What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 January 2019 13:23

ခြေထောက်ဖောရောင်ခြင်းအကြောင်း ( Leg swelling )

ခြေထောက်ဖောရောင်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ အရည်များစုပုံခြင်း၊ ထိခိုက်ဒဏ်ရာရသော သို့မဟုတ် ရောဂါရှိသော ကြွက်သား ၊ အဆစ်အမြစ် တို့ရောင်းရမ်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။

လက္ခဏာများကတော့ ပြောင်တင်း၍ ဖောရောင်ခြင်း ၊ ထုံခြင်း ၊ အနာများဖြစ်ခြင်း ၊ ယောင်ရမ်းခြင်း ၊ ယားယံခြင်း ၊ အသက်ရှုမဝခြင်း ၊ ခြေထောက်နာခြင်း စသည့်လက္ခဏာများရှိပါတယ်။ အများဆုံးဖြစ်ပွားသောအကြောင်းအရင်းမှာ ထိခိုက်ဒဏ်ရာရခြင်း၊ အချိန်ကြာကြီးမတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်း တိုကြောင့်ဖြစ်ပွားနိုင်ပါတယ်။

 

တစ်ခါတစ်ရံ စိုးရိမ်ဖွယ်ကောင်းသောရောဂါများ (နှလုံးရောဂါ ၊ အဆုတ်ရာဂါ ၊ ကျောက်ကပ်ရောဂါ) များ၏ လက္ခဏာများဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ အရည်များစုပုံခြင်း ၊ ရုတ်တရပ် ကျောက်ကပ်ပျတ်ခြင်း ၊ နှလုံးကြွက်သားရောဂါ ၊ နာတာရှည်ကျောက်ကပ်ရောဂါ ၊ အသည်းခြောက်ရောဂါ ၊ ပြန်ရည်ကြောပိတ်ခြင်း ၊ အကိုက်အခဲသောက်ဆေးများ ၊ ကိုယ်ဝန်ဆောင်ချိန် ၊ ကျောက်ကပ်ရောင်ရောဂါ ၊ သွေးပြန်ကြောအတွင်း သွေးခဲခြင်း နှင့် နှလုံးလုပ်ငန်းဆောင်တာများပျက်စီးခြင်း တို့ဘဲ ဖြစ်ပါတယ်။

 

ရောင်းရမ်းခြင်းများကတော့ ခြေဖနောင့်နောက်ကြောရှိ Achilles အရွတ် ဒဏ်ရာရခြင်း ၊ ခြေထောက်ကျိုးခြင်း ၊ ဂေါက်အဆစ်ရောင်ရောဂါ ၊ အဆစ်အမြစ်နာရောဂါ ၊ သွေးလေးဖက်နာရောဂါ ၊ ခြေကျင်းဝတ်လည်ခြင်း ၊ အရေပြားပိုးဝင်ခြင်း ဖြစ်တဲ့အခါတွေမှာ ရောင်းရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဖြစ်များတာကတော့ အသက်ကြီးသောသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် အဝလွန်သောသူများ ပိုအဖြစ်များပါတယ်။

 

ခြေထောက်ဖောရောင်ခြင်းကို မကုသဘဲထားလျှင် ဘာတွေဖြစ်လာနိုင်သလဲဆိုရင်တော့ ပို၍ဖောရောင်ကာနာလာမယ် ၊ လမ်းလျှောက်ရခက်ခဲမယ် ၊ ခြေထောက်တောင့်တင်းလာမယ် ၊ ရောင်နေသောခြေထောက်တွင် ပိုးဝင်ခြင်းတွေ ၊ သွေးလည်ပတ်မှုကျဆင်းခြင်းတွေနဲ့ အရေပြားအနာများပိုမိုဖြစ်ပွားနိုင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ခြေထောက်ဖောရောင်ခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်မလဲ။ လှဲအိပ်သောအခါ ဖောနေသောခြေထောက်ကို ခေါင်းအုံးပေါ်တင်ထားနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား နေခြင်း၊ ခြေထောက်လေ့ကျင့်ခန်းလုပ်ခြင်း ၊ ဖောနေသောနေရာကို သန့်သန့်ရှင်းရှင်းထားခြင်းဖြင့် ပိုးမဝင်အောင်ကာကွယ်နိုင်ပါတယ်။ အငန်ဓာတ် စားသုံးမှုများကို လျော့ချခြင်း ၊ ဖောနေသောခြေထောက်ကို Stocking (အသားကပ်ဘောင်းဘီ) စည်းထားခြင်းတို့ဖြစ်လည်း ကာကွယ်နိုင်ပါတယ်။

Source: Dr Myo Myint(healthcare.com.mm)

 

Read: အရည်ထဲမှာ ဆေးခတ်ထား၊မထား သိနိုင်တဲ့ လက်သည်းနီ

အရည်ထဲမှာ ဆေးခတ်ထား၊မထား သိနိုင်တဲ့ လက်သည်းနီ

Read times Last modified on Saturday, 26 January 2019 13:33
Rate this item
(2 votes)