What's New



×

Warning

JUser: :_load: Unable to load user with ID: 62

ကြည့်မြင်တိုင်ရှိ အရိုးရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်) ၏ ပြင်ပလူနာဌာနတွင် အရိုးရောဂါများ၊ ကျောရိုး၊ ခါးရိုးနှင့် လက်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသည့် လူနာများကို လက်ခံ ကြည့်ရှု ကုသပေးလျက် ရှိသည်။

 

ကျောရိုး၊ ခါးရိုးဆိုင်ရာ ရောဂါများကို တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ပြသနိုင်ပြီး လက်ပိုင်းဆိုင်ရာ ရောဂါများကို အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ပြသနိုင်မည် ဖြစ်သည်။

 

ပြင်ပလူနာဌာနသို့ သက်ဆိုင်ရာ လူနာလက်ခံသည့် ရက်များတွင်သာ သွားရောက် ပြသနိုင်မည် ဖြစ်ပြီး Booking ကြိုတင် ပြုလုပ်မထားပါက လက်ခံ ကုသပေးမည် မဟုတ်ကြောင်း သိရသည်။

 

ဆေးရုံသို့ သွားရောက် ပြသနိုင်မည့် နေ့ရက်နှင့် အချိန်များ၊ Booking တင်နိုင်မည့် အချိန်များကို အောက်တွင် အသေးစိတ် ကြည့်ရှုနိုင်သည်။

 

ကျောရိုး၊ ခါးရိုး ပြင်ပလူနာကြည့်ရက် 

တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ

မနက် (၈) နာရီမှ နေ့လည် (၁၂) နာရီထိ

 

ဖုန်းဖြင့် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ (၁၁) နာရီထိ 

ဦးရေ  - လူနာသစ် (၅) ဦး ၊ လူနာဟောင်း (၁၅) ဦး

 

လူကိုယ်တိုင် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ 

ဦးရေ - လူနာသစ် (၁၀) ဦး ၊ လူနာဟောင်း (၁၀) ဦး

 

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် Booking လက်ခံပေးနေပြီး ဖုန်းဖြင့် ဖြစ်စေ၊ ဆေးမှတ်တမ်းဌာနတွင် လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ Booking တင်နိုင်သည်။ တစ်ရက်လျှင် လူနာသစ် (၁၅) ဦး ၊ လူနာဟောင်း (၂၅) ဦးနှုန်းဖြင့် တစ်ပတ်လျှင် သုံးရက်အတွက် စုစုပေါင်း (၁၂၀) ဦး လက်ခံလျက် ရှိသည်။

 

 

Advertisement

Click Here > Rhino

 

လက်ပိုင်းဆိုင်ရာ ပြင်ပလူနာကြည့်ရက် 

အင်္ဂါ၊ ကြာသပတေး

မနက် (၈) နာရီမှ နေ့လည် (၁၂) နာရီထိ

 

ဖုန်းဖြင့် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ (၁၁) နာရီထိ 

ဦးရေ  - လူနာသစ် (၅) ဦး ၊ လူနာဟောင်း (၁၀) ဦး

 

လူကိုယ်တိုင် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ 

ဦးရေ - လူနာသစ် (၁၀) ဦး ၊ လူနာဟောင်း (၅) ဦး

 

ကြာသပတေးနေ့တိုင်းတွင် Booking လက်ခံပေးနေပြီး ဖုန်းဖြင့် ဖြစ်စေ၊ ဆေးမှတ်တမ်းဌာနတွင် လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ Booking တင်နိုင်သည်။ တစ်ရက်လျှင် လူနာသစ် (၁၅) ဦး၊ လူနာဟောင်း (၁၅) ဦးနှုန်းဖြင့် တစ်ပတ်လျှင် နှစ်ရက်အတွက် စုစုပေါင်း (၆၀) ဦး လက်ခံလျက် ရှိသည်။

 

အရိုးရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်)

လိပ်စာ - အမှတ် (၁၃၂)၊ ဟံသာဝတီလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - 09454806984

Published in Hospital Guide

ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ကျောက်ကပ်ကို စျေးသက်သက်သာသာနဲ့ ဆေးနိုင်မယ့် ရန်ကုန်မြို့က နေရာ (၁၀) ခုကို လိပ်စာ၊ ဖုန်းနံပါတ်နဲ့တကွ စုစည်း ဖော်ပြပေးလိုက်ပါတယ်။ 

