What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 January 2019 17:32

သင်္ဘောသီးကို ဆေးဖက်ဝင်အောင် ဘယ်လို စားမလဲ

သင်္ဘောသီးဟာ ရာသီမရွေးရနိုင်တဲ့ အသီးဖြစ်ပြီး လူအများ ကြိုက်နှစ်သက်တဲ့ အသီးဖြစ်ပါတယ်။ အသီးအနှံတွေကို ဆေးဝါးဖြစ်အောင် စားသုံးရာမှာ ဘယ်လိုမျိုး စားသုံးရမလဲဆိုတာ မျှဝေလိုက်ပါတယ်။

သင်္ဘောသီးဟာ အစာကို ကြေလွယ်အောင် ကူညီပေးနိုင်ပါတယ်။ အင်ဆီအောက်ဆီးဒင့်ပါဝင်ပြီး ဗ်ီတာမင် စီ၊ ဗ်ီတာမင်အီး၊ နှင့် Beta-Carotene ပါဝင်ပါတယ်။ သင်္ဘောသီးထဲမှာပါဝင်တဲ့ Folate ၊ ဗီတာမင်စီ ၊ ဗီတာမင်အီး၊ Beta-Carotene တို့ဟာ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ မအီမသာဖြစ်ခြင်း၊ ပျို့ချင်၊ အန်ချင်ခြင်း မူးမော်တတ်သူများအတွက်လည်း သင်္ဘောသီး ကိုစားသုံးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ အိမ်ထောင်သည် များအတွက်လည်း အထူးကောင်းမွန်ပါတယ်။

 

နံနက် ၈ နာရီ စားသုံးလျှင် – အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါတယ်။

 

နံနက် ၉ နာရီ စားသုံးလျှင် – သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေပါတယ်။

 

နံနက် ၁၀ နာရီ စားသုံးလျှင် – အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေပါတယ်။

 

နံနက် ၁၁ နာရီ စားသုံးလျှင် – အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေပါတယ်။

 

မွန်းလွဲ ၁ နာရီ စားသုံးလျှင် – နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေပါတယ်။

 

မွန်းလွဲ ၂ နာရီ စားသုံးလျှင် – ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေပါတယ်။

 

မွန်းလွဲ ၃ နာရီ စားသုံးလျှင် – အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်ပါတယ်။

 

ညနေ ၄ နာရီ စားသုံးလျှင် – ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေပါတယ်။ (ကလေးမစားရ)

Source:Myfoodmyanmar

 

Read: ကြောက်စရာကောင်းတဲ့ သွေးကြောကြီးများယောင်ခြင်းအကြောင်း ( Giant cell arteritis )

ကြောက်စရာကောင်းတဲ့ သွေးကြောကြီးများယောင်ခြင်းအကြောင်း ( Giant cell arteritis )

Read times Last modified on Wednesday, 27 February 2019 14:43
Rate this item
(1 Vote)