What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 September 2023 10:57

မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံတွင် ပြသနိုင်မည့် ရောဂါများနှင့် ဆေးကုသချိန်များ

ဘားလမ်းရှိ မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံတွင် အထွေထွေရောဂါများ၊ သားဖွားနှင့် မီးယပ်၊ မျက်စိ၊ အရိုးအကြော၊ ဆီးနှင့် ကျောက်ကပ်၊ သွားနှင့် ခံတွင်းရောဂါများ ပြသနိုင်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ် ကုသပေးလျက် ရှိသည်။

 

လူမျိုး၊ ဘာသာမရွေး အခမဲ့ ဆေးကုသပေးနေခြင်း ဖြစ်ပြီး သွားရောက် ပြသနိုင်မည့် ရောဂါများနှင့် အချိန်များကို အောက်တွင် ကြည့်ရှုနိုင်သည်။

 

အထွေထွေဆေးကုသဆောင် ( Medical Ward )

 

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၈) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၈) နာရီမှ (၁၁) နာရီအထိ 

 

အထွေထွေခွဲစိတ်ဆောင် ( Surgical Ward )

 

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၉) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၉) နာရီမှ (၁၂) နာရီအထိ 

 

သားဖွားနှင့် မီးယပ်ဆောင် ( OG Ward )

 

ကလေးမွေးမည့် မိခင်များ ကိုယ်ဝန် (၅) လ ကျော်ပါက ပြသနိုင်မည် ဖြစ်ကာ လူနာအဟောင်းများက အင်္ဂါနေ့နှင့် စနေနေ့၊ လူနာအသစ်များ တနင်္လာနေ့နှင့် သောကြာနေ့တွင် ပြသနိုင်သည်။ မီးယပ်ရောဂါနှင့် ပတ်သတ်သည့် လူနာများအနေဖြင့်မူ ဗုဒ္ဓဟူးနေ့တွင် ( လူနာအသစ်ရော လူနာအဟောင်းပါ ) ပြသနိုင်သည်။

 

  • ကိုယ်ဝန်ဆောင်မိခင်များ ( လူနာအဟောင်း )  - အင်္ဂါနေ့နှင့် စနေနေ့၊ မနက် (၇) နာရီ
  • ကိုယ်ဝန်ဆောင်မိခင်များ ( လူနာအအသစ် )  - တနင်္လာနေ့နှင့် သောကြာနေ့၊ မနက် (၇) နာရီ
  • မီးယပ်လူနာများ - ဗုဒ္ဓဟူးနေ့ မနက် (၇) နာရီ

 

     Advertisement

Click Here > Ko Nyein Maung

 

မျက်စိပြင်ပဌာနနှင့် အဆောင် ( Eye OPD and Ward )

 

မျက်စိရောဂါ အမျိုးမျိုး /ခွဲစိတ်ခြင်း နှင့်မျက်စိပါဝါတိုင်းခြင်း များကိုကြည့်ရှူစမ်းသပ်ပြုလုပ်ပေးပါသည်။ အပတ်စဉ် တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၇) နာရီ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၇) နာရီမှ (၉) နာရီအထိ 

 

အရိုးအကြော ခွဲစိတ်ဌာန ( Orthopaedic Unit ) 

  • အပတ်စဉ် စနေနေ့၊ မနက် (၉) နာရီ

 

ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ဌာန ( Uro-Surgery )

  • အပတ်စဉ် သောကြာနေ့၊ မနက် (၉) နာရီ 
  • အပတ်စဉ် တနင်္ဂနွေနေ့၊ မနက် (၁၀) နာရီ 

 

ကျောက်ကပ်သွေးသန့်စင်ဌာန ( Hemodialysis Ward )

 

တစ်ပတ်လျှင် (၆) ရက်ဖြင့် တစ်ရက်လျှင် လူနာ (၁၈) ယောက်ကို ကျောက်ကပ်ဆေးပေးနေပြီး ကျောက်ကပ်ဆေးလိုသူများအနေဖြင့် တနင်္လာနေ့မှ သောကြာနေ့၊ မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအတွင်း Form တင်ရမည် ဖြစ်သည်။

 

သွားနှင့်ခံတွင်း အထူးကုဌာန ( Dental Unit )

 

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၈) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။

  • မနက် (၈) နာရီမှ (၁၀) နာရီအထိ 
Read times
Rate this item
(0 votes)