ဆေးသကြားကြောင့် ကင်ဆာဖြစ်နိုင် မဖြစ်နိုင် အငြင်းပွား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အချိုဓာတ်အတွက် သုံးစွဲသည့် အက်စ်ပါတိန်း aspartame သည် ကင်ဆာရောဂါဖြစ်နိုင်သည်ဟု ကြေညာရန် ပြင်ဆင်နေသည်။
.
အက်စ်ပါတိန်းကို Diet Coke အပါအဝင် အစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များစွာတွင် တွေ့ရှိနိုင်သည်။
.
ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး အချိုဓာတ်အတွက် ဆေးသကြားတစ်မျိုးဖြစ်သည့် Aspartame ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကင်ဆာသုတေသနဌာန International Agency for Research on Cancer (IARC) မှ ကင်ဆာရောဂါဖြစ်နိုင်သည်ဟု ကြေညာမည့် အစီအစဉ် ရှိသည်။
.
IARC သည် အက်စ်ပါတိန်း၏ ကင်ဆာဖြစ်ပွားစေသည့် ကာစီနိုဂျင် carcinogen သက်ရောက်မှုကို ဆန်းစစ်လေ့လာခဲ့သည်ဟု WHO ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
IARC ၏ တွေ့ရှိချက်များအပေါ် အခြေခံပြီး Joint FAO/WHO Expert Committee on Food Additives (JECFA) အဖွဲ့အစည်းမှ အက်စ်ပါတိန်း ကျန်းမာရေး ထိခိုက်နိုင်သည့် အကဲဖြတ်ချက်ကို ပြင်ဆင်သတ်မှတ်ပြီး ပြဋ္ဌာန်းပေးမည် ဖြစ်သည်။
ထို့အတွက် IARC နှင့် JECFA တို့က ဇူလိုင်လ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်မည် ဖြစ်သည်။ IARC က အက်စ်ပါတိန်းကြောင့် ကင်ဆာဖြစ်ပွားနိုင်ပုံကို ကြေညာမည်။ JECFA က လူတစ်ဦးအနေဖြင့် အက်စ်ပါတိန်းကို မည်မျှအထိသာ သုံးစွဲသင့်ကြောင်း ကြေညာမည် ဖြစ်သည်။
.
အက်စ်ပါတိန်းသည် အဖျော်ယမကာများနှင့် စားသောက်ကုန်များတွင် သုံးစွဲနေကြသည့် 'ပါလေရာ ပဲခူးဆား" ဖြစ်သည်။ ထို့ပြင် ချောင်းဆိုးပျောက်ဆေးများတွင်လည်း အက်စ်ပါတိန်း ပါသည်။ အချို့သွားတိုက်ဆေးများတွင်လည်း အက်စ်ပါတိန်း ပါသည်။
.
WHO သည် aspartame ကို နောက်ဆုံးလေ့လာဆန်းစစ်ခဲ့သည်မှာ ၁၉၈၁ ခုနှစ်တွင် ဖြစ်သည်။ ထိုစဉ်က ကိုယ်အလေးချိန် တစ်ကီလိုဂရမ်(၂ ဒသမ၂ ပေါင်) အတွက် နေ့စဉ် ၄၀ မီလီဂရမ်ထက် မပိုသင့်ဟု သတ်မှတ်ခဲ့သည်။
.
PepsiCo နှင့် Mars Wrigley တို့ အသင်းဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ဆေးသကြားများ အသင်း International Sweeteners Association က "IARC သည် အစားအသောက် ဘေးကင်းရေး အဖွဲ့အစည်း မဟုတ်ပါ" ဟု ပြောကြားသည်။
အသင်း၏ အထွေထွေ အတွင်းရေးမှူး Frances Hunt-Wood က 'Aspartame သည် သမိုင်းတွင် အသေချာဆုံးသုတေသနပြုထားသော ပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ကမ္ဘာတစ်ဝှမ်းရှိ အစားအစာဘေးကင်းရေး စိစစ်သည့် ဌာန ၉၀ ကျော်က ဘေးကင်းကြောင်း ကြေညာထားသည်" ဟု ကြေညာချက် ထုတ်ပြန်သည်။
အရက်မဟုတ်သော အဖျော်ယမကာ ကုန်သွယ်မှုဆိုင်ရာ အဖွဲ့အစည်းဖြစ်သော International Council of Beverages Associations ကလည်း ရှုံ့ချသည်။ "စားသုံးသူများကို ဘေးကင်းသည့် ဆေးသကြားအစား သကြားအစစ်ကို မလိုအပ်ဘဲ စားသုံးကြအောင် ပြုရာ ရောက်လိမ့်မည်" ဟု ဆိုသည်။
WHO က ကိုယ်အလေးချိန် လျှော့ချရာတွင် ဆေးသကြားက အထောက်အကူ မပြုဟု မကြာသေးခင်က ပြောကြားခဲ့သည်။
ဆေးသကြားသုံးစွဲမှု ကမ္ဘာ့ကျန်းမားရေးအဖွဲ့ သတိပေး
https://www.healthproducts.com.mm/articles/health-benefits/item/4618-non-sugar-sweetener-nss.html
Source fortune
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U