What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 January 2019 16:45

သွေးတွင်း မကောင်းသောအဆီ လျော့နည်းစေရန်

သွေးထဲက မကောင်းသော အဆီ လျော့နည်း စေလိုပါလျှင် ဖော်ပြပါ အစား အသောက်များကို စားသုံး သင့်ပါတယ်။

ထော်လက်ဖက်ခြောက်

ထော်လက်ဖက်ခြောက်သည် ယူနန်ပြည်နယ်တွင် အဓိက ထုတ်လုပ်သော လက်ဖက်ခြောက် တစ်မျိုးဖြစ်သည်။ နေ့စဉ် ထော်လက်ဖက်ခြောက် ခတ်သော ရေနွေးကြမ်းကို သောက်ပေးပါလျှင် သွေးထဲမှ အဆီဓာတ် ၂၀ ရာခိုင်နှုန်းကို လျော့နည်းစေနိုင်ပါသည်။

 

ကြက်သွန်နီ

ကြက်သွန်နီတွင် ပရိုစတာ ဂလျံဒင် (prostangladin) ပါရှိ၍ သွေးကြောသန့်ပြီး သွေးတိုးကို ကျစေနိုင်ပါသည်။ ထို့ပြင် အယ်လိုင်ဒိုင်ဆာလဖိုက် (prostangladin) နှင့် သိုင်ယာမင်း အနည်းငယ်လည်း ပါရှိ၍ သွေးတွင်း အဆီကို လျော့နည်းစေနိုင်ရုံမက သွေးလွှတ်ကြော မာကျစ်ခြင်းကိုလည်း ကြိုတင် ကာကွယ် နိုင်ပါသည်။

 

ပန်းသီး

ပန်းသီးတွင် ပိုတက်စီယမ်များစွာပါရှိ၍ ခန္ဓာကိုယ်အတွင်း ပိုလျှံသော ဆိုဒီယမ်ဆားဓာတ်ကို ဖယ်ရှား ပစ်နိုင်သည်။ အကယ်၍ တစ်နေ့လျှင် ပန်းသီး သုံးလုံးနှင့် အထက် စားပေးနိုင်လျှင် သွေးဖိအားကို ပုံမှန် ဖြစ်စေနိုင်ပါသည်။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွင် ကန့်ပါဒြပ်ပေါင်း ပါရှိ၍ သွေးထဲက ကိုလက်စထရောကို လျော့နည်းစေနိုင်ပြီး သွေးကြော သွေးခဲဆို့ခြင်း မဖြစ်အောင်လည်း တားဆီးနိုင်ကာ အလွန် သိပ်သည်းသည့် လိုက်ပိုပရိုတင်း (High density lipoprotein)ကို တိုးပွားလာစေပြီး နှလုံး သွေးလွှတ်ကြောကို ကာကွယ် ပေးပါသည်။

 

နွားနို့

နွားနို့တွင် ကယ်လ်စီယမ် အတော်များများ ပါရှိ၍ ခန္ဓာကိုယ် အတွင်းကို လက်စထရော အင်ဇိုင်း သတ္တိကြွမှုကို တားဆီးနိုင်ပြီး ခန္ဓာကိုယ်တွင်း ကိုလက်စထရော စုပ်ယူမှုကို လျော့နည်းစေပါသည်။

 

အုတ်ဂျုံ

အုတ်ဂျုံတွင် လီနိုလီနစ် အက်စစ် (Linolenic Acid) နှင့် ဆာပိုနင်(Saponin) များစွာပါရှိ၍ ကိုလက်စထရောနှင့် ထရိုင် ဂလစ်စရိုက်ကို လျော့နည်းစေပြီး သွေးလွှတ်ကြော မာကျစ်ခြင်းကို ကြိုတင် ကာကွယ်နိုင်ပါသည်။

 

ပြောင်းဖူး

ပြောင်းဖူးတွင် ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ ဆီလီနီယမ်ဓာတ် (Selenium)၊ လက်ဆီသင် (Lecithin)၊ ဗီတာမင် စသည်တို့ များစွာပါရှိ၍ ကိုလက်စထရောကို လျော့နည်း စေနိုင်သည်။ ရက်အင်ဒီးယန်း လူနီလူမျိုးတို့သည် သွေးတိုးဝေဒနာနှင့် နှလုံးဝေဒနာ စွဲကပ်သူ မရှိသလောက်ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ပြောင်းဖူးကို ပဓာန အစားအစာ အဖြစ်စားသောကြောင့် ဖြစ်သည်ဟု အမေရိကန် ရက်အင်ဒီးယန်း လူမျိုးစု ဂျာနယ်တွင် ရေးသားထားသည်။


Source: မောင်လှကျော် (သူရဲသမိန်)

 

Read: သွေးပြန်ကြောထုံးခြင်း အကြောင်း ( Vricose Vein )

သွေးပြန်ကြောထုံးခြင်း အကြောင်း ( Vricose Vein )

Read times Last modified on Wednesday, 27 February 2019 14:34
Rate this item
(1 Vote)