အဆစ်အမြစ်ရောင် ဝေဒနာရှင်များအနေနဲ့ ရောင်ရမ်းတာကို သက်သာစေမယ့် အစားအစာတွေကို အဓိကထားပြီး ရွေးချယ်စားသုံးပေးဖို့ လိုအပ်ပါတယ်။
စားသုံးသင့်သော ဆီအမျိုးအစားများ
ဆီဆိုရင်တော့ အများသိတဲ့အတိုင်း ပြည့်ဝဆီ (Saturated Fat) နှင့် မပြည့်ဝဆီ (Unsaturated Fat) ဆိုပြီး အဓိကနှစ်မျိုး ရှိပါတယ်။ မပြည့်ဝဆီ (Unsaturated Fat) မှာလည်း Monounsaturated Fatty Acid (MUFA) နှင့် Polyunsaturated Fatty Acid (PUFA) ဆိုပြီး နှစ်မျိုးရှိပါတယ်။
Monounsaturated Fatty Acid (MUFA) ကတော့ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) ကို တက်စေပါတယ်။ Polyunsaturated Fatty Acid (PUFA) ကတော့ Total Cholesterol ကို ကျစေပါတယ်။ ဆီတစ်မျိုးက ကျန်းမာရေးအတွက် ကောင်းမကောင်းဆိုတာ အဲဒီဆီမှာပါဝင်တဲ့ ပြည့်ဝဆီနှင့် မပြည့်ဝဆီပါဝင်တဲ့ အချိုးအဆပေါ် မူတည်ပါတယ်။
ဥပမာ-
၁။ သံလွင်ဆီ – ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး လူသိများတဲ့ ဆီတစ်မျိုးပါ။ တစ်နည်းအားဖြင့် Monounsaturated Fatty Acid (MUFA) ပါဝင်မှုအချိုးအစား များတဲ့အတွက်ကြောင့်ပါ။ ထို့ပြင် ရောင်ရမ်းခြင်းကို သက်သာစေတဲ့ Anti-inflammatory Action ရှိတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ Polyphenols Oleocanthal, Oleuropein, Hydroxytyrosol, Lignans တို့ ပါဝင်တဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ သံလွင်ဆီသုံးရင် သတိထားရမယ့်အချက်တွေကတော့ အဖုံးဖွင့်ပြီး ၆ လအတွင်း ကုန်အောင် သုံးပေးရပါမယ်။ ရေခဲသေတ္တာထဲ ထည့်သိမ်းစရာ မလိုပါ။ သံလွင်ဆီ (Extra Virgin Olive Oil) က အပူချိန် သိပ်မခံနိုင်တဲ့အတွက် ဖြစ်နိုင်ရင် ကြော်တဲ့နေရာမှာ မသုံးဘဲ အသုပ် (salad) တွေမှာ သုံးတာက ပိုပြီး အဆင်ပြေသင့်တော်ပါတယ်။
၂။ Canola Oil – ယခုနောက်ပိုင်း စူပါမားကက်တွေမှာ အလွယ်တကူ ဝယ်လို့ရလာတဲ့ Canola Oil ကလည်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ Monounsaturated Fatty Acid ရော Polyunsaturated Fatty Acid ပါ နှစ်မျိုးစလုံး ပါဝင်ပါတယ်။ Canola Oil ကို အသုံးပြုတဲ့နေရာမှာ သတိထားသင့်တဲ့အချက်ကတော့ အဖုံးဖွင့်ပြီး ၆ လအတွင်း ကုန်အောင် သုံးရပါမယ်။ အပူချိန် တော်တော် ခံနိုင်တဲ့အတွက်ကြောင့် ကြော်လှော်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။
၃။ Avocado Oil
၎။ Walnuts Oil
၅။ Grapessed Oil စတဲ့ ဆီတွေလည်း သုံးပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ရှားပါတယ်။
Source: ဒေါက်တာ ညီညီကျော်
Health Products Directory