What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 March 2017 11:11

သွားတိုက်တံသိမ်းနည်း အမှား (၄) မျိုး

သွားတိုက်တံသိမ်းနည်း အမှား (၄) မျိုး Google.com

သွားတိုက်တံတွေမှာ ဘက်တီး ရီးယား မှိုပိုးတွေ ကပ်ငြိနေမယ်ဆိုရင်တော့ သွားနှင့်သွားဖုံးများ ပျက်စီးစေရုံမျှမက၊ ခံတွင်းရောဂါများ ဖြစ်လာနိုင်တာကြောင့် သွားတိုက်တံကို သန့်သန့်ရှင်းရှင်းထားပေးဖို့  အထူးလိုအပ်လှပါတယ်။

တစ်ကိုယ်ရေသန့် ရှင်းရေးအတွက် တစ်နေ့  ၂ ကြိမ် သွားတိုက်လေ့ ရှိကြသော်လည်း၊ သတိမထားမိတဲ့ သွားတိုက်တံ သိမ်းနည်းအမှားမျိုးတွေ မပြုမိကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁. သွားတိုက်တံကို ပလတ်စတစ်ဗူးထဲမှာ သိမ်းထားခြင်း။

သွားတိုက်တံကို သုံးပြီးတဲ့အခါတိုင်း ရေစင်စင်ဆေးဖို့ လိုအပ်ပြီး၊ ရေမခိုအောင်းနိုင်တဲ့ ပလတ်စတစ် ခြင်းတောင်း လေးထဲမှာသိမ်းရပါ့မယ်။ သွားတိုက်တံရဲ့ brush ကို အပေါ်ဖက်မှာ ထား၍ လက်ကိုင်ပိုင်းကတော့ ခြင်း တောင်းထဲမှာ စိုက်ထောင်၍ သိမ်းပေးပါ။

သွားတိုက်တံတွေကို ပလတ်စတစ်ပါကင်ဗူးဖြင့် ထုပ်ပိုး ရောင်းချလေ့ ရှိသော်လည်း၊ အသုံး ပြုပြီးတဲ့အခါမှာတော့ ထိုပလတ်စတစ်ဗူးခွံထဲ သိမ်းမထားသင့်တော့ပါဘူး။ ထို့သို့ သိမ်းမိပါက သွားတိုက်တံရှိ ရေအကြွင်းအကျန် များက ပလတ်စတစ်ဗူးထဲမှာ လေလုံ၍ မှိုပိုးများ ပေါက်ပွား လာစေတတ်လို့ ပါ။

၂. အိမ်သာ(သန့်စင်ခန်း) နှင့် ၆ ပေ အတွင်းမှာ သိမ်းထားခြင်း။

မျက်နှာသစ် ဘေစင် နှင့် အိမ်သာတို့ ကို တွဲလျက်ထား၍ သုံးခြင်းက အန္တရာယ်ကို လွယ်ထားခြင်းဖြစ်ပါတယ်။ အဘယ်ကြောင့်ဆို သော် မျက်စေ့ဖြင့် မမြင်နိုင်တဲ့ မစင်အညစ် အကြေး နှင့် အနံ့ အသက်ဆိုးတွေက သွားတိုက်တံမှာ ကပ်ငြိသွားကြတာ ကြောင့်၊ ထိုသွားတိုက်တံဘရက်ရှ်တွေက မိလ္လာထိုင်ခုံထက်ပို၍ ညစ်ပတ်သွားပြီ ဖြစ်ပါတယ်။ ထို့ကြောင့် သွားတိုက်တံကို အိမ်သာ (သန့် စင် ခန်း)နှင့် အနည်းဆုံး ၆ ပေထက် ပိုဝေးတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။

၃. ခံတွင်းသန့် ဆေး မှားယွင်းစွာ ရွေးချယ်မိခြင်း။

သွားဖြူစေဖို့ အတွက် detergent ကြေးချွတ်ဆေး များများပါတဲ့သွား တိုက်ဆေး များ နှင့် alcohol ပါဝင်မှုများတဲ့ ခံတွင်း သန့် စင်ဆေးရည်တွေက oral microbiome ဘက်တီးရီးယားတွေကို အားယုတ်စေတာကြောင့် ခံတွင်းကျန်မာရေးကို အထောက်အကူ မဖြစ်စေနိုင်တော့ပါဘူး။

ထို့ကြောင့် ပုံမှန်သွားတိုက်ဆေးကိုသာသုံးပါ။ တကယ်လိုအပ်မှသာ alcohol ဓာတ်ပါဝင်မှု နည်းတဲ့ ခံတွင်းသန့် စင်ဆေးရည်ကို ရွေးချယ်သုံးပါ။

၎. မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးခြင်း။

အချို့သူများက သွားတိုက်တံကို မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးပိုးသတ်လေ့ရှိကြပါတယ်။ ထိုနည်းက လွန်စွာမှားယွင်းတဲ့နည်းဖြစ်ပါတယ်။

အကောင်းဆုံး နည်းကတော့ သွားတိုက်တံတစ်ချောင်းကို အများဆုံး ၃ လ ထက်ပို၍ မသုံးဘဲ အသစ်လဲလှယ်ပါ။ ဖြစ်နိုင်ရင် သွားတိုက်တံမသုံး မီ ရေခပ်နွေးနွေးဆပ်ပြာတို့ ဖြင့် စိမ်၍ သန့် စင်ဆေးကြောပြီးမှ သုံးပါ။

Source: may dim’s note book

Read times Last modified on Tuesday, 28 March 2017 11:22
Rate this item
(2 votes)