What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 September 2021 17:04

COVID-19 ကာကွယ်ဆေးများ ပန်းလှိုင်ဆေးရုံ၌ထိုးနှံပေးနေပြီး ကျန်ဆေးရုံများဖြင့် ညှိနှိုင်းဆဲဖြစ်၍ လက်ရှိတွင် ထိုးနှံနိုင်ခြင်းမရှိသေး

ပုဂ္ဂလိကကဏ္ဍများကို COVID-19 ကာကွယ်ဆေးများ ထိုးနှံရန်ခွင့်ပြုထားခြင်း ကြောင့် ပုဂ္ဂလိကကဏ္ဍမှ ကာကွယ်ဆေးများ ထိုးနှံပေးနေပြီး

တရုတ်ကုန်သည်ကြီးများ အသင်းအနေဖြင့် ကာကွယ်ဆေးများကို ပန်းလှိုင်ဆေးရုံတွင် ပူးတွဲထိုးနှံပေးနေကြောင်း နှင့် ကျန်ဆေးရုံများတွင် ထိုးနှံနိုင်ရန်အတွက် ညှိနှိုင်းနေဆဲဖြစ်ကာ လက်ရှိတွင် ထိုးနှံနိုင် ခြင်း မရှိသေးကြောင်း သိရသည်။

“တရုတ်ကုန်သည်ကြီးများအသင်းက ပန်းလှိုင်မှာတော့ ကာကွယ်ဆေးတွေ ပူးတွဲ ပြီးတော့ ထိုးနှံပေးတာရှိပါတယ်။ ကျန်တဲ့ဆေး ရုံတွေမှာ ခုထက်ထိတော့ စကားပြောဆိုနေ ဆဲရှိပါတယ်။ အာရှတော်ဝင်မှာလည်း ထိုးနှံဖို့ အတွက် လုပ်ဆောင်နေတယ်။ ဒါမျိုးတွေ တော့ ကြားရပါတယ်။ ဒါပေမယ်လို့ လက်ရှိ အနေအထားကတော့ မဖြစ်သေးပါဘူး” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

သုဝဏ္ဏဘူမိ Event Park တွင် သြဂုတ် ၂၄ ရက်က ကာကွယ်ထိုးနှံရေးစင်တာ စတင် ဖွင့်လှစ်ခဲ့ပြီး ကြိုတင်စာရင်းပေးသူများကို ကာကွယ်ဆေး စတင်ထိုးနှံခဲ့ကြောင်း သိရ သည်။ အဆိုပါစင်တာကို ကျန်းမာရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန် မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ချုပ် (MCCOC) က ဦးစီးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

COVID-19 ကာကွယ်ဆေး ထိုးနှံရေး စင်တာတွင် ကြိုတင်စာရင်းပေးထားသူများ ကိုသာ ဆေးထိုးနှံခြင်းဖြစ်ကြောင်းနှင့် Sinopharm Vaccine အမျိုးအစားထိုးနှံပေးကြောင်း၊ လူတစ်ဦးလျှင် ဆေးထိုးစရိတ် ကျပ် ငါးသောင်းကျသင့်ကြောင်း သိရသည်။

လက်ရှိ စျေးကွက်အတွင်း ကာကွယ် ဆေးအတုအပများ Online မှတစ်ဆင့်သော် လည်းကောင်း ၊ အခြားနည်းလမ်းဖြင့်သော် လည်းကောင်း ရောင်းချနေသည့် ကာကွယ် ဆေးများသည် တရားဝင်တင်သွင်းလာသည့် ကာကွယ်ဆေးများ မဟုတ်သောကြောင့် ရော ဂါ ကာကွယ်နိုင်ခြင်းမရှိသည့်အပြင် ဘေး အန္တရာယ်ဖြစ်ပွားနိုင်သောကြောင့် ကျန်းမာ ရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြု ထားသော ကာကွယ်ဆေးများကိုသာ ထိုးနှံ ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက် တွန်းနှိုးဆော်ထားသည်။

ပြင်ပတွင် ရောင်းချနေသော Covishield အပါအဝင် COVID-19 ကာကွယ် ဆေးများသည် တရားဝင်တင်သွင်းထားသော ကာကွယ်ဆေးများမဟုတ်သဖြင့် အတုအပ ဖြစ်နိုင်ပြီး အရည်အသွေးအာမခံမှုမရှိဘဲ သယ်ယူထိန်းသိမ်းရာတွင် စနစ်မကျနိုင်သော ကြောင့် မကာကွယ်နိုင်သည့်အပြင် ဘေးဖြစ် စေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


COVID-19ရောဂါ ကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများနှင့်မတူဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အခြေ အနေတွင် အသုံးပြုရန် (Emergency use Listing) သာခွင့်ပြုထားသည့် ကာကွယ်ဆေး ဖြစ်သောကြောင့် အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေး ဦးစီးဌာန၏ သတ်မှတ်ချက်အ ရ ပြင်ပဆေးဆိုင်များသို့ လုံးဝဖြန့်ဖြူးရောင်း ချခွင့်မရှိကြောင်း သိရသည်

 

news-eleven.com

Read times
Rate this item
(0 votes)