What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 January 2019 15:50

အသည်းကင်ဆာ အဖုအကျိတ်မှာ ယေဘုယျအားဖြင့် ၁၁၇ ရက် အတွင်း နှစ်ဆအထိ ကြီးထွားလာနိုင်

ကမ္ဘာပေါ်တွင် အဖြစ်များဆုံး ရောဂါ နံပါတ် ၄ နှင့် အသေအပျောက်အများဆုံး ရောဂါ နံပါတ် ၂ မှာ အသည်း ကင်ဆာ ရောဂါ ဖြစ်နေပြီး အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမို အဖြစ်များကြောင်း တွေ့ရပါတယ်။ 

အသည်းကင်ဆာ ရောဂါ ဖြစ်နိုင်ခြေ ရှိသူများမှာ နာတာရှည် အသည်းရောင် အသားဝါပိုး ရှိသူများ၊ အသည်းခြောက် နေသူများ၊ အရက်ကြောင့် ဖြစ်သော အသည်း ရောဂါများ၊ အရက်ကြောင့် မဟုတ်ဘဲ အသည်း အဆီဖုံးခြင်း ဖြစ်နေသူများ၊ အခြား ဇီဝကမ္မနှင့် ကိုယ်ခံစွမ်းအား ဖောက်ပြန်ခြင်းကြောင့် ဖြစ်သော အသည်းရောဂါများ၊ မှိုတက်နေသော အစာစားသုံးခြင်း (Aflatoxin) တို့ ဖြစ်ပြီး ၎င်းတို့ထဲမှ နာတာရှည် အသည်းရောင် အသားဝါ ဖြစ်စေသော အကြောင်းအရာများ အဖြစ် လိင်ဆက်ဆံဖော်များခြင်း၊ သွေးကြောထဲသို့ မူးယစ်ဆေး သွင်းခြင်း၊ ဆေးမင်ကြောင် ထိုးခြင်း၊ ရောဂါပိုးရှိသော သွေးသွင်းခြင်း၊ ဆေးထိုးအပ် စူးရှမိခြင်း၊ မိသားစုတွင်း အသည်းရောင် အသားဝါ B၊ C နှင့် အသည်း ကင်ဆာရှိခြင်းတို့က အလားအလာ အရှိဆုံး ဖြစ်နေကြောင်း သိရပါတယ်။


ထို့ပြင် အဝလွန်ခြင်း၊ ဆီးချို သွေးချို ရောဂါ၊ အဆီဓာတ်များခြင်း၊ အရက် အလွန်အကျွံ သောက်ခြင်းနှင့် တစ်နေ့လျှင် နှစ်ယူနစ်ထက် ပို၍ သောက်သုံးခြင်းတို့မှလည်း အသည်းကင်ဆာ ဖြစ်ပွားဖွယ် ရှိနေကြောင်း သိရပါတယ်။

 

အသည်းကင်ဆာ ဖြစ်ပွားမှု၏ ၅ဝ ရာခိုင်နှုန်းကျော်သည် အသည်းရောင် အသားဝါကြောင့် ဖြစ်ပွားခြင်းမျိုးဖြစ်ပြီး ၂၅ ရာခိုင်နှုန်း မှာ C ပိုးနှင့် ၃၂ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အထိမှာမူ အရက် အလွန်အကျွံ သောက်သုံးမှုမှ ဖြစ်ကြောင်း တွေ့ရပြီး အာရှနှင့် အာဖရိကရှိ အစေ့အဆန်များတွင် ပေါက်သော အဆိပ်ပါသည့် မှိုတစ်မျိုးပါသော မြေပဲ စားသုံးခြင်းနှင့် အသည်းခြောက်ခြင်းတို့မှာမူ အသည်း ကင်ဆာ ဖြစ်ပွားမှုနှုန်း အနည်းငယ်သာ ရှိနေကြောင်း သိရပါတယ်။

 

စစ်ဆေး စမ်းသပ်မှု ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသည်းကင်ဆာ၏ အဖုအကျိတ်၏ ကြီးထွားနှုန်းပေါ် မူတည်နေပြီး ရက်ပေါင်း ၁၁၇ ရက် ကြာပါက နှစ်ဆအထိ ကြီးထွား လာနိုင်ကြောင်း သိရပါတယ်။

 

ကင်ဆာ အဖုအကျိတ် တစ် စင်တီမီတာ ရှိသော ဝေဒနာရှင် အနေဖြင့် ယေဘုယျအားဖြင့် ရက်ပေါင်း ၁၁၇ ရက် ကြာပါက နှစ် စင်တီမီတာ အထိ ရှိလာနိုင်ပြီး လေး စင်တီမီတာ အထိ ရှိနေပါက ၁၁ရက် အတွင်း၌ ရှစ် စင်တီမီတာ အထိ ကြီးထွား လာနိုင်ကြောင်း အသည်း ကင်ဆာနှင့် ပတ်သက်သော နောက်ဆုံးပေါ် ကုသနည်း စနစ်ဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားခဲ့သော စင်ကာပူနိုင်ငံ ချန်ဂီ ဆေးရုံမှ Dr Sallen Bin Lbrahim နှင့် မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းတို့၏ ပြောကြားချက်အရ သိရပါတယ်။

Source: အေဝိုင်အီး

 

Read: မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် အသက်ကယ်သင်တန်းဌာန ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် အသက်ကယ်သင်တန်းဌာန ဖွင့်လှစ်

Read times Last modified on Wednesday, 27 February 2019 14:46
Rate this item
(1 Vote)