What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 18:18

ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါ်လာ(၂)သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပြည်ပမှ ဝယ်ယူရန် စာချုပ်ချုပ်ဆို

ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဦးဆောင်မှုဖြင့်

ကုတင်(၁၀၀၀) နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
Covid-19 ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁၂၅၀)၊ ICU/HDU ကုတင် (၂၀၀)၊ ICU/HDU Monitor နှင့် Wireless Control System များ၊ ဆေးရုံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာ(၂)သန်းဖိုး ဝယ်ယူတင်သွင်းသွားမည်ဖြစ်ပါသည်။
ထိုကဲ့သို့ ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာအုပ်စုမှ အမေရိကန်ဒေါ်လာ (၂)သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီး ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။ ကြိုတင်ဝယ်ယူထားသော အချို့ပစ္စည်းများမှာ တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည် ဖြစ်ပြီး ရက်သတ္တပတ် (၃)ပတ်ကြာတွင် မှာယူထားသော ပစ္စည်းများအားလုံး ရောက်ရှိလာမည် ဖြစ်ပါသည်။

Ayeyarwady Foundation

 

 

2htSpulonS2hhsored
Read times
Rate this item
(0 votes)