What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 November 2018 16:52

အာဖရိက၀က်တုတ်ကွေး တရုတ်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထား

တရုတ်နိုင်ငံ၏ ၅၀ရာခိုင်နှုန်းသော ပြည်နယ်များတွင် ၀က်တုတ်ကွေး အလျင်အမြန် ပျံ့ နှံ့နေပြီး ထိန်းချုပ်နိုင်ပြီဟု ယခင်ကဆိုထားသော်လည်း ယခုအချိန်တွင် အရေးပေါ်အဆင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ဩဂတ်လတွင် လျောင်နင်ပြည်နယ် အရှေ့မြောက်ပိုင်းတွင် စတင်ခဲ့သော အဆိုပါ တုတ်ကွေးသည် အစိုးရပိုင်သတင်း မီဒီယာများ၏ စက်တင်ဘာတွင် ပြောကြားချက်အရ ပြည်နယ် ၅ခုတွင်သာ တွေ့ရှိခဲ့ပြီး ထိန်းချုပ်နိုင်သောအဆင့် ဟုကြေငြာခဲ့သော်လည်း ယခုအချိန်တွင် အကြီးဆုံးဝက်မျိုးမြူရေးခြံများရှိသော တရုတ်နိုင်ငံတောင်ပိုင်းရှိ ပြည်နယ် ၁၇ခုတွင် လျင်မြန်စွာ ပြန့်နှံ့နေပြီ ဖြစ်သည်။ ၀က်များကို တုတ်ကွေးဖြစ်နေသော ဒေသမှ ရွှေ့ပြောင်းခြင်းကြောင့် ဖြစ်ရသည်ဟု အာဏာပိုင်များက မွေးမြူရေးသမားများကို အပြစ်တင် ပြောကြားထားသည်။

 

UN Food and Agriculture Organisation (FAO)ကမူ ၀က်တုတ်ကွေးသည် အခြားသော အာရှနိုင်ငံများသို့ ကူးစက်သွားနိုင်ကြောင်း ဩဂတ်လက ပြောကြားထားခဲ့သည်။ အာဖရိက၀က်တုတ်ကွေးသည် လူများကို အန္တရာယ်မဖြစ်နိုင်သော်လည်း မွေးမြူရေးဝက်များနှင့် တောဝက်ရိုင်းများ အတွက် အသက်သေစေနိုင်အောင် ပြင်းထန်သည်။ ဖြေဆေးမရှိသောကြောင့် ရောဂါကူးစက်ခံရသော ၀က်များကို သတ်ရုံမှတပါး အခြားနည်းလမ်းမရှိခြင်းဖြစ်သည်။  FAO ၏ အဆိုအရ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ၀က်သားတင်ပို့မှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

Source:mingalarbarmorning.com

ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ပညာပေး ဟောပြောပွဲ

ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ပညာပေး ဟောပြောပွဲ

 

Read times Last modified on Tuesday, 20 November 2018 16:57
Rate this item
(0 votes)