 

၁။ ကုတင် (၅၀၀) ဆေးရုံ

 

ကျောက်ကပ်ဆေးတဲ့ စာအုပ်နဲ့ ကျောက်ကပ်ဆေးဌာနဆီ တစ်ခါထဲ သွားရောက် စာရင်းသွင်းလို့ ရပါတယ်။ တစ်ခါဆေး စက်ခ (၂၀,၀၀၀) ကျပ်ပါ။

လိပ်စာ - မင်းရဲကျော်စွာလမ်း၊ လမ်းမတော်

ဖုန်း - 01 230 1620 

 

၂။ သင်္ကန်းကျွန်း စံပြဆေးရုံ 

 

ပြင်ပလူနာဌာကို လူနာကိုယ်တိုင် လာပြပြီး အပေါ်ထပ်မှာ ကျောက်ကပ်ဆေးဖို့ စာရင်းပေးရမှာ ဖြစ်ပါတယ်။ တစ်ခါဆေး စက်ခ (၁၃,၀၀၀) ကျပ်ပါ။

လိပ်စာ - ဘုရားလမ်း၊ သင်္ဃန်းကျွန်း

ဖုန်း - 01 579 890

 

၃။ မြင့်မြတ်ဖြူစင်

 

ဖောင်သွားယူပြီး လျှောက်ရပါတယ်။ ထောက်ခံပေးမယ့် ဘုန်းကြီး (ဒါမှမဟုတ်) သက်ဆိုင်ရာ ဘာသာရေးဆရာ ရဲ့ လက်မှတ်တော့ ပါရပါတယ်။ ဒီမှာက အခမဲ့ပါ။ 

လိပ်စာ - မဟာဗန္ဓုလလမ်း ( ဗန္ဓုလတံတားအနီး )၊ ဗိုလ်တစ်ထောင်

ဖုန်း -  09 977 37 792

 

၄။ ဗေသေသဒ ကိုရီးယားဆေးခန်း

 

စက်အခြေအနေနဲ့ ဘီ၊ စီမေးပြီး လက်ခံပါတယ်။ တစ်ခါသုံး ကျောက်ကပ်တုအပါ တစ်ကြိမ် (၅၇,၀၀၀) ကျပ်ပါ။

လိပ်စာ - ဦးဖိုးလှိုင်လမ်း၊ တံတားဖြူ၊ လှိုင်သာယာ

ဖုန်း - 09 261 538 449 ( ဆရာမ မာမီခိုင် )

 

Advertisement

Click Here > Ko Thein Zaw’s

 

၅။ ကန်တော်လေးဆေးရုံ 

 

ကျောက်ကပ်ဆေးခက (၅၀,၀၀၀) ကျပ်ဖြစ်ပြီး ကျောက်ကပ်တုက (၂၅,၀၀၀) ကျပ်ပါ။

လိပ်စာ - ဒေါ်သိန်းတင်လမ်း၊ မင်္ဂလာတောင်ညွန့်

ဖုန်း - 01 3840 42

 

၆။ မြတ်သီရိ

 

ဖွင့်တာ သိပ်မကြာသေးတဲ့ ကုသိုလ်ဖြစ်ဆေးခန်း ဖြစ်ပါတယ်။ အခမဲ့ ကျောက်ကပ်ဆေးပေးနေပါတယ်။ လျှောက်လွှာတင်ရပါတယ်။

လိပ်စာ - မဆလာစက်မှတ်တိုင် ( သိမ်ဖြူတင်းနစ်ကွင်းရှေ့ )၊ မင်္ဂလာတောင်ညွန့်

 

၇။ မူစလင်ကုသိုလ်ဖြစ်ဆေးရုံ 

 

လျောက်လွှာသွားယူပြီး ဖောင်တင်တာ လက်ခံပေးနေပါတယ်။ ကုပေးနေတဲ့ အထူးကုဆရာဝန်ကြီးရဲ့ ထောက်ခံစာ ယူရပါမယ်။ စက်ဖိုးက (၂၅,၀၀၀) ကျပ်ပါ။

လိပ်စာ - ဘားလမ်း၊ ကျောက်တံတား

ဖုန်း - 01 255 967

 

