What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 January 2019 11:42

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် အသက်ကယ်သင်တန်းဌာန ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် အသက်ကယ်သင်တန်း ဌာနကို စတင်ဖွင့်လှစ်လိုက်ပြီး သင်ကြား ပို့ချမှုလုပ်ငန်းများတွင် အမေရိကန်နိုင်ငံ အခြေစိုက် Suu Foundation နှင့် ဟောင်ကောင်အခြေစိုက် Prudence Foundation တို့၏ ပံ့ပိုးမှုအစီအစဉ်ဖြင့် ပြင်သစ်နိုင်ငံ Assistance Publique - Hôpitaux de Paris ဆေးရုံပညာရှင်များ၊ ပြင်သစ်နိုင်ငံသားများက ပူးပေါင်း ပါဝင်လျက်ရှိပြီး ဆက်လက်၍လည်း အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက် ' သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနထံမှ သတင်းရရှိသည်။

အဆိုပါ သင်တန်းဌာနဖွင့်လှစ်ခြင်း ' အခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်က ' နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ဆေးရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဌာနကို မြန် မာနိုင်ငံတွင် အမျိုးသားအဆင့် အရေးပေါ် လူနာတင်ယာဉ်စနစ် ပေါ်ပေါက်လာရေး၌ ပါဝင်မည့် ဝန်ကြီးဌာနမှဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အတတ်ပညာရှင် များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည် ရွယ်ကာ ဝန်ကြီးဌာန၏ ခွင့်ပြုဘဏ္ဍာငွေ ကျပ် ၁၅၇၅ သိန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

 

ယခုကဲ့သို့သော သင်တန်းဌာနမျိုးကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင်လည်း အမြန်ဆုံး ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ပညာရှင်များ တိုင်ပင်ဆွေးနွေး ဆောင်ရွက်သွားကြစေလိုကြောင်း ရှေးဦးအသက်ကယ်ပြုစုခြင်းနှင့် အရေးပေါ် အသက်ကယ်ကုသခြင်းလုပ်ငန်းများ ' တွင် ချိတ်ဆက်ဆောင်ရွက်မှုမှာ အထူးအရေးကြီးသဖြင့် လူမှုအဖွဲ့ အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များမှ အရေးပေါ်လူ နာတင်ယာဉ်များပါ ပါဝင်သည့် အမျိုးသား အဆင့် အရေးပေါ်လူနာတင်ယာဉ်ကွန်ကြီး (National Ambulance Network) ဖြစ်ပေါ်လာရေးကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြော ကြားသည်။

 

သင်တန်းများမှ အောင်မြင်သူများအား အသိမှတ်ပြုလက်မှတ် (certificate) များပေးအပ်ပြီး သင့်တော်သောကာ လတစ်ခုတွင် မွမ်းမံသင်တန်းများ ထပ်မံ ပေးအပ်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက် သွားရန် စီစဉ်ထားကြောင်းလည်းသိရသည်။

Source:Pyimyanmar

 

Read: အသားဖြူဆေးများ သုံးရာတွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် တရားဝင် တင်သွင်းသည့် ပစ္စည်းများကိုသာ ရွေးချယ်သင့်

အသားဖြူဆေးများ သုံးရာတွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် တရားဝင် တင်သွင်းသည့် ပစ္စည်းများကိုသာ ရွေးချယ်သင့်

Read times Last modified on Wednesday, 27 February 2019 14:47
Rate this item
(0 votes)