် အသင့်တော်ဆုံးဆပ်ပြာ တစ်မျိုးလည်းဖြစ်ပါတယ်။
Drinking Water (သောက်ရေသန့်လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
3. Ethique Bliss Bar

Ethique Bliss Bar တွင် အုန်းသီး ၊ ထောပတ်၊ Kaolinရွှံ့စေး နဲ့ အသီးအရွက်Glycerin များပါဝင်သောကြောင့် အသားရေး ကို စိုပြေစေပါတယ်။ ဒါအပြင် အမိတ်ကပ်လိမ်းချယ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အစက်အပြောက်များ ၊ မှဲ့ခြောက်များကို ပျောက်ကင်းစေပါတယ်။
4. Herbivore Botanicals Pink Clay Soap Bar

Herbivore Botanicals Pink Clay Soap Bar က ထိလွယ်ရှာလွယ်သော မျက်နှာအသားရေးပိုင်ရှင်များ အဓိက အသုံးပြုသင့်သော ဆပ်ပြာတစ်မျိုးဖြစ်ပါတယ်။ ဒါအပြင် မျက်နှာအစိုဓာတ်ကို ပေးစွမ်းနိုင်ရန်အတွက် အုန်းနံ့ဆီး ထည့်ဝင်ပေးထားတဲ့အပြင် မျက်နှာပေါ်ရှိချွေးပေါက်များ ပိတ်စို့မှုကိုလည်း ဖယ်ရှင်ပေးခြင်းဖြင့် မျက်နှာအသားရေးကို ချောမွေ့စေပါတယ်။
5. HerBivore Bortanicals Bule Clay Soap Bar

HerBivore Bortanicals Bule Clay Soap Bar က မျက်နှာအသားရေခြောက်သွေ့မှုကို သက်သာစေတာ ၊ ဝက်ခြံထွက်ခြင်းကို လျော့ချပေးတာ ၊ မျက်နှာပေါ်ရှိ ဘက်တီရီယားများကို ဖယ်ရှားပေးသန့်စင်ပေးနိုင်ပါတယ်။ ဒီဆပ်ပြာက ဓာတ်မတည့်သော မျက်နှာများရှိပါက ယားယံမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိမျက်နှာအသားရေနှင့် ဓာတ်မတည့်ပါက အသုံးမပြုသင့်ပါ။
Written By Health Products Directory
(Zawgyi)
=====
မျက်နှာအသားရေကို ချောမွေ့စေတဲ့ အကောင်းဆုံးမျက်နှာသစ် ဆပ်ပြာ ၅ မျိုး


3. Ethique Bliss Bar