၈။ မြောက်ဥက္ကလာဆေးရုံ 

 

တစ်ခါဆေးစက်ဖိုး (၁၅,၀၀၀) ကျပ်

လိပ်စာ - ဘားလမ်း၊ ကျောက်တံတား

ဖုန်း - 01 255 967

 

၉။ ငြိမ်းချမ်းသာ 

 

တစ်ခါဆေးစက်ဖိုး (၅၈,၀၀၀) ကျပ်

လိပ်စာ - (၁၃) ရပ်ကွက်၊ သစ္စာလမ်း၊ ရန်ကင်း 

ဖုန်း -  09 408 594 477

 

၁၀။ မြပါရမီ 

 

တစ်ခါဆေးစက်ဖိုး (၅၈,၀၀၀) ကျပ်

လိပ်စာ - အမှတ် (၁၄)၊ ပါရမီလမ်း၊ လှိုင်

ဖုန်း -  09 793 113 155, 09 793 113 156, 09 963 208 088, 09 408 594 477

Published in Hospital Guide

ဘားလမ်းရှိ မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံတွင် အထွေထွေရောဂါများ၊ သားဖွားနှင့် မီးယပ်၊ မျက်စိ၊ အရိုးအကြော၊ ဆီးနှင့် ကျောက်ကပ်၊ သွားနှင့် ခံတွင်းရောဂါများ ပြသနိုင်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ် ကုသပေးလျက် ရှိသည်။

 

လူမျိုး၊ ဘာသာမရွေး အခမဲ့ ဆေးကုသပေးနေခြင်း ဖြစ်ပြီး သွားရောက် ပြသနိုင်မည့် ရောဂါများနှင့် အချိန်များကို အောက်တွင် ကြည့်ရှုနိုင်သည်။

 

အထွေထွေဆေးကုသဆောင် ( Medical Ward )

 

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၈) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၈) နာရီမှ (၁၁) နာရီအထိ 

 

အထွေထွေခွဲစိတ်ဆောင် ( Surgical Ward )

 

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၉) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၉) နာရီမှ (၁၂) နာရီအထိ 

 

သားဖွားနှင့် မီးယပ်ဆောင် ( OG Ward )

 

ကလေးမွေးမည့် မိခင်များ ကိုယ်ဝန် (၅) လ ကျော်ပါက ပြသနိုင်မည် ဖြစ်ကာ လူနာအဟောင်းများက အင်္ဂါနေ့နှင့် စနေနေ့၊ လူနာအသစ်များ တနင်္လာနေ့နှင့် သောကြာနေ့တွင် ပြသနိုင်သည်။ မီးယပ်ရောဂါနှင့် ပတ်သတ်သည့် လူနာများအနေဖြင့်မူ ဗုဒ္ဓဟူးနေ့တွင် ( လူနာအသစ်ရော လူနာအဟောင်းပါ ) ပြသနိုင်သည်။

 

  • ကိုယ်ဝန်ဆောင်မိခင်များ ( လူနာအဟောင်း )  - အင်္ဂါနေ့နှင့် စနေနေ့၊ မနက် (၇) နာရီ
  • ကိုယ်ဝန်ဆောင်မိခင်များ ( လူနာအအသစ် )  - တနင်္လာနေ့နှင့် သောကြာနေ့၊ မနက် (၇) နာရီ
  • မီးယပ်လူနာများ - ဗုဒ္ဓဟူးနေ့ မနက် (၇) နာရီ

 

     Advertisement

Click Here > Ko Nyein Maung

 

မျက်စိပြင်ပဌာနနှင့် အဆောင် ( Eye OPD and Ward )

 

မျက်စိရောဂါ အမျိုးမျိုး /ခွဲစိတ်ခြင်း နှင့်မျက်စိပါဝါတိုင်းခြင်း များကိုကြည့်ရှူစမ်းသပ်ပြုလုပ်ပေးပါသည်။ အပတ်စဉ် တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၇) နာရီ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၇) နာရီမှ (၉) နာရီအထိ 

 

အရိုးအကြော ခွဲစိတ်ဌာန ( Orthopaedic Unit ) 

  • အပတ်စဉ် စနေနေ့၊ မနက် (၉) နာရီ

 

ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ဌာန ( Uro-Surgery )

  • အပတ်စဉ် သောကြာနေ့၊ မနက် (၉) နာရီ 
  • အပတ်စဉ် တနင်္ဂနွေနေ့၊ မနက် (၁၀) နာရီ 

 

ကျောက်ကပ်သွေးသန့်စင်ဌာန ( Hemodialysis Ward )

 

တစ်ပတ်လျှင် (၆) ရက်ဖြင့် တစ်ရက်လျှင် လူနာ (၁၈) ယောက်ကို ကျောက်ကပ်ဆေးပေးနေပြီး ကျောက်ကပ်ဆေးလိုသူများအနေဖြင့် တနင်္လာနေ့မှ သောကြာနေ့၊ မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအတွင်း Form တင်ရမည် ဖြစ်သည်။

 

သွားနှင့်ခံတွင်း အထူးကုဌာန ( Dental Unit )

 

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၈) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၈) နာရီမှ (၁၀) နာရီအထိ 
Published in Hospital Guide

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ တောင်ကြီးနှင့်  မကွေးမြို့များတွင် ရှိသော အစိုးရပိုင် ဗဟိုအဆင့် ပြည်သူ့ဆေးရုံများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို စုစည်း ဖော်ပြပေးလိုက်ပါသည်။

 

ဆေးရုံအလိုက် ပြင်ပလူနာအချိန်ဇယား ကြည့်ရန်

 

ရန်ကုန်ရှိ ဆေးရုံများ

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ဗိုလ်ချုပ်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

01256123

 

ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံကြီး

မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

012301618, 012301624, 012301625

 

အင်းစိန်ပြည်သူ့ဆေးရုံကြီး

အောက်မင်္ဂလာဒုံလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

01640523

 

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး

မေဓါဝီလမ်း၊ (ဆ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

019690417, 019699422, 019699423, 019699424, 019699410, 019690295 

 

ကလေးရောဂါ အထူးကုဆေးရုံကြီး

အမှတ် (၂) ပြည်ထောင်စုရိပ်သာလမ်း၊ ပြည်နောက်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

01222807, 01222808, 01222809

 

ရန်ကင်းကလေးရောဂါ အထူးကုဆေးရုံကြီး

အမှတ် (၈၅) သစ္စာလမ်း၊ ကန်ဘဲ့ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

01550684

 

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ် အထူးကုဆေးရုံ

ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့

01544000

 

မျက်စိရောဂါ အထူးကုဆေးရုံ

အမှတ် (၃၀)၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

01549171

 

စိတ်ကျန်းမာရေးဆေးရုံကြီး

အမှတ် ၁၆၄၊ အမှတ် (၇) လမ်းမကြီး၊ ရွာသာကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်မြို့။

09789504420

 

အရိုးရောဂါ အထူးကုဆေးရုံကြီး

အမှတ် (၁၃၂)၊ ဟံသာဝတီလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

09454806984, 01527087

 

သာကေတအထူးကုဆေးရုံ

ဧရာဝဏ်လမ်းမကြီးနှင့် ရှုခင်းသာလမ်းမကြီးထောင့်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

01450792

 

သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး

ကျိုက်က္ကစံလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

01579890

 

မင်္ဂလာဒုံအထူးကုဆေးရုံ

ပြည်လမ်း၊ ကျိုက္ကလို့ဘုရားအနီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

01256112

 

ဗဟိုအမျိုးသမီးဆေးရုံကြီး

မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်, ရန်ကုန်မြို့။

01221413

 

ဝေဘာဂီကူးစက်ရောဂါ အထူးဆေးရုံကြီး

ဝေဘာဂီရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ 

09451626466

 

အောင်ဆန်းတီဘီရောဂါ အထူးကုဆေးရုံကြီး

အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ 

013645748

 

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး

မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

01384493

 

အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ

ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

09457758577

 

ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံအားလုံး ကြည့်ရန်

 

Advertisement

Click Here > Great Star Enterprise

မန္တလေးရှိ ဆေးရုံများ

 

မန္တလေးပြည်သူ့ဆေးရုံကြီး

လမ်း ၃၀၊ ၇၄ လမ်းနှင့် ၇၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

0221041

 

