What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 February 2019 16:43

လူရွှင်တော် ဒိန်းဒေါင် ဆေးရုံတင်ထားသော်လည်း ပြန်လည်သက်သာလာဟု ကောင်းကျော်ဆို

လူရွှင်တော်အသင်း (ရန်ကုန်)၏ ဥက္ကဌ ဟာသလူရွှင်တော် ဒိန်းဒေါင်သည်

နှလုံးအောင့်ရောဂါကြောင့် ရန်ကုန်မြို့ ပင်လုံဆေးရုံကြီး အခန်း ၁၄၃၃၊ ၃ လွှာ၌ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁နာရီခန့်က အရေးပေါ် ဆေးဝါးကုမှုခံခဲ့ရပြီးနောက် သက်သာလာပြီဖြစ်ကြောင်း လူရွှင်တော်အသင်း(ရန်ကုန်) ပြန်ကြားရေးမှူးလူရွှင်တော် ကောင်းကျော်က ပြောဆိုသည်။

 

''ကျွန်တော် ခုပဲဆေးရုံကနေပြန်လာနေတာပါ။အိမ်မှာနားနေရင်က ကောက်ခါငင်ခါ အသည်းရောင်တယ် အစာအိမ်လေးနည်းနည်းရောင်တယ်ပေါ့။နှလုံး နည်းနည်းရောင်သွားတယ်ပေါ့။ ဒါကြောင့် ဆေးရုံတင်လိုက်ပါ။

 

ခုကတော့ သက်သာလာပါပြီ။ဆေးရုံ မှာတော့ တစ်ရက်နှစ်ရက်နေရင်တော့ ကောင်း သွားမှာပါ။ကိုဒိန်းဒေါင်ကို စိတ်ပူပြီးတော့ မေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူးပါတယ်''ဟု ၎င်းကပြောဆိုသည်။

 

မတ် ၁ ရက်တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့်''လူလည်ကြီးများရွာ'' ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင်များဖြစ်သော အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အိချောပို ဗေလုဝ၊ ဆင်မ၊ ဇော်ဝင်းနိုင် စသည့်တိုနှင့်အတူ ဒိန်းဒေါင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

 

Source:myanmar.mmtimes

Health Products Directory

 

Read: ဘလူးဘယ်ရီသီး ပုံမှန်စားသူများ နှလုံးသွေးကြောရောဂါအန္တရာယ် လျော့ကျနိုင်

ဘလူးဘယ်ရီသီး ပုံမှန်စားသူများ နှလုံးသွေးကြောရောဂါအန္တရာယ် လျော့ကျနိုင်

Read times Last modified on Wednesday, 27 February 2019 11:38
Rate this item
(1 Vote)