What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 February 2019 16:33

အာရုံစိုက်မှုများလို့ ဖြစ်တတ်တဲ့ မျက်စိညောင်းညာခြင်းကို ကုသနည်းများ

အာရုံစိုက်မှုများလို့ ဖြစ်တတ်တဲ့ မျက်စိညောင်းညာခြင်းကို ကုသနည်းများ google

အမြင်အာရုံဟာ လူတစ်ယောက်တစ်အတွက် အရေးအဆုံး အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။ မျက်စိရဲ့အမြင်အာရုံနဲ့ဘဲ အရာရာကို လုပ်နိုင်ကိုင်နိုင် ပြောနိုင်ဆိုနိုင်ကြတာပါ။ ဒီအမြင်အာရုံသာ ပျောက်ကွယ်သွားမယ်ဆိုရင် ဘ၀ပျောက်သလိုပါပဲ။ ဒါ့ကြောင့် မျက်စိကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

ယနေ့ခေတ်ကြီးထဲမှာ နည်းပညာတွေမြင့်လာတာနဲ့အမျှ မျက်လုံးကိုအထူးအားကိုး အသုံးပြုလာကြပါတယ်။ ကွန်ပျုတာတွေ လက်ပ်တော့တွေ၊ ဖုန်းတွေရဲ့ နည်းပညာတွေက မျက်လုံးကိုကြာကြာအသုံးပြုစေဖို့အတွက် ဆွဲဆောင်မှုတွေ ပြည့်နှက်နေပါတယ်။ လုပ်ငန်းခွင်မှာလည်း အသုံးပြုကြသလို၊ အိမ်ရောက်တော့လည်းအသုံးပြုကြတဲ့အတွက် မျက်လုံးရဲ့အားစိုက်ထုတ်မှုကို အရင်ခေတ်ထက်အများကြီးကွာခြားပါတယ်။ အခုတော့ မိမိရဲ့ မျက်စိကျန်းမာစေဖို့ လိုအပ်တဲ့ လုပ်သင့်တဲ့နည်းလမ်းလေးတွေကို ချပြပေးမှာပါ။

 

ဖြစ်ရခြင်း အကြောင်းအရင်းများ-

*ကွန်ပျူတာ၊ ဖုန်းတွေကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်း

*အလင်းစူးစူးများကို ကြာကြာကြည့်ရှုခြင်း

*အိပ်ရေးပျက်ခြင်း

 

*စိတ်ဖိစီးမှုများခြင်း

*မျက်ကပ်မှန်ကြောင့် ဖြစ်ပွားခြင်း

*ရေဓာတ်ခမ်းခြောက်ခြင်း

*နှာခေါင်းပိတ်ခြင်း

*အချိန်ကြာမြင့်စွာ စာဖတ်ခြင်း တို့ကြောင့်ဖြစ်တတ်ပါတယ်။

 

 

လက္ခဏာများ

*မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစားရတာ၊
*မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊
*မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

 

 

*အလင်းရောင်ကြည့်ရင် မှိုင်းတိုင်းတိုင်းဖြစ်တာ
*ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်

 

ကုသရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

 

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

 

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ အထက်ပါအကြောင်းအရာတွေက သင့်မျက်စိကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်တွေဖြစ်ပြီးဘ၀ရဲ့ အရေးကြီးတဲ့ အမြင်အာရုံတွေကို အကျိုးရှိစေဖိုဌာ မျှဝေပေးလိုက်ပါတယ်။

Ref : ကြယ်စင် Good Health

 

Read: ကျောက်တည်ခြင်းနဲ့ ဒူးဆစ်နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ ချင်းပြုတ်ရည်

ကျောက်တည်ခြင်းနဲ့ ဒူးဆစ်နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ ချင်းပြုတ်ရည်

Read times
Rate this item
(0 votes)