What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 December 2018 15:08

ကိုယ်ဝန်ဆောင်ထားစဉ် ရှောင်ရှားရမည့် အစားအသောက်များ

ကိုယ်ဝန်ဆောင်ရသည့် ကိုးလတာကာလမှာ အမျိုးသမီးများ ဘ၀၏ စိန်ခေါ်မှုအများဆုံးလများ ဖြစ်နိုင်ပါသည်။

ခန္ဓာကိုယ်တွင် ပြောင်းလဲမှု အများအပြားကို ကြုံတွေ့ရပြီး ပတ်ဝန်းကျင်အခြေအနေများအပြင် ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုဂရုစိုက်ရန် လိုအပ်သည်။ ထို့အပြင် အစားအသောက်ကို ချင့်ချိန်စားသောက်ရန်မှာလည်း ဂရုစိုက်ရမည့် အချက်များတွင် ထိပ်ဆုံးမှပါဝင်သည်။ ထို့ကြောင့် လွယ်ကူချော မောသော ကိုယ်ဝန်ဆောင်ကာလ ဖြစ်စေရန် ရှောင်ရှားရမည့် အစားအသောက်များကို ဖော်ပြပေးလိုက်ပါသည်။

 

ဂက်စ်ပါသော ဖျော်ရည်များ (သို့မဟုတ်) ကော်ဖီ၊ လက်ဖက်ရည်နှင့် ကိုလာတို့ကဲ့သို့ ကဖိန်းဓာတ်အခြေခံဖျော်ရည်များ မသောက်ပါနှင့်။ ကဖိန်းဓာတ်များလွန်းပါက ကလေးကြီးထွားမှုကို ထိခိုက်နိုင်သည်။ တစ်နေ့ ကော်ဖီတစ်ခွက်နှုန်း နေ့တိုင်းသောက်သုံးသော အမျိုးသမီးသည် သာမန်ကိုယ်အလေးချိန်ထက် လျော့သော ကလေးမွေးဖွားနိုင်သည့် အန္တရာယ်ပိုများကြောင်း များမကြာမီက လေ့လာမှုတစ်ခုအရ သိရသည်။ ထို့ကြောင့် ကဖိန်းပါသော ဖျော်ရည်များ သောက်သုံးမှုကို သိသိသာသာ လျှော့ချပစ်ပါ။

 

ဓာတုချွတ်ဆေးများသုံးပြီး ပြန်လည်သန့်စင်ထားသော ဂျုံမှုန့်ဖြင့် ပြုလုပ်ထားသည့် အစားအသောက်များကို မစားပါနှင့်။ သကြားပါဝင်မှု မြင့်မားသော အစားအသောက်များ စားသောက်မှုကို ကြိုးစားလျှော့ချပါ။ သိပ္ပံနည်းအရ အတည်ပြုထားခြင်း မရှိသော်လည်း ဇာတိပ္ဖိုလ်သီး ပါဝင်မှုများသော အစားအစာများ စားခြင်းကြောင့် သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်သည်။

 

မာကျူရီဓာတ်ပါဝင်မှု မြင့်မားသော ပင်လယ်စာများကို အထူး ရှောင်ရှားသင့်သည်။ ယင်းအစားအစာများတွင် ဓားရှည်နှုတ်သီး ငါး၊ ငါးမန်းနှင့် မက္ကရယ်ငါးကြီးမျိုးတို့ ပါဝင်သည်။ မချက်မပြုတ်ရသေးသော ငါးစိမ်းများတွင် အစာအဆိပ်ဖြစ်စေသည့် ဘက်တီးရီးယားနှင့် ပိုးမွှားများပါဝင်သည်။ စည်သွတ်ထားသော ပင်လယ်စာများမှာ ဘေးကင်းသည်ဟု မှတ်ယူရပြီး ရေခဲရိုက်ထားသော (သို့ မဟုတ်) မီးကျပ်တိုက်ထားသော ပင်လယ်စာများကို မစားပါနှင့်။

 

အပူမပေးရသေးသော နို့တွင် ရင်သွေးကို သွေးအဆိပ်ဖြစ်စေနိုင်သည့် (သို့မဟုတ်) ရောဂါကူးစက်စေနိုင်သည့် အချင်းတိုင်မှ ဖြတ်သန်းဝင်ရောက်နိုင်သော အစာအဆိပ်ဖြစ်စေသည့် ပိုးပါဝင်သည်။

 

ကြက်ဥများ၊ ချိစ်များစားသောက်မည်ဆိုပါက လတ်လတ် ဆတ်ဆတ် ဖြစ်စေရန် အရေးကြီးသည်။ ကြက်ဥ၊ ဘဲဥများ ချက်ပြုတ်စားသောက်မည်ဆိုပါကလည်း ဥနှင့် အကာ ပုံမှန်အတိုင်းရှိနေသော ကြက်ဥ၊ ဘဲဥများဖြစ်စေရန် သေချာစွာ စစ်ဆေးကြည့်ရှုပြီးမှ ချက်ပြုတ်စားသောက်သင့်သည်။

Source:7DayDaily

 

Read: သွားအခေါင်းပေါက် ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၄) ခု

သွားအခေါင်းပေါက် ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၄) ခု

Read times Last modified on Wednesday, 27 February 2019 15:18
Rate this item
(0 votes)