What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 March 2017 10:52

ကိုယ်ဝန်ဆောင်များ ပထမသုံးလမှာ ရှောင်သင့်တဲ့ အစာများ

ကိုယ်ဝန်ဆောင်များ ပထမသုံးလမှာ ရှောင်သင့်တဲ့ အစာများ Google.com

ကိုယ်ဝန်ဆောင်စအချိန်တွင် အလွန်အကျွံအန်ခြင်းသည် ပထမသုံးလပတ်တွင် အဆိုးဆုံးဖြစ်သော်လည်း နည်းလမ်းသိလျှင် အဆင်ပြေနိုင်ပါတယ်။

ပထမသုံးလပတ်အတွင်း ရှောင်ကြဉ်သင့်သည့် အစားအစာများကိုတော့ ကိုယ်ဝန်ဆောင် မိခင်များ သိထားရန် အထူးလိုအပ်ပါတယ်။

၁. အစပ်အရသာရှိသော အစားအစာများ

ကိုယ်ဝန်ပထမသုံးလအတွင်းမှာ ချဉ်ခြင်း တက်လေ့ရှိတာကြောင့် အစပ်ကို ပိုမိုစားသုံးလိုတဲ့ စိတ်ဆန္ဒတွေ ဖြစ်စေတတ်ပြီး အစပ်တွေစားခြင်းဟာ ရင်ပူစေရုံသာမက ဝမ်းလျှောခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။

၂. အချို့သောငါးများ

အချို့သောငါးတွေမှာ ပြဒါးဓာတ်မြင့်မားစွာပါဝင်လေ့ရှိတာကြောင့် သန္ဓေသားလောင်းရဲ့ဖွံ့ဖြိုးမှုတွေ ကို နှေးကွေးစေပြီး ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

ရှောင်ကြဉ်သင့်သည့်ငါးများမှာ နှုတ်ခမ်းဓားကဲ့သို့ချွန်ထက်တဲ့ငါး (swordfish) နဲ့ မက်ကရယ်ငါး (Mackerel) ဖြစ်ပါတယ်။

အစာအဆိပ်သင့်ခြင်းမဖြစ်စေရန် ကိုယ်ဝန်ဆောင်မိခင်များသည် ငါးအစိမ်းနှင့် မကျက်တကျက်ချက်ပြုတ်ထားတဲ့ ငါးမှန်သမျှကို ရှောင်ကြဉ်သင့်ပါတယ်။

၃. အသားအေးများ

အသားပြားအေးတွေမှာ ဘက်တီးရီးယားပိုးများ အမြဲတစေ တွယ်ကပ်နေလေ့ရှိကြောင်းကို အမေရိကန်ကိုယ်ဝန်ဆောင်အဖွဲ့အစည်းကြီးကပြောကြားထားပါတယ်။

Listeria ကြောင့်ဖြစ်တဲ့ ဖျားနာခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်အများဆုံးဖြစ်ကြောင်း သိရပါတယ်။

Listeria ပိုးဟာ အချင်းကိုဖြတ်၍ သန္ဓေသားလောင်းကို သေစေနိုင်လောက်သည် ထိ ပြင်းထန်သောရောဂါကိုဖြစ်စေနိုင်ပါတယ်။

ထို့ကြောင့် မဖြစ်မနေစားရမယ်ဆိုရင်တောင် အသားကို လုံးဝကျက်သည်အထိချက်ပြီး ပူပူနွေးနွေးအချိန်မှာသာ စားသင့်ပါတယ်။

၎. ဒိန်ခဲအပျော့များ

အသားပြားအေးတွေမှာ သာမက ဒိန်ခဲအပျော့တွေမှာလည်း Listeria ပိုပါတတ်ပါတယ်။ ဒိန်ခဲတွေအပြင် နွားနို့အစိမ်းတွေ၊ ပိုးသတ်မထားတဲ့နို့တွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာမှန်သမျှကို ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး ရှောင်ကြဉ်သင့်ပါတယ်။

Source: dmyanmar

Read times
Rate this item
(2 votes)