What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 25 July 2021 15:43

ဆေးရုံတက်ရန် waiting list ​စောင့်သည့် အတည်ပြုလူနာ ၂,၀၀၀ကျော် ယာယီကုသ​ရေးစင်တာများတွင် ထားရှိမည်

ဆေးရုံတက်ရန် waiting list ​စောင့်သည့် အတည်ပြုလူနာ ၂,၀၀၀ကျော် ယာယီကုသ​ရေးစင်တာများတွင် ထားရှိမည်

Positive အတည်ပြုလူနာများစွာ ရန်ကုန်တွင် ရှိနေသည့်အနက် ဆေးရုံတက်ရန် waiting list ​စောင့်သည့် အတည်ပြုလူနာများတွင်
သံဃာ​တော် ၂၀၀ ပါးကို မင်းဓမ္မသာသနာ့ဗိမ္မာန် ယာယီကုသ​ရေးစင်တာတွင် ထားရှိမည်။
သံဃာမဟုတ်သည့် ၎င်းလူနာများတွင်
လှိုင်စင်တာ ၆၀၀ ဦး
ရန်ကင်းပညာ​ရေး​ကောလိပ်စင်တာ ၆၀၀ ဦး
ယဥ်​ကျေးမှုတက္ကသိုလ် ၃၅၀ ဦး
​အောင်မြင့်မိုရ်စင်တာ ပအဆင့် ၆၀၀ ဦး အသီးသီး ထားရှိမည်။

waiting list ​စောင့်​နေသူ​များ ဖုံးနံပါတ် 199 ကို ဆက်သွယ်အကြောင်းကြား ရမည် ဖြစ်သည်။ ထိုအခါ အကယ်၍ ယာယီကုသ​ရေးစင်တာတွင် နေရာကျန်ရှိပါက မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်​ရေး လူနာတင်ကားများဖြင့် ​PPEဝတ် မီးသတ်တပ်ဖွဲ့ဝင်​များ လာခေါ်ပေးမည် ဖြစ်သည်။

ယာယီစင်တာတွင် ဆရာဝန်သူနာပြု​များ ထားရှိပေးထားသည်။ ။​အောက်ဆီဂျင်​ပေးစက်များ၊ ဆလင်ဒါအိုး​များလည်း ထားရှိပေးထားသည်။

ယာယီကုသ​ရေးစင်တာများသည် ဆေးရုံတက်ခွင့် မရခင် သို့မဟုတ် လူနာမသေဆုံးခင် စပ်ကြား Transit Camp များဖြစ်ပြီး မင်းဓမ္မသာသနာ့ဗိမ္မာန်၊ လှိုင်စင်တာ၊ ရန်ကင်းပညာ​ရေး​ကောလိပ်စင်တာ၊ ယဥ်​ကျေးမှုတက္ကသိုလ်၊ ​အောင်မြင့်မိုရ်စင်တာ ပအဆင့် တို့ ဖြစ်ပါသည်။

လူနာက မိမိ​နေထိုင်ရာမြို့နယ်ကျန်းမာ​ရေးဦးစီးမှူး(TMO)ထံ positive+ လက်မှတ်ဖြင့် သတင်းပို့ရင် ၎င်းTMO က Bed Management Team ကိုတင်ပြပြီး Booking တင်ပေးမည်။ လူနာက waiting list ​စာရင်းဝင်လူနာအဖြစ် စောင့်ရမည် ဖြစ်သည်။

ပြည်သူ့​ဆေးရုံအားလုံး ဖျားနာ​ဆောင်​တွေမှာ ကိုဗစ်လူနာပြည့်​နေသည့်အတွက် ဆေးရုံတက်ရန် နေရာရဖို့ စောင့်ဆိုင်းရမည် ဖြစ်သည်။

လူနာကုတင်စီမံရေးအဖွဲ့ Bed Management Team က မည်သည့်ဆေးရုံတက်ရမည် ဆိုသည်ကို ဆုံးဖြတ်ချက်ချပေးပြီး ဆေးရုံတက်ခွင့် ပေးမည် ဖြစ်သည်။