ကလေးရောဂါ အထူးဆေးရုံကြီး

၆၆ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

024024915, 024024916, 024024917

 

ခုတင် (၃၀၀) ဆံ့ ကလေးရောဂါ အထူးကုဆေးရုံကြီး

၂၉ လမ်းနှင့် လမ်း ၃၀ ထောင့်၊ ၇၄ လမ်းနှင့် ၇၅ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ 

024033965, 024032225 

 

ဗဟိုအမျိုးသမီးဆေးရုံကြီး

လမ်း ၃၀၊ ၆၈ လမ်းနှင့် ၇၀ လမ်းကြား၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

024066691

 

စိတ်ကျန်းမာရေးဆေးရုံကြီး

မြစ်ငယ်၊ ထုံးဘိုလမ်းခွဲ၊ တောတွင်ကျေးရွာအနီး ၊အမရပူရမြို့နယ်၊ မန္တလေးမြို့။

09402594751

စိတ်ကျန်းမာရေး ကုသဌာန - 09266863258 

မူးယစ်ဆေးစွဲရောဂါ ကုသဌာ - 09780793831 

 

ခုတင် (၃၀၀) ဆံ့ သင်ကြားရေး ပြည်သူ့ဆေးရုံကြီး

၆၂ လမ်းပေါ်၊ သိပ္ပံလမ်းတောင်ပိုင်း၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

0280340

 

မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်းပင်း ခွဲစိတ်အထူးကုဆေးရုံ

၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ လမ်း ၈၀ နှင့် ၈၁ လမ်း ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

09965399550

 

ခုတင် (၅၀၀) ဆံ့ အရိုးရောဂါ အထူးကုဆေးရုံကြီး

မြို့သစ် (၁) ရပ်ကွက်၊ (၆၂) လမ်း၊ သိပ္ပံလမ်းနှင့် အောင်ဆန်းလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

09796493469, 022847613, 022847615

 

ပြန်လည်သန်စွမ်းရေးဆေးရုံကြီး (အထက်မြန်မာပြည်)

မတ္တရာမြို့နယ်၊ မန္တလေးမြို့။ 

09896502583

 

ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး

09771851582

 

မန္တလေးတိုင်းဒေသကြီးရှိ ဆေးရုံအားလုံး ကြည့်ရန်

 

Advertisement

Click Here >King Metal

နေပြည်တော်ရှိ ဆေးရုံများ

 

ခုတင် (၁၀၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး

ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

0673420683, 067421455

 

ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး

ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ နေပြည်တော်။

09404244075

 

သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး

ဥတ္တရ သီရိမြို့နယ်၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ နေပြည်တော်။

067417246

 

မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်းပင်း ခွဲစိတ်အထူးကုဆေးရုံ

ဥတ္တရသီရိမြို့နယ်၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ သီရိရတနာလမ်းနှင့် သီရိမဏ္ဍိုင်လမ်းထောင့်၊ နေပြည်တော်။

067417160

 

ကလေးရောဂါ အထူးကုဆေးရုံကြီး

ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရက်ကွက်၊ သီရိရတနာလမ်း၊ နေပြည်တော်။

067417059

 

အရိုးရောဂါ အထူးကုဆေးရုံကြီး

သီရိမဏ္ဍိုင်လမ်း၊ နေပြည်တော်။

067417180

 

တောင်ကြီးနှင့် မကွေးရှိ ဆေးရုံများ

 

စပ်စံထွန်းပြည်သူ့ဆေးရုံကြီး

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စဝ်စံထွန်းရပ်ကွက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှေ့၊ တောင်ကြီးမြို့။ 

0812121511

 

အမျိုးသမီးနှင့် ကလေးဆေးရုံကြီး

က​လေး​ဆေးရုံလမ်း၊ တောင်ကြီးမြို့။

0812121219

 

မကွေးမြို့ သင်ကြားရေးဆေးရုံကြီး

0632025154

 

တိုင်းနှင့် ပြည်နယ် (၁၅) ခုရှိ ဆေးရုံများ ကြည့်ရန်

 

Published in Hospital Guide

Covid -19 ရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ Omicron က အခုဆိုရင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို တဖြည်းဖြည်း ပျံ့နှံ့နေတာကြောင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးကောင်းပါတယ်။

