What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 May 2020 13:00

မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံ အသီးသီး၏ ပြည်ပလူနာဌာန ဖုန်းနံပါတ်များ

 ပြည်သူ့ဆေးရုံတွေမှာ (၁၈-၅-၂၀၂၀) ရက်နေ့ကစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပြန်လည်ထိုးနှံပေးနေပါပြီ။ 

(၂၀၂၀) ခုနှစ်၊ မေလ (၂၉) ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှအပ (၂) ပတ် ဆက်တိုက် ထိုးနှံတိုက်ကျွေးသွားမှာဖြစ်ပါတယ်။  ပြည်သူ့ဆေးရုံတွေမှာ ဇွန်လ (၁) ရက်နေ့ နောက်ပိုင်းမှာတော့ တစ်ပတ်ကို တစ်ရက် ပုံမှန် ဆက်ပြီးထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာနများနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာ/လူအုပ်စုအသီးသီးမှာတော့ ဇွန်လ (၁) ရက်နေ့ကစပြီး လစဉ်ပုံမှန်ထိုးနှံပေးသွားမှာပါ။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ခေတ္တယာယီရပ်နားထားတာကြောင့် မိဘပြည်သူအချို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက အကြံပြုချက်တွေကိုလိုက်နာပြီး တတ်နိုင်သမျှ မိမိတို့အိမ်မှာသာနေထိုင်ကြမှာဖြစ်တာကြောင့် COVID-19 သာမက အခြားကူးစက်ရောဂါတွေကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပြီးသားဖြစ်ပါတယ်။

 

ဒါကြောင့် မိဘပြည်သူတွေကို အစိုးရိမ်မလွန်ဖို့ ပြောကြားလိုပါတယ်။ ကာကွယ်ဆေးထိုးနှံရန်သွားတဲ့အခါမှာ မိဘပြည်သူတွေအနေနဲ့ အောက်ပါအချက်တွေကို အတိအကျလိုက်နာပါ။

 

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းမှာ လူစုလူဝေးမဖြစ်အောင်တစ်ရက်ကို ကလေး (၅၀) ဦးသာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးမှာ ဖြစ်တာကြောင့် ဆေးရုံ/ကျန်းမာရေးဌာနကို တက်နိုင်သမျှ ကြိုတင်ဖုန်းဆက် ရက်ချိန်းယူပါ။ မိမိတို့ နေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ မြို့နယ်တွေမှာ ဆက်သွယ်မေးမြန်းလို့ရနိုင်မယ့် ဖုန်းနံပါတ်တွေကိုလည်း ဝေမျှလိုက်ပါတယ်။

 

- ကြိုတင် ရက်ချိန်းယူပြီး ချိန်းဆိုထားတဲ့ ရက်မှာပဲ ကျန်းမာရေးဌာနကို သွားပါ။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို မိဘ/အုပ်ထိန်းသူ တစ်ဦးသာလျှင် ကလေးငယ်နဲ့အတူတူ ဝင်ခွင့်ပြုမှာဖြစ်ပါတယ်။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို လာတဲ့အခါမှာ အိမ်ကထွက်လာကတည်းက ပါးစပ်နှင့်နှာခေါင်းစည်း တပ်လာပါ။ ကလေးကိုလည်း ကလေးအသက်ရှူမကြပ်အောင် သတိထားပြီး ကလေးမျက်နှာကာ (ဒါမှမဟုတ်) အနှီးနဲ့ ကလေးမျက်နှာကို အုပ်လာဖို့လိုပါတယ်။

 

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို မဝင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး အနည်းဆုံး စက္ကန့် (၂၀) ဆေးရပါမယ်။

- ကလေး(ဒါမှဟုတ်) ကလေးနဲ့အတူနေတဲ့ အိမ်သားတစ်ဦးဦး ဖျားနေရင်/အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေရှိနေရင် ကာကွယ်ဆေးထိုးဖို့ မလာသေးဘဲ နေပြန်ကောင်းလာတဲ့အချိန်ကျမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့ ရက်ချိန်းယူပါ။

 

- တကယ်လို့ ကလေး(ဒါမှမဟုတ်) ကလေးနဲ့အတူနေအိမ်သားတစ်ဦးဦးက ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိတဲ့ လူနာနဲ့ ထိတွေ့ (contact) ရင်၊ home quarantine ပြုလုပ်ဖို့ လိုအပ်သော နေအိမ်မှာနေထိုင်ရင်တော့ သတ်မှတ်ထားတဲ့ quarantine ရက်ပြည့်ပြီးမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့အတွက် ရက်ချိန်းယူပါ။

 

- မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိကလေးကိုသော်လည်းကောင်း၊ မိမိမိသားစုကိုသော်လည်းကောင်း COVID-19 ရောဂါကူးစက်ခြင်းမရှိစေဖို့၊ မိမိကလေးငယ် မရရှိသေးတဲ့ ကာကွယ်ဆေးတွေ အားလုံး အပြည့်အဝရရှိနိုင်ဖို့နဲ့ မိမိကလေးငယ်ကို ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ရောဂါတွေက ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အကြံပြုချက်တွေကို လိုက်နာပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း‌ဆောင်ရွက်ပေးဖို့ အသိပေးတိုက်တွန်းလိုပါတယ်။

 

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

Image may contain: text

Read times Last modified on Wednesday, 20 May 2020 13:19
Rate this item
(0 votes)