ထိုသို့ waiting list ဖြင့် စောင့်ဆိုင်းနေစဉ်ကာလ အတူနေသူများကို မကူးစက်စေရန် ယာယီကုသ​ရေးစင်တာတွင် တက်ရောက်လိုသည်ဆိုပါက 199 သို့ ဆက်သွယ်အကြောင်းကြားထားရမည် ဖြစ်သည်။

ယာယီကုသ​ရေးစင်တာတွင် နေရာလွတ် ရရှိချိန်တွင် လူနာ မသေဆုံးသေးပါက မီးသတ်ဌာနမှ လာခေါ်ပေးမည် ဖြစ်သည်။

လူနာများ လက်ခံရန်အတွက် ဝေဘာဂီ​ဆေးရုံ၊ ဖောင်ကြီးစင်တာ ၊ရိုးမစင်တာ​တို့အပြင်
ကန်​တော်ကြီးမျက်​စေ့ကု​ဆေးရုံ၊ ကြည့်မြင်တိုင်အရိုး​ဆေးရုံ၊​ တောင်ဥက္ကလာ မိခင်က​လေး​ဆေးရုံ​တို့ကို
ကိုဗစ်၁၉​ဆေးရုံ အဖြစ်​ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
ထို့ပြင် အ​နောက်ပိုင်း​ဆေးရုံ၊ အ​ရှေ့ပိုင်းဂန္ဒီ​ဆေးရုံ​၊ ဂျပန်​ဆေးရုံသစ်ကြီးတို့မှ နှလုံး၊ ​ကျောက်ကပ်၊ ကင်ဆာ အစရှိသည့် လူနာများကို ရန်ကုန်​အထွေထွေ ရောဂါကု ဆေးရုံကြီးဆီလွှဲ​ပြောင်းကုသ​စေပြီး ၎င်းဆေးရုံများကို
ကိုဗစ်​ဆေးရုံ​အဖြစ်​ ပြောင်းလဲကုသ​ပေး​လျက် ရှိသည်။
အကယ်ဒမီ ပုဂ္ဂလိကဆေးရုံကိုလည်း ကိုဗစ်ဆေးရုံအဖြစ် ပြောင်းလဲကုသပေးလျက် ရှိသော်လည်း ယခုအစီအစဉ်သည် အစိုးရဆေးရုံများအတွက်သာ ဖြစ်သဖြင့် ယခုတင်ပြသည့် အစီအစဉ်တွင် အကျုံးမဝင်ပါ။

ရန်ကုန်တွင် Covid-19 အခမဲ့ စစ်ဆေးပေးမည့် နေရာများ

​နေထိုင်ရာမြို့နယ်​ဒေသန္တရ​ဆေးခန်း
သူနာပြုတက္ကသိုလ်မှ အမျိုးသားဓါတ်ခွဲခန်း Test Center
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ဦး​စေတီဓမ္မာရုံ
ဒဂုံမြို့သစ်​တောင်ပိုင်း​အောင်မြင့်မိုရ်အိမ်ရာဓမ္မာရုံ
မင်္ဂလာဒုံမြို့နယ်သာသနာ့ဗိမ္မာန် (ကျိုက္ကလို့ဘုရားမျက်နှာချင်းဆိုင်)
သံလျင်မြို့နယ်သာသနာ့ဗိမ္မာန်

ပြည်သူ့ဆေးရုံ တက်လိုလျှင် လုပ်ထုံးလုပ်နည်းအရ တရားဝင်စစ်​ဆေး​သောTest CenterမှPositive+အတည်ပြု
လက်မှတ်ရှိမှသာလက်ခံကုသ​ပေးသဖြင့်Test Center များတွင် အရင်ဆုံး ဆေးစစ်ခံဖို့ လိုအပ်ပါသည်။

 

Read times Last modified on Sunday, 25 July 2021 16:16
Rate this item
(0 votes)