ဖျားနာခြင်း(ချမ်းတုန်ခြင်း)
ချောင်းခြောက်ဆိုးခြင်း၊ လည်းချောင်းခြောက်/နာခြင်း
ခေါင်းကိုက်ခြင်း
မောပန်းနွမ်းနယ်ခြင်း
နှာစေး၊နှာပိတ်၊နှာရည်ယိုခြင်း
ကိုယ်ခန္ဓာကြွက်သားများ ကိုက်ခဲခြင်းတို့ ဖြစ်နေပါက Omicron ဖြစ်နိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေပါ။

ကိုဗစ်ဗိုင်းရပ်စ်ဟာ တုပ်ကွေးလက္ခဏာနှင့် ဆင်တူတတ်တာကြောင့် ပေါ့ပေါ့ဆဆ မနေကြဖို့ လိုသလို ဗိုင်းရပ်စ်ကိုရင်ဆိုင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း သေချာလိုက်နာဖို့ မှာချင်ပါတယ်။

တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့။
ချောင်းဆိုး၊ နှာချေရင် လက်နဲ့အုပ်ပါ ။
နှာခေါင်းစည်း (Mask) တပ်ပါ ။
ကာကွယ်ဆေးထိုးပါ ။
Covid -19 ကာကွယ်ဆေး ထိုးလို့ရနိင်မည့် ဆေးရုံ (၁၀)ခု နှင့် အချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

၁။ Myat Taw Win Hospital
မလေးရှားနိုင်ငံ Pharmaniaga ကာကွယ်ဆေးစက်ရုံမှ ထုတ်လုပ်တဲ့ FDA အသိအမှတ်ပြု Sinovac ကာကွယ်ဆေးဟာ စင်္ကာပူ၊ မလေးရှားနှင့် သြစတေးလျနိုင်ငံတို့တွင် အသိအမှတ်ပြုထားပြီး အသက် (၁၂ )နှစ်အထက်ကလေးများ ထိုးနှံဖို့အတွက် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ကာကွယ်ဆေး အမျိုးအစားပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးအတွက် တစ်ယောက်လျှင် ( နှစ်ကြိမ်စာ) ကို ၉၀ဝဝဝ ကျပ် ဖြစ်ပြီး Booster ထိုးမည့်သူများ တစ်ကြိမ်စာ ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ကြိုတင်ငွေလွဲ Booking စနစ်ဖြင့်သာ လက်ခံပြီးဖုန်းနံပါတ် - 09969897770, 09969897771 ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်နေ့မှာ မှတ်ပုံတင်မူရင်း (သို့မဟုတ်) Passport မူရင်း ယူဆောင်လာရပါမယ်။ COVID-19 ကာကွယ်ဆေးထိုးနှံပြီး တရားဝင် QR Code ပါရှိသော ဆေးထိုးပြီးကြောင်း လက်မှတ် ကိုလည်း ရယူနိုင်မှာပါ။

၂။ Ar Yu -International Hospital
ကာကွယ်ဆေးအမျိုးအစားမှာ "Corona Vac" Vaccine ဖြစ်ပါတယ်။ Corona Vac ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ SINOVAC Biotech ဆေးဝါးကုမ္မဏီမှ ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေးဖြစ်ပြီး၊ ဆေးထိုးပြီးနောက် ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း နည်းပါးစေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အသက် (၁၂)နှစ်မှစတင်၍ အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှာ ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေး တစ်ကြိမ်စာအတွက် ဈေးနှုန်းမှာ - ၄၂,၀၀၀ ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ ကာကွယ်​ဆေးထိုးနှံ​ပေးမည့်ရက် - ဗုဒ္ဓဟူး​နေ့ မှ တနင်္ဂ​နွေ​နေ့အထိ နံနက် (၉)နာရီမှ ည​နေ (၃)နာရီအတွင်း ထိုးနိုင်ပါတယ်။အသေးစိတ် စုံစမ်းရန် နှင့် ကြိုတင် Booking ယူရန် ​အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

(01) 9376 200၊ (01) 9376 201၊ (01) 9376 202၊ (01) 9376 206၊ (01) 9376 207၊ (01) 9376 208၊ (01) 9376 209
အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း(တာမွေဈေးဟောင်းမှတ်တိုင်)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

