အကြောပြတ်ရာတွေ၊ အမာရွတ်တွေဆိုတာ အရေပြားထဲက တစ်သျှူးတွေ ပျက်စီးသွားလို့ ဖြစ်လာတာပါ။ ဒီလိုပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည်ကောင်းမွန်ပြီး စိုပြည်ချော့မွေ့တဲ့ အသားအရေလေးတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီနည်းလမ်းလေးတွေက ထိရောက်စွာ ကူညီပေးပါလိမ့်မယ်။
(၁) ဗက်ဆီလင်း
ဗက်ဆီလင်းဟာ အမာရွတ်ပျောက်ဆေး အကောင်းစားတွေလောက်ကို ထိရောက်တဲ့ အာနိသင်ရှိကြောင်း သုတေသနပြုလုပ်ချက်များအရ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဗက်ဆီလင်းကို အမာရွတ်တွေအပေါ် တစ်နေ့သုံးခေါက် ပုံမှန်လိမ်းပေးခြင်းဖြင့် အမာရွတ်တွေအားလုံး ပျောက်ကင်းသွားမှာဖြစ်ပါတယ်။
(၂) ရှားစောင်းလက်ပပ်အနှစ်
ရှားစောင်းလက်ပပ်ဟာ အသားအရေနဲ့ပတ်သက်တဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်တဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို အမာရွတ်ပေါ်ကို လိမ်းပြီး စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးကာ မိနစ် ၃၀ အကြာမှာ ဆေးကြောပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်နေ့ ၂ ခါ ပုံမှန်ပြုလုပ်ပေးပါ။
(၃) ကြက်သွန်နီ
ကြက်သွန်နီဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အမာရွတ်ပျောက်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ကြက်သွန်နီကို ကြိတ်ပြီး ရလာတဲ့အရည်ကို အမာရွတ်အပေါ် တစ်နေ့ ၃ ကြိမ် လိမ်းပေးခြင်းဖြင့် အမာရွတ်တွေ လျင်မြန်စွာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
(၄) ပန်းသီးရှာလကာနဲ့ ပျားရည်
ပန်းသီးရှာလကာရည်ဟာ သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်လို့ နေရာတော်တော်များများမှာ တွင်ကျယ်စွာ အသုံးပြုနေကြတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ကို အမာရွတ်ပျောက်ဆေးအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ ပျားရည်နဲ့ ဆတူရောစပ်ကာ အမာရွတ်အပေါ်ကို လိမ်းပေးပြီး ၁၀ မိနစ်အကြာမှာ ရေဆေးလိုက်ပါ။
(၅) အုန်းဆီ၊ သံလွင်ဆီ
သဘာဝအဆီတွေဟာ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါကြောင့် အုန်းဆီ သို့မဟုတ် သံလွင်ဆီတို့ကို အမာရွတ်အပေါ် လိမ်းပြီး ၁၅ မိနစ်ခန့် နှိပ်နယ်ပေးကာ ရေဆေးလိုက်ပါ။ တစ်ရက်ကို ၃ ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေကို ပျောက်ကင်းစေမှာဖြစ်ပါတယ်။
Source:auntymay