၃ ။ Victoria Hospital (ဝိတိုရိယ)
Sinopharm COVID-19 Vaccine အတွက် တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၀,ဝဝဝ ကျပ်နှင့် Sinopharm အတွက် အသက် 18 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Sinovac COVID-19 Vaccine အတွက်ကတော့ တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၂,၅ဝဝ ကျပ်ဖြင့် အသက် 12 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Booking တင်ရန်အတွက် 09750358906 ၊ 09750358901 သို့ ဆက်သွယ်နိုင်ပါတယ်။


၄။ Sakura Hospital
ဆာကူရာဆေးရုံကြီး ထိုးပေးတာကတော့မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Sinovac Covid-19 Vaccine (Vero Cell) အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးအား အကြိမ်ရေပြည့် (Full Dose) ထိုးနှံမည်ဆိုပါက (၇၉,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး ထပ်တိုးအကြိမ်ရေ (Booster Dose) ထိုးနှံမည်ဆိုပါက (၄၅,၀၀၀) ကျပ် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ထိုးနှံလိုပါက 09 400979813 သို့ဆက်သွယ်၍ ဘိုကင်တင်ထားနိုင်ပါတယ်။

၅။ Grand Hantha International Hospital
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံခွင့်ပြုထားတဲ့ Sinovac Covid-19 Vaccine (Vero Call) အမျိုးအစား၊ တရုတ်နိုင်ငံ Beijing Manufacturing ပဲဖြစ်ပါတယ်။ အသက် (၁၂) နှစ်အထက်မှ စပြီးထိုးနိုင်မှာဖြစ်ပြီး ကာကွယ်ဆေးအား (၄) ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရပါမယ် ။

နှစ်ကြိမ်စာ အတွက် (၉၀,၀၀၀) ကျပ် နှင့်တစ်ကြိမ်စာအတွက် (၄၅,၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

09-406664001၊ 01-2317617၊ 01-523000၊ 01-523111

၆ ။ Aung Yadana Hospital (အောင်ရတနာဆေးရုံ)
Covid-19 Vaccine ထိုးနှံခြင်းကို အသက် ၁၂နှစ်အထက်မှစ၍ ထိုးနိုင်ပြီး Sinovac Vaccine (Malaysia) - ၁ဦးလျှင် 80,000ကျပ် (နှစ်ကြိမ်စာ)၊ Sinovac Vaccine (Beijing) - ၁ဦးလျှင် 80,000 ကျပ် (နှစ်ကြိမ်စာ)၊ Sinopharm ၁ဦးလျှင် 90,000 ကျပ် (နှစ်ကြိမ်စာ) ဆေး ၂ ကြိမ် ထိုးနှံပြီးပါက QR Code ပါရှိသည့် Certificate ရရှိနိုင်မှာဖြစ်ပါတယ်။ 09-408097722 သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

၇။ Thukha Gabar Hospital (သုခကမ္ဘာ ဆေးရုံ)
သုခကမ္ဘာဆေးရုံမှာ အသက် (၁၂) နှစ် အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအနေနဲ့ Careme bot booking စနစ်မှအပြင် ဖုန်းနဲ့လည်းစာရင်းသွင်း ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေးကို ၄ ပတ်ခြားပြီး ၂ ကြိမ် ထိုးနှံရမှာဖြစ်ပြီး Full Dose နှစ်ကြိမ်အတွက် ၈၅၀၀၀ ကျပ်နဲ့ Booster Dose တစ်ကြိမ် အတွက် ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန် နေ့စဉ်မနက် ( ၈ ) နာရီမှညနေ ( ၅ ) နာရီ အထိ 09-404040850၊ 09-40404086 သို့ဆက်သွယ်နိုင်ပါပြီ။

၈။ Pun Hlaing Hospitals
Pan Hlaing ဆေးရုံတွင် Beijing Institute မှာ ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင်တော့ Full Doses (1st & 2nd Dose) -62000 mmk၊ 3rd Dose (Booster Dose) - 31000 mmk ကျသင့်မှာဖြစ်ပြီး Vaccine Certificate ကိုလည်း ပန်းလှိုင်ဆေးရုံမှ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်စုံစမ်းမေးမြန်းရန် Pun Hlaing Hospitals FB page Messenger (သို့) Hotline: 01 23 99 222 (မနက်၈နာရီ မှ ညနေ၅နာရီအထိ) ဆက်လို့ရပါတယ်။

၉။ OSC Hospital
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ် ပြုထားပြီး မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကာကွယ်ဆေးများ ဖြစ်တဲ့ Sinovac Vaccine ကို အသက် (၁၂) နှစ်မှ စတင်ထိုးနိုင်ပြီး Covexin Vaccine ကိုတော့ အသက် (၁၈) နှစ်မှ စတင် ထိုးနှံနိုင်ပါတယ်။ ဈေးနူန်းတွေကတော့ Sinovac Vaccine တစ်ကြိမ်စာ ကို 42,500 ks နှင့် Covexin Vaccine တစ်ကြိမ်စာ ကို 45,000 ks၊ Booster (တတိယအကြိမ်) ထိုးနှံလိုသူများအနေနဲ့ ယခင်ထိုးနှံထားသော Vaccination Certificate ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါမည်။ အသေးစိတ်သိရှိလိုပါက Ph. 01- 4706622၊ 09-43208326 ကို တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

၁၀။ Chan Myae Myittar Hospital
ချမ်းမြေ့မေတ္တာ ဆေးရုံမှာတော့ Sinopharm Vaccine အတွက် တစ်ယောက်လျှင် နှစ်ကြိမ်စာကို (90,000), တစ်ကြိမ် (45,000) ကျပ် နှင့် Sinovac Vaccine အတွက် နှစ်ကြိမ်စာကို (80,000), တစ်ကြိမ် (40000)ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ 09-420123047၊ 09-696685770၊ 09-768199677၊ 056-21769, 056-22600၊ 056-21055 တို့မှ တဆင့် Booking တင်ထားနိုင်ပါတယ်။ အမှတ်(၅၃) ၊ ကျိုက်ခေါက်ဘုရားလမ်း ၊သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့ တွင် သွားရောက် ထိုးနိုင်ပါတယ်။

COVID-19 ကာကွယ်ဆေးထိုးပြီးနောက်
-လက်မောင်းနာခြင်း၊
- ဖျားခြင်း၊ ကိုယ်ပူခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်း (သို့) ကြွက်သားများနာကျင်ခြင်း
- ဝမ်းပျက်ခြင်း စတဲ့အပျော့စားလက္ခဏာများကို ခံစားရခြင်းဟာ ပုံမှန်ဖြစ်တာကြောင့် ကြုံတွေ့ရနိုင်သော အပျော့စားလက္ခဏာများဟာ ရက်အနည်းငယ်အတွင်းမှာ အလိုအလျောက် ပျောက်ကွယ်သွားတတ်ပါတယ်။

ဒီလက္ခဏာတွေကို လူတိုင်းမခံစားရနိုင်ပေမယ့် စတင်ခံစားနေရပါက သင့်ခန္ဓာကိုယ်က ကိုဗစ်ရောဂါကို ကာကွယ်မှုစတင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ COVID-19 ရဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခွင့် ရတာနဲ့ ချက်ချင်းသွားရောက် ထိုးနှံသင့်ပါတယ်။

Published in Hospital Guide

သင်က ရန်ကုန်တိုင်းထဲမှာ နေထိုင်သူတစ်ယောက်လား....? ဒါဆိုရင် သင့်အနေနဲ့ သိထားတဲ့

Published in Hospital Guide

 ပြည်သူ့ဆေးရုံတွေမှာ (၁၈-၅-၂၀၂၀) ရက်နေ့ကစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပြန်လည်ထိုးနှံပေးနေပါပြီ။ 

Published in Hospital Guide

ပြည်လမ်းမပေါ်မှာရှိတဲ့ သုခကမ္ဘာဆေးရုံဟာဆိုရင် ကုတင် ၅၂ ကုတင်ဆံ့ ဆေးရုံတစ်ခု ဖြစ်ပါတယ်။

Published in Hospital Guide

Vision Care မျက်စိအထူးကုဆေးရုံကြီးကို ၂၀၁ရခုနှစ် ၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

Published in Hospital Guide

ဂရန်း(ဒ်) ဟံသာ ဆေးရုံကြီးကို ၂၀၁၇ခုနှစ်တွင်

Page 1